မေးအသုံးပြုရာတွင်

ကျွန်တော်အားလုံးကို နုတ်ခွန်းဆက်သပါတယ်ခင်ဗျာ ကျွန်တော့မေးလေးဟာ
အခုဆိုရင် facebook သုံးပိုင်ခွင့် blogger သုံးပိုင်ခွင့် ပီးတော့
mail.mawcity.com ကနေ၀င်မယ့်အစား mail.google.com www.gmail.com စသော
Gmail ၀င်သောနေရမှ ၀င်ရောက်လို့ရသွားပါပီ တစ်ခုတော့ရှိပါတယ် အနောက်နားမှာ
Gtalk ၀င်သလိုမျိုး @mawcity.com ကိုတော့ထည့်ပေးရပါမယ် ရှေ့မှာ
မိမိရဲ့အကောင့်နာမည်ပေါ့ဗျာ ရိုးရိုးGmail တွေသုံးလို့ရတဲ့ နည်းတူ
အကုန်သုံးခွင့်ကို ရရှိခဲ့ပါပီဗျာ အဆင်မပြေပါက 7magic@mawcity.com
ကိုဆက်သွယ်လို့ရပါတယ် ယခုအခါတွင် Gmail တွေဟာ အကောင့်လုပ်ရတာ
အလွန်ခတ်ခဲနေပါတယ် အကယ်၍ လုပ်လို့ရခဲ့ရင်တောင် မေးပို့လိုက်ရင်
မေးပျက်သွားတာကို တွေ့ရှိရပါတယ် ကျွန်တော့်ရဲ့ မေးလေးကို အသုံးပြုလိုပါက
ဆက်သွယ်မေးမြန်းနိုင်ပါတယ် အခကြေးငွေယူထားခြင်းမရှိပါ ဒါပေမယ့် ကျွန်တော်
က အခကြေးငွေပေးပီး ၀ယ်ယူရပါတယ် ဒါပေမယ့်စေတနာသက်သက်ဖြင့်သာ
ပေးသုံးနေပါတယ် အဲ့ဒါကြောင့် ကျွန်တော် စည်းကမ်းလေးတစ်ခုပေါ့ဗျာ
ထုပ်ထားပါတယ် အကယ်၍ ကျွန်တော်ရဲ့ မေးကို သုံးလတိတိ အသုံးမပြုပါက
အခြားမေးများအသုံးပြုဖို့ရှိေ
နပါတယ် ဟု ယူဆ၍ ဖြတ်ပစ်ပါမည်
တစ်ချို့ကမေးကို အလကားရတိုင်း အတကုန်ရယူအသုံးပြုနေကြပါတယ် အဲ့ဒါကို
Google Server ကသိရှိသွားသောကြောင့် Gmail အကောင့် အသစ်ရယူခွင့်ကို
ပိတ်ပင်ခဲ့ပါတယ် မြန်မာနိုင်ငံ proxy ကိုသမင်သက်သက်
ပိတ်ပင်ထားခြင်းဖြစ်ပါတယ် သူများနိုင်ငံတွေမှာတော့
အကောင့်အသစ်တွေရနေပါတယ် အကယ်၍ သူများနိုင်ငံမှာ အသိရှိသူများ
အကူအညီတောင်း၍ Gamil အကောင့် အသစ်တစ်ခုကို ရယူနိုင်ပါတယ် ဒါပေမယ့်
မေးပို့ခွင့်ကိုမရပါဘူး မေးပို့လိုက်တာနဲ့ disable ဖြစ်သွားတာကို
ကြုံတွေ့နေရပါတယ် ဒါကြောင့် တကယ်မေးအကောင့်မရှိသူများကို ကူညီနေပါမယ်
ကျွန်တော့်ရဲ့ မေးလေးနဲ့ ယခုအချိန်တွင် အကန့်အသတ်ဖြစ်သာ
အသုံးပြုနေရပေမယ့် အသုံးပြုသူ များလာတာနဲ့ အမျှ ထပ်မံတိုး
ချဲ့ပေးဖို့ရှိပါတယ် ဘာကြောင့်လည်းဆိုတော့ မေးတစ်ခုကို ဖြတ်ပီး အခြား
နာမည်နှင့်မေးတစ်ခုကို ပြန်လုပ်လို့ရပါတယ် ယခုမေးလေးကို ကျွန်တော်
နောက်လအကုန်ကျရင် လေးနှစ်စာလောက် ငွေသွင်းမယ်လို့စဉ်စားထားပါတယ်
အဲ့ဒါကြောင့် နောက်လေးနှစ်အသွင်း ပျက်သွားခြင်းမရှိစေရပါဘူးခင်ဗျ
အဆင်ပြေကြပါစေဗျာ မှော်ဝင်မြို့

ကောလာဟလငါးပါးအကြောင်း

ကောလာဟလငါးပါးအကြောင်း
ကောလဟာလဟူသည် အုတ်အုတ်ကျက်ကျက် ဤသို့ဖြစ်တော့မည်တဲ့ဟု မဖြစ်မီကကြိုတင်၍ သတင်းစကား
တစ်ဦး နှစ်ဦးကစ၍ အများအပြားစုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလို
ပါသည်။
ဤအရာတွင် နောက်နောင်အခါ အမှန်မုချ ဖြစ်ပေါ်လာမည်ကို မဖြစ်ပေါ်မီဝေးလံစွာသော အချိန်ကာလ
ကြိုတင်၍ ရှေးပြေးနိမိတ်အနေဖြင့် လူအများစုရုံကာ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းမျိုးကိုသာ
ကောလဟာလ ဟူ၍ဆိုလိုသည်၊ထိုထိုမြို့ရွာစသည့်တို့၌ ရောက်တတ်ရာရာ အမှန်လည်းမဖြစ်လာနိုင်ပါပဲလျှက်
စကြာမင်း ပေါ်တော့မည်တဲ့ အစရှိသည်ဖြင့်အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို
ဆိုလိုသည်မဟုတ်။
လောက၌ ကြိုတင်၍ နိမိတ်ရှေ့ပြေးအနေဖြင့် ထိုအုတ်အုတ်ကျက်ကျက် ဖြစ်ခြင်း ကောလဟာလသည်-
(၁) ကပ္ပကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
(၄)မင်္ဂလကောလာဟလ
(၅)မောနေယျကောလာဟလ-ဟူ၍ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့တွင်

(၁) ကပ္ပကောလာဟလ

ကဗ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။ကဗ္ဘာပျက်လုနီးလာသော
အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိသော ကာမာဝစရနတ်တို့သည် နိမြန်းသောအဝတ်တို့ကို
ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော
အသွင်အပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်---
အချင်းတို့…. ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကဗ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊မဟာသမုဒ္ဒရာ
သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊ပထယီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည်
၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကဗ္ဘာဖြစ်လျှင်)မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍
ပျက်စီးကုန်လိမ့်မည်၊(လေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာတို့၏
တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကဗ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊အိုအချင်းတို့…သင်တို့
သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာတရားကိုပွားများကြကုန်လော့၊
ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို
ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်….
ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်းအစပြူ၍
ကဗ္ဘာကြီးပျက်တော့မည်တဲ့…ကဗ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ ဟူ၍ခေါ်ဆိုကြပါသည်။

(၂) စက္ကဝတ္တိကောလဟလ

လူ့ပြည်လောက၌(အရံကျွှန်းငယ်နှစ်ထောင်နှင့်တကွ ကျွှန်းကြီးလေးကျွှန်း လူ့ပြည်တဝှန်းလုံးကို သိမ်းကျူံး
အစိုးရသော စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်တဲ့ ဟုလူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို
စက္ကဝတ္တိ ကောလာဟလဟူ၍ ခေါ်ဆို၏။လူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်ကို ကြိုတင်
သိရှိကြကုန်သော လောကပါလ ကာမာဝစရနတ်တို့သည် သကြဝတေးမင်း မဖြစ်ပေါ်မီ နှစ်ပေါင်းတရာက
ကြိုတင်၍ လူတို့သွားလာရာခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျှက်…
အချင်းတို့…ဤနေ့မှနောက် နှစ်ပေါင်းတရာ စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ စကြဝတေးမင်း
ဖြစ်ထွန်းပေါ်ပေါက်လာ လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြ
ကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ စကြဝတေးမင်း ပေါ်တော့မည်တဲ့…စကြဝတေးမင်း
ပေါ်တော့မည်တဲ့ ဟူ၍ လူအများစုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းကို စက္ကဝတ္တိ
ကောလာဟလ ဟူ၍ ခေါ်ဆို၏။

(၃) ဗုဒ္ဓကောလာဟလ

လူ့ပြည်လောက၌ဘုရားပွင့်တော့မည်တဲ့ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကိုဗုဒ္ဓကောလာဟလ
ဟူ၍ခေါ်ဆို၏၊ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုလာတော့မည်ကို ကြိုတင်သိရှိကြကုန်
သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစား အဆင်တန်းဆာတို့ကို ဝတ်ဆင်ကြကုန်၍
ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိကြ
လျှက် ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြ
ကုန်လျက်…
အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတစ်ထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညူ
မြတ်စွာဘုရား ထင်ရှားပွင့်ပေါ်တော် မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင်
ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစုပြု၍ မြတ်စွာဘုရား ပွင့်တော်မှုတော့မည်
တဲ့… မြတ်စွာဘုရား ပွင့်တော်မှုတော့မည်တဲ့ ဟူ၍လူအများစုရုံးကာ နေရာအနှံ့ အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ဗုဒ္ဓကောလာဟလ ဟူ၍ ခေါ်ဆို၏။
(ဤဗုဒ္ဓကောလာဟလအရာ၌ ဘုရားမပွင့်မီ အနှစ်တစ်ထောင်က ကြိုတင်၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာ
၏ ဟူသော စကားကို ပွင့်တော်မှုလတံ့သော ဘုရားရှင်တို့၏ အသက်တမ်း ခေတ်အားလျှော်စွာ သာလျှင်
မိန့်ဆိုသောစကားဟူ၍ မှတ်သားရာ၏။ပွင့်တော်မငကြမည့် ဘုရားရှင်ဟူသမျှအတွက် အသက်တမ်းခေတ်ကို
မငဲ့ဘဲ မိန့်ဆိုသော သာမညစကားဟူ၍ မမှတ်သားရာ။ အကြောင်းကိုဆိုသော်…အသက်တမ်းရှည်သောခေတ်၌
ပွင့်တော်မှုကြသည့် ဒီပင်္ကရမင်းသား၊ကောဏ္ဍညမင်းသား၊မင်္ဂလမင်းသား စသည်တို့မှာ ဘုရားဖြစ်ရန် လူ့ပြည်
သို့သက်ဆင်း၍ လူအဖြစ်ဖြင့် မင်း၏စည်းစိမ် ချမ်းသာကို နှစ်ပေါင်းတစ်သောင်းခန့် ကိုးထောင်ခန့်စသည်
ကြာမြင့်အောင် ခံစံပြီးမှ တောထွက်၍ ဒုက္ကရစရိယာ ကျင့်တော်မှုကြကာ ဘုရားဖြစ်တော်မှုကြကုန်၏၊
ဗုဒ္ဓကောလာဟလမှာလည်းအစဦးစွာ နတ်ပြည်၌ ဖြစ်ပေါ်ပြီးမှ ထိုကောလဟလအရ စကြာဝဠာတိုက်သောင်း
ရှိနတ်ဗြဟ္မာ အပေါင်းတို့ အလောင်းတော်နတ်သားထံ ချဉ်းကပ်တောင်းပန်းကြမြဲဖြစ်၏။ထိုသို့တောင်းပန်ကြမြဲ
ဖြစ်၏။ထိုသို့တောင်းပန်၍ အလောင်းတော်နတ်သား၏ဝန်ခံချက်ကိုရမှသာ သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့ လူ့ပြည်
လောက၌ ဖြစ်ပေါ်ပြီးသည့်နောက် နှစ်ပေါင်း တစ်ထောင်မက ငါးထောင်မက နှစ်ပေါင်းတစ်သောင်းခန့်
ကိုးထောင်ခန့်ကြာမြင့်ပြီးမှ သက်တော်ရှည် မြတ်စွာဘုရားတို့ ပွင့်တော်မှုကြသဖြင့် ဗုဒ္ဓကောလာဟလ အတွက်
အနှစ်တထောင် ဆိုသောစကားကို ဘုရားရှင်တိုင်းအတွက် မိန့်ဆိုသောစကားဟူ၍ မမှတ်ယူဘဲ ဂေါတမမြတ်စွာ
ဘုရားကဲ့သို့ သက်တမ်းတိုးတော်မှုကြသော ဘုရားရှင်တို့အတွက်သာ မိန့်ဆိုသော စကားဟူ၍ မှတ်သင့်ပေ၏။)

(၄) မင်္ဂလာကောလာဟလ

မင်္ဂလာတရား၏ သဘောသွား အနက်အဓိပ္ပါယ်ကို အတိအကျအမှန်အတိုင်း မဆုံးဖြတ်နိုင်ကြဘဲလျက် သူတစ်မျိုး ငါတစ်မျိုး လူအများစုရုံကာ ဤအရာကို မင်္ဂလာတရားခေါ်၏၊ဤအရာကို မင်္ဂလာတရားခေါ်၏ ဟူ၍
မိမိတို့ထင်မြင်ရာ ကိုမင်္ဂလာတရားဟု အသီးသီး ပြောကြားကြကာ မင်္ဂလာတရားဟူသည် ဤအရာတဲ့ ဟူ၍
အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို မင်္ဂလာကောလာဟလ ဟူ၍ခေါ်ဆို၏၊ဤလူ့ပြည်လောက၌ မင်္ဂလာတရား
တော်ကို မြတ်စွာဘုရားဟောကြားတော်မှုလိမ့်မည်ကို ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည်
မင်္ဂလာတရားကို လိုလားတောင့်တကြသည့် လူတို့၏ စိတ်အကြံကို သိကြကုန်သဖြင့် မင်္ဂလာတရားကို
မြတ်စွာဘုရား မဟောကြားမီ တဆယ့်နှစ်နှစ်ကပင် ကြိုတင်၍ လူတို့သွားရာ ခရီးလမ်းမတို့၌လှည့်လည်ကြကုန်
လျှက်…..အချင်းတို့…ယနေ့မှနောက် တစ်ဆယ့်နှစ်နှစ် စေံရောက်သောအခါ မင်္ဂလာတရားကို မြတ်စွာဘုရား
ဟောကြားတော်မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏။
ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မင်္ဂလာတရားနှင့်စပ်၍ လူအများ စုရုံကာ နေရာအနှံ့အပြား
၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို မင်္ဂလကောလာဟလ ဟူ၍ခေါ်ဆိုကြသည်။

(၅) မောနေယျကောလာဟလ

မောနေယျအကျင့် ပဋိပတ်နှင့်စပ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မောနေယျကောလာဟလဟူ၍
ခေါ်ဆိုသည်။ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုမည်ကို ကြိုတင်သိရှိကြကုန်သော
သုဒ္ဓါဝါသဗြဟ္မာကြီးသည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစားအဆင်းတန်ဆာတို့ကို ဝတ်ဆင်ကြကုန်၍
ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွင်လန်း ယမ်းမြောက်သော
စိတ်ရှိကြကုန်လျက် ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရိးလမ်းမတို့၌
လှည့်လည်ကြကုန်လျက်…
အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ရဟန်းတော်တစ်ပါး မြတ်စွာဘုရား
ထံ ချည်းကပ်၍ မောနေယျအကျင့် ပဋိပတ်ကို မေးလျှောက်လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိ
လောက်ောအင် ကြွေးကြော်ကြကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မောနေယျအကျင့်
ပဋိပတ်ဟူသော စကားကို လူအများ စုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကခြင်းကို
မောနေယျကောလာဟလ ဟူ၍ခေါ်ဆို၏။ ဤအကြောင်းတို့သည် ကောလာဟလ ငါးမျိုးတို့တည်း၊

ကောသလမင်းကြီး၏အိပ်မက်(၁၆)ချက်

သိသောသူတွေလည်းများပါတယ် ဒါပေမယ့် မသိသောသူများအတွက်ပါ နည်းနည်းလေးရှားနေသလို ခံစားရပါတယ် ဒါကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ် ပုံလေးတွေပါပဲ ကြည့်ကြည့်လိုက်ပါ
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်းကြီးဟာ ထူးဆန်းတဲ့ အိပ်မက် (၁၆)ခုကို ဆက်တိုက်မြင်မက်သတဲ့။ အဲ့ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မြင်မက်ပြီးတဲ့နောက် ကောသလမင်းကြီး ဟာ အထိတ်တလန့် ရှိတာနဲ့ ဘုရားရှင်ဆီ သွားရောက်ကာ အိပ်မက်တွေရဲ့ အနက် အဓိပ္ပာယ်ကို မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က မင်းကြီးရဲ့အိပ်မက်တွေဟာ နောင်သာသနာတော် မှေးမှိန်ကွယ်ပျောက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေလို့ အောက်ပါအတိုင်း ကြိုတင် ဟောပြော ရှင်းလင်းပြခဲ့ပါတယ်။
ခဏစောင့်ပါခင်ည
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥဿဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
ခဏစောင့်ပါခင်ည
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တမ်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး၊ သားမက်၊ ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
ခဏစောင့်ပါခင်ည
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
ခဏစောင့်ပါခင်ည
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
ခဏစောင့်ပါခင်ည
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
ခဏစောင့်ပါခင်ည
(၁၁) အဖိုးတသိန်းထိုက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
ခဏစောင့်ပါခင်ည
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
ခဏစောင့်ပါခင်ည
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
ခဏစောင့်ပါခင်ည
(၁၆) ဆိတ်တို့သည် ကျူားသစ်ကို သတ်စားကြသဖြင့် ကျားသစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

ချစ်သူများနေ့ပေါ်ပေါက်လာပုံ

ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့လို့သတ်မှတ်ထားပါတယ် ။
ဒါ့ပြင်ပညာရှင်တွေကလဲ ဖေဖော်ဝါရီလဟာ
အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့
လတစ်လလို့ သတ်မှတ်ထားကြပါသေးတယ် ။ အဲဒီနေ့ကိုရောက်ပြီဆိုတာနဲ့
ကမ္ဘာအရပ်ရပ်က ချစ်သူတွေကအမှတ်တရချောကလက်လေးတွေ၊
ပန်းစည်းတွေအစရှိတဲ့ လက်ဆောင်တွေကိုလဲလှယ်ကြပါတယ်၊
ဒါပေမယ့်ဒီလိုနေ့လေးပာာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုတော့
သိရှိသူအလွန်နည်းပါးလှပါတယ် ။ ဒါ့ကြောင့်ကျွန်တော်ရှာလို့ရသမျှ ၊
ဖတ်မှတ်ထားသမျှတွေကို စုစည်းပြီး
တော့အားလုံးသိရအောင် တင်ပေးလိုက်ပါတယ် ။Picture

ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၁)
ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ရောမမြို
စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့်
စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြလို့ ချစ်သူရည်းစား မဖြစ်စေရ
အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော
ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန်
အမိန့်ထုတ်ခဲ့ကြပါတယ်။ နှလုံးသားရဲရင့်တဲ့ချစ်သူနှစ်ဦးကတော့ သူတို့၏
အချစ်ကို ချစ်တက်သူတွေအတွက်အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို
လက်ထပ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ ဘုန်းတော်ကြီး Valentineကလည်း
ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို
ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါတယ်။ ဒီအကြောင်းတွေကို ဘုရင်သိသွားတော့
ဘုန်းတော်ကြီး ကို ဖေဖေါ်ဝါရီ (၁၄)ရက်တွင် အဆုံးစီရင်လိုက်ပါတယ်။
ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို
ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့
ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။

Picture
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၂)
အခြားသမိုင်းကြောင်းတစ်ခုကတော့ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာ
လူပါကပ်စ်ဆိုတဲ့ နတ်ဘုရားကို အကြောင်းပြုပြီး
ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင်ခင်
ဖေဖော်ဝါရီလ၁၄ရက်နေ့မတော့ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ
လက်ထပ်ထိမ်းမြားခြင်းရဲ့ နတ်ဘုရားဖြစ်တဲ့ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့
ပွဲကျင်းပ ပါတယ်။ဖေဖော်ဝါရီ(၁၅)ရက်နေ့ရောက်တော့မှ နတ်ဘုရားဖြစ်တဲ့
လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာဖြစ်တယ်။ အဲဒီနေ့မှာတော့ အမျိုးသား
နဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားဆီနေခဲ့ကြရတယ်။
အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး
မဲအနှိုက်ခံရပါတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို
သူပေါက်တဲ့မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ
တစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံးအတူနေ
ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး
မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို
ကျင်းပပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဘာသာရေး
ဆိုင်ရာဘုန်းတော်ကြီးများက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်
ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို
ကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။

Picture ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၃)
ဒါ့အပြင်အချို့အချို့သောသူတွေကလည်း

ချစ်သူများနေ့ဆိုတာဧဒင်ဥယျာဉ်ထဲက
ပန်သီးကိုအာဒံကဧ၀အတွက်ဝင်ခူးပေးတဲ့နေ့

လို့လဲပြောကြပြန်ပါသေးတယ်။
အာဒံပာာနတ်ဆိုးတစ်ကောင်ရဲ့လှုံ့ဆော်မှုကြောင့်
ဘုရားသခင်တားမြစ်ထားတဲ့ပန်းသီးကို
ဝင်ခူးပြီးတော့ဧ၀ကိုကျွေးခဲ့ပါတယ်။
အဲဒီကတည်းကစလို့လူတွေမှာ

လဲအချစ်စိတ်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါ့ကြောင့်အာဒီပန်းသီးဝင်ခူးတဲ့နေ့ကို
ချစ်သူများနေ့လို့သတ်မှတ်ကြတယ်လို့လဲသိရပြန်ပါတယ်။
ဘယ်လိုပဲပေါ်ပေါက်ခဲ့ပါစေဒီနေ့ကမ္ဘာအရပ်ရပ်မှာတော့ချစ်သူများနေ့ကို
လူတိုင်းလက်ခံယုံကြည်နေကြပါတယ်။
ချောကလပ်နန်းတော် မှ ကူးယူတင်ပြပါသည် ။

Guitar Pro 5.2



Guitar သံစဉ်လေးတွေကို ပတ်ကား နုတ်လေးရေးပေးရုံနဲ့ သံစဉ်လေးတွေကို ထွက်ပေးနိုင်ပါတယ် ၀ါသနာပါရင် အသံလေးပါ သွင်းထားလို့ရပါတယ် ခွေကြမ်းလေး တစ်ခွေတော့ ထွက်အောင်လုပ်လို့ရပါတယ် Quality ကတော့ အကောင်းကြီး မဟုတ်ပါဘူး တူရိယာတွေကို လည်းစိတ်ကြိုက်ရွှေးချယ်လို့ရပါတယ် Guitar တစ်ခုထဲမဟုတ်ပဲ တခြား တူရိယာတွေကိုလည်း သုံးလို့ရပါတယ် အဓိကကတော့ နုတ်ရေးနည်းလေးကို တော့ သိဖို့လိုပါတယ် ။ ကဲစမ်းသုံးကြည့်ခြင်ကြရင်တော့ Download သာလုပ်သွားကြပေတော့ဗျာ ကီးပါတစ်ခါထဲထည့်ထားပေးပါတယ် ။ ဆိုက်ကတော့ 11MB ပဲရှိတာပါ တစ်ခုတော့ အကြံပေးပါရစေဗျာ မြန်မာနိုင်ငံကဆိုရင်တော့ Download Manager တစ်ခုခုကို သုံးပီးဆွဲရင် အဆင်ပြေပါတယ် နို့မို့ဆိုရင်တော့ လင့်ပျက်တာတို့ Software ကို Download ဆွဲပီးသွားတာတောင် သုံးလို့မရတာတို့ဖြစ်နိုင်ပါတယ် တခြား hosting ဆိုက်တွေကနေ မတင်ရတဲ့အကြောင်းအရင်းက မြန်မာက ကိုကို မမတွေ အတွက် ရည်စူးပါတယ် free hosting ဆိုက်တွေတော်တော်များများကို ဘန်းထားတာများလို့ပါ အဲ DOWNLOAD ကိုသာနှိပ်လိုက်ပါဗျာ ဆွဲရတာလွယ်ပါတယ်

လေလွှင့်နေဆဲ

လေလွှင့်နေဆဲ
သံစဉ်လေးတွေနဲ့ စိတ်ခံစာမှု
လေတွေအားပြုနေသော ပန်ကာလေးတစ်လုံး
လွမ်းဆွေးနေဆဲ ဖြစ်နေသော ငါ့နှလုံးသား
သွားလာနေသော လူတွေကြားမှာ ငါ.....
တိတ်တစ်ခိုးလိုက်ညည်းနေသော
သံစဉ်လေးတစ်ပုဒ် " I have a dream "
မျက်လုံးလေးထဲမှာ မြင်ယောင်နေဆဲဖြစ်သော
သွေးအေးသွားသော်လည်း မအေးနိုင်သေးတဲ့
သက်မဲ့နေသော နှလုံးသား
လေငြိမ်နေပေမယ့် လွှင့်နေသော
လွှင့်နေပေမယ့် လေငြိမ်နေသော
ဆန့်ကျင်ဘက်
စိတ်ရှိတိုင်း လွမ်းဆွေးတိုင်း
ရေးနေခဲ့သော စကားစုများ
မပြီးဆုံးနိုင်သော ငါ့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်
ကဗျာဆန်ဆန် ဟာသဆန်ဆန်
စာတစ်ခုမှာသာ ကျန်နေခဲ့ပါစေတော့လား