All Google Services

logo3w.png
အားလုံးကိုသိစေခြင်ပါတယ် Google ကပေးထားတဲ့ services တွေကိုပေါ့ဗျာ အကုန်လုံးကို Free ပေးထားပါတယ်
(1) https://www.google.com ဒါကတော့ တော်တော်များများကို သိရှိပြီးဖြစ်ပါတယ် Search Engines ဖြစ်ပါတယ်
(2) http://images.google.com ဒါကတော့ Google ကနေ ပုံတွေကို အလွယ်ရှာလို့ရတဲ့ Search Engines ပါပဲ
(3) http://video.google.com ဒါကတော့ Video တွေရှာတဲ့ လင့်ပါပဲ အရင်ကတော့ သုံးလို့မရပါဘူး ခုကတော့ အကုန်ပြန်ဖွင့်ထားပေးပြီးဖြစ်သောကြောင့် အသုံးပြုလို့ရနေပါပြီ
(4) http://maps.google.com မြေပုံတွေကိုရှာဖွေလို့ရပါတယ် တစ်ကမ္ဘာလုံးကိုပေါ့ဗျာ
(၅) http://news.google.com ဒါကတော့ သီတင်းတွေကြည့်ဖို့ပါ
(၆) http://www.google.com/prdhp?hl=en&tab=vf ဒီလင့်ကတော့ Shopping ပေါ့ဗျာ Credit ရှိရင်တော့ တစ်ခါထဲဝယ်ယူလို့ရပါတယ် မြန်မာနိုင်ငံအတွက်တော့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို လေ့လာလို့ရပါတယ်
(၇) https://mail.google.com ဒီလင့်ကတော့ Google Mail ပေါ့ဗျာ အားလုံးသိကြမှာပါ
(၈) http://translate.google.com ဒီလင့်ကတော့ ဘာသာပြန်ပေးတာပါ စာပိုဒ်တစ်ပိုဒ်ကို ထည့်လိုက်ပါ ဘာဘာသာဖြစ်ဖြစ်ပေါ့ဗျာ ပြီးတော့ ကိုယ်ပြောင်းခြင်တဲ့ ဘာသာကိုပြောင်းလို့ရပါတယ် မှတ်ချက် = မြန်မာစာ ကသိပ်ရှုပ်ထွေးလွန်းတော့ သူများနိုင်ငံတွေက မလေ့လာနိုင်တာကြောင့် မြန်မာစာမရပါဘူး နောက်ပိုင်းမှာတော့ရလာပါလိမ့်မယ် Google က ကြိုးပမ်းပေးနေပါပြီ
(၉) http://books.google.com ဒီလင့်ကတော့ စာအုပ်တွေရှာလို့ရပါတယ် တစ်ချို့ကတော့ ရောင်းတာပေါ့ တစ်ချို့လည်း free ပေးထားပါတယ် မြန်မာစာအုပ်တစ်ချို့လည်းရှိပါတယ်
(၁၀) http://www.google.com/finance?hl=en&tab=we ဒါကတော့ ကျွန်တော်လည်းမသိသေးပါဘူး သိသောသူများ ပြန်လည် မျှဝေပေးပါဗျာ mawcity@mawcity.com ကိုမေးလေးပို့ပေးပါနော်
(၁၁) http://scholar.google.com ဒီလင့်ကတော့ ကျောင်းတွေနဲ့ပတ်သတ်ပါတယ် နိုင်ငံတကာကျောင်းတွေပေါ့ဗျာ Online ကနေလည်း ကျောင်းတက်လို့ရပါတယ်
(၁၂) http://www.google.com/blogsearch?hl=en ဒီလင့်ကတော့ တော်တော်များများသိကြမှာပါ blogspot.com ဆိုတဲ့ဘလော့တွေကိုရှာလို့ရပါတယ် ခုနောက်ပိုင်းမှာ ဒါလေးကိုလည်း ပြန်ဖွင့်ပေးထားပါတယ်
အရင်ကတော့ ကျော်ခွပြီးသုံးရတာပေါ့ဗျာ ကိုယ်ပိုင်ဘလော့ကိုလည်း တည်ဆောက်လို့ရပါတယ် www.blogger.com ကနေ ကိုယ်ပိုင် blogspot.com ဆိုတဲ့ဆိုက်လေးကို တည်ဆောက်လို့ရပါတယ်
(၁၃) http://www.youtube.com ဒါကတော့ Video တွေအစုံအစုံရှိပါတယ် တော်တော်များများသိကြမှာပါ မသိတာတစ်ခုက Google ကလုပ်ထားပေးတဲ့ services တစ်ခုပဲဆိုတာကို မသိကြသေးတာဖြစ်မှာပါ အရင်ကတော့ သုံးလို့မရပါဘူး ခုနောက်ပိုင်းမှာတော့ပြန်ဖွင့်ပေးထားတဲ့အတွက် အသုံးပြုလို့ရနေပါပြီ
(၁၄) https://www.google.com/calendar?hl=en&tab=bc ဒီလင့်ကတော့ Google Calendar ဖြစ်ပါတယ် ဘယ်လိုအသုံးပြုရတာလည်းဆိုတော့ ကိုယ့်ရဲ့ အချိန်ဇယားပေါ့ဗျာ ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို မှတ်ထားလို့ရပါတယ်
(၁၅) http://picasaweb.google.com/home?hl=en&tab=bq ဒါလေးကတော့ကိုယ့်ဓာတ်ပုံတွေကို စုစည်းပြီး web photo album လေးတစ်ခုတည်ဆောက်ထားလို့ရပါတယ်
(၁၆) https://docs.google.com/?hl=en&tab=bo&authuser=0 ဒါလေးကတော့ Micorsoft Office သုံးဖူးသူတွေအတွက်ကောင်းပါတယ် အားသာချက် တော်တော်လေးကိုများပါတယ် ကိုယ်ပိုင် Folder လေးတွေစောင်ပြီး ကိုယ့်ရဲ့ data လေးတွေကို သိမ်းထားလို့ရပါတယ် အစုံပေါ့ဗျာ သိပ်ကိုကောင်းပါတယ်
(၁၇) https://sites.google.com ဒါလေးကတော့ ကိုယ်ပိုင် ဆိုက်လေးလုပ်ထားခြင်ရင်ပေါ့ဗျာ လန်းတယ်ဗျ သူများတွေလုပ်ထားတာရှိပါတယ် အဲ့ဒါကိုကောင်းကောင်းလုပ်တက်မယ်ဆိုရင်တော့ ကိုယ်ပိုင်ဆိုက်လုပ်ဖို့အတွက် ၀ယ်ဖို့ကိုမလိုတော့ပါဘူး
(၁၈) http://groups.google.com/grphp?hl=en&tab=bg ဒါကတော့ဗျာ Google မှာ Group ဖွဲ့ထားတာပေါ့ဗျာ ဥပမာ သူငယ်ချင်း ၅ ယောက်ဖွဲ့ထားမယ်ဆိုရင် သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အွန်လှိုင်းမှာ မတွေ့ခဲ့ရင် မှာစရာရှိတဲ့စကားတွေမှာခဲ့လို့ရတယ် ကျန်တဲ့ ၄ ယောက်ကို သိခြင်တာတွေကိုလည်း မျှဝေလို့ရတာပေါ့ဗျာ
(၁၉) http://reader.google.com ပါ သိပ်ကိုလန်းပါတယ် စာဖတ်ဝါသနာရှင်တွေနဲ့ နည်းပညာလေ့လာသူတွေ အတွက်အရမ်းကောင်းပါတယ် အသုံးပြုနည်းလေးကိုတော့ ဒီလင့်နားကနေ သွားကြည့်နိုင်ပါတယ်
(၂၀) http://www.google.com/alerts?hl=en ဒါကတော့ google Alerts ပေါ့ဗျာ ဒါလေးလည်းလန်းတာပဲ ကိုယ်သိခြင်တဲ့အကြောင်းအရာကို Alerts ပေးထားမယ်ဆိုရင် ကိုယ့်မေးထဲကို ၀င်လာမှာပါ
(၂၁) http://code.google.com/intl/en/ ဒါလေးလည်းလန်းပါတယ် ကိုယ်ပိုင် ဆိုက်ထောင်တဲ့သူတွေအတွက်အရမ်းကိုကောင်းပါတယ်
အားလုံးပဲ ဒီလောက်လေးနဲ့ရပ်ထားပါရစေ နောက်မှာ အသေးစိတ်ပြန်ရေးပေးပါမယ် အင်တာနက်သုံးတယ်ဆိုတာ ချက်နေတာကို ဆိုလိုတာမဟုတ်ပါဘူး လေ့လာမယ် မျှဝေမယ် ရယူမယ် ဖန်တီးမယ် အဲ့အဆင့်တွေကိုရောက် အောင်သုံးကြည့်ကြပါလို့ပြောခြင်ပါတယ် အခတ်အခဲတွေအတွက် mawcity@mawcity.com ကိုဆက်သွားမေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ဗျာ

**နတ်သမီးဖန်ဆင်းတဲ့ မှော်ဆရာလေးရဲ့ အလွမ်းဇာတ်လမ်း** အခန်း (၁၃)မှ(၁၅) အထိ

အခန်း (၁၃)
ဒီနေ့တော့ သူငယ်ချင်းတွေကို မခေါ်ဘဲ တစ်ယောက်တည်းထွက်လာခဲ့ပါသည်။
သူတို့ကိုလည်း အားနာနေပါသည်။ ဘယ်ကိုသွားရင် ကောင်းမလဲ စဉ်းစားရင်းနဲ့
သူနဲ့စတွေ့ခဲ့သော နေရာကိုပဲ သွားရန် ဆုံးဖြတ်လိုက်ပါသည်။
တစ်ကယ်ရောက်သွားတော့ ထိုနေရာတွင် ဘုရားပွဲဖြစ်နေပြီး
ဆိုင်ခန်းပေါင်းများစွာ ရှိနေပါတော့သည်။ တစ်ချိန်က တွေ့ခဲ့သော
နတ်သမီးကြွေဗေဒင် ကို လိုက်ရှာနေမိပါသည်။ စိတ်ထဲမှလည်း
ဒီလောက်ဆိုင်တွေအများကြီးကြားထဲမှာကွာ..
ဘယ်လိုရှာရပါ့မလဲ…ကိုယ်ကတွေ့ချင်သူဆိုတော့လည်း
တွေ့အောင်ရှာရမှာပေါ့လေ..ဟုတွေးပြီး ရှာရပါတော့သည်။ (မှတ်ချက်-
အဆိုပါနေရာသည် မြောက်ဥက္ကလာမြို့နယ်ရှိ မယ်လမုစေတီတော်ကြီး အနီးရှိ
ဘုရားရှေ့မှတ်တိုင်ဖြစ်ပါသည်။ စာရေးသူ)
ကျွန်တော်လည်း ရှာရင်း ရှာရင်းနဲ့ တွေ့လိုက်ရတော့…
နတ်သမီး
တားရော့ဗေဒင်
တစ်ကြိမ်မေး (၅၀၀) ကျပ်
ယုံကြည်အားကိုးမှ မေးပါ။
လို့ တွေ့လိုက်ရပြီး ဆိုင်ခန်းလေးနှင့် ဖြစ်နေပါသည်။ ဆိုင်ခန်းလေး
တည်ဆောင်ထားပုံကလည်း ရှေးခေတ်ဂျစ်ပစီတွေ ဗေဒင် ဟောတဲ့အခန်းလေးလို
ဖြစ်နေပါသည်။ ဟုတ်မှ ဟုတ်ရဲ့လား ဟူသော စိတ်ကလည်း ၀င်နေပါသည်။
ဝင်ကြည့်မယ်လေ ဟု စိတ်ထဲတွေးပြီးမှ ဖြစ်ချင်ရာဖြစ်ဟုလည်း
ထပ်တွေးမိပြန်ပါသည်။
အခန်းထဲရောက်တော့ ချက်ခြင်းတော့ ဘယ်သူ့ကိုမှ မတွေ့ပါ။ အသံပေးမှဖြစ်မယ်ဟု
တွေးပြီး..
"ဗေဒင်ဟောချင်လို့ပါ။ ဆရာရှိပါသလား"
"ဆရာ မရှိပါဘူး။ ဆရာမပဲ ရှိတယ်။"
"ဒါဆို ဗေဒင်ဟောလို့ရလား"
"မရဘူး..ဆရာမ အနားယူချိန်ပါ။ နေ့လည် (၂) နာရီမှ လာခဲ့ပါ။"
ဟုသော အသံကိုလည်း ကြားလိုက်ရပြီး ခပ်၀၀နှင့် အမျိုးသမီးကြီးတစ်ယောက်
ထွက်လာပါသည်။ နတ်သမီးတော့ မဟုတ်ပါ။ နတ်ထိန်းကြီးလားတော့ မသိပါ။
လေသံမာလိုက်တဲ့ နတ်ထိန်းကြီးပဲ..ဟုလည်း တွေးမိပါသည်။
အဲ့ဒါနဲ့ လိပ်ဥတူးမရတဲ့တူတူ ဘုရားသွားဖူးမယ်လို့ တွေးပြီး ဘုရားထဲသို့
လျှောက်သွားလိုက်ပါသည်။ ဘုရားကိုတော့
အားနာမိပါသည်။ဘုရားရှေ့တော်မှောက်ရောက်တော့…
ခွင့်လွှတ်တော်မူပါဘုရား..ဘုရားတပည့်တော်သည် မောဟအမိုက်နွံ့ထဲတွင်
ပျော်ဝင်နေပါသဖြင့် ဗုဒ္ဓမြတ်စွာဘုရား ၏ ရှေ့တော်မှောက်ရောက်နေသော်လည်း
ငြိမ်းအေးမှုအရသာ သန္တိသုခကို ခံစား၍ မရနိုင်သေးပါသဖြင့် သည်းခံခွင့်လွှတ်
တော်မူပါဘုရား။
ဟုသာ..တောင်းပန်မိပါတော့သည်။ ဟူး….နတ်သမီးရေ…ငါလည်း ရူးချင်နေပါတယ်..။
အင်း..မင်းဟာ..နတ်သမီးမှ ဟုတ်ပါလေစ..နတ်ဖုရားမများ ဖြစ်နေရော့သလား..။
ကျွန်တော်လည်း ပေတေပြီး နေ့လည် (၂)နာရိထိုးအောင် စောင့်နေရပါတော့သည်။
စိတ်ထဲမှာလည်း သူမှသူလို့ ထင်မြင်နေမိပါသည်။
တစ်ကယ်မဟုတ်ရင်..ကျွန်တော်လည်း ရင်မောရတာနဲ့ သေနိုင်ပါသည်။ နဘေးမှ
ဖြတ်လျှောက် သွားသော အရူးကြီးတစ်ယောက်ကလည်း
"တဏှာတွေကို ဖြတ်ကြ ဖြတ်ကြ..။ သံသရာမှာပြန်ပါလာမယ်။ အခုကတည်းက ရအောင်ဖြတ်"
ဟု အော်နေရာ..ကျွန်တော့်ကိုများ ပြောနေရော့သလားဟု ထင်မြင်မိပါသည်။ နေလည့်
(၂) နာရီထိုးရန်လည်း ၁၅မိနစ်သာလိုပါတော့သည်။ လမ်းကို
ဖြည်းဖြည်းလျှောက်သွားမယ်လေ..ဟုတွေးပြီး ထထွက်လာပါသည်။
ဆိုင်ခန်းရှေ့ရောက်တော့ အခန်းဝမှာလူများစွာ တွေ့ရပါသည်။ ကျွန်တော်လည်း
အခန်းထဲဝင်မလို့ လုပ်နေ တုန်းမှာ အပေါက်ဝနားက အမျိုးသမီးများက
တန်းစီပါ..တုံကင်ယူပါ ဟု ၀ိုင်းအော်ပါတော့သည်။ ကျွန်တော်လည်း
ပြာပြာသလဲနှင့်
"ဟုတ်ကဲ့ပါ။ယူပါ့မယ်"
လို့ပြောပြီး အပေါက်ဝက ၀၀နှင့် နတ်ထိန်းကြီးထံမှာ
တုံကင်တောင်းယူရပါတော့သည်။ နံပါတ်ကိုကြည့်လိုက်တော့
(၂၄)….စိတ်ညစ်သွားပါသည်။ ဗေဒင်မေးချင်သူတွေ အဲ့လောက်ပဲ များသလားဗျာ..ဟု
ငြိုငြင်မိပါသည်။ စိတ်ထဲမှလည်း အစောကြီးရောက်တုန်းကတော့ ငါ့ကို
တုံကင်မပေးဘူး လို့တွေးပြီး နတ်ထိန်းမကြီးကို စိတ်ထဲမှ ကျိန်ဆဲမိပါသည်။
"စိတ်ပုတ် စိတ်ယုတ်ကြီး..ဂုတ်စာမကြီး။ နတ်သမီးရောင်ကြောင့်
နတ်ထိန်းပြောင်နေတာ..ဟွန်း"
တော်တော်ကြာအောင်စောင့်နေရပါသည်။ ၁နာရီကျော်ကြာတော့မှ…
"တုံကင်နံပါတ် - ၂၄ ၀င်လို့ရပါပြီ။"
"ဟားးးးးးးးး ငါ့အလှည့်ရောက်ပြီကွ"
အခန်းထဲသို့ အားရ၀မ်းသာဝင်နေသော ကျွန်တော့်ပုံကိုကြည့်ကာ ဘေးမှ
အမျိုးသမီးများက နှာခေါင်းရှုံ့ကြပါသည်။
အရေးစိုက်စရာမလိုပါ..။ နတ်သမီးနှင့်တွေဖို့သာ လိုအပ်ပါသည်။
အခန်းထဲရောက်သွားတော့ ကျွန်တော် မျှော်လင့်နေသော နတ်သမီး ဟုတ်နေပါသည်။
သူမကတော့ တည်ငြိမ်သော မျက်နှာထားနှင့်..လက်တစ်ဖက်ကို ဆန့်တန်းရင်း..
"ထိုင်ပါ"
"ဟုတ်ကဲ့.."
"ဘာမေးချင်တာလဲ..ပြောပါ။"
"ဟိုလေ..နတ်သမီးနဲ့တွေ့ချင်လို့..အဲ့ဒါ တွေ့ခွင့်ရမလား..သိချင်လို့ပါ။"
"ကဒ်ချိုးလိုက်ပါ။"
"ဗျာ..နတ်သမီးနဲ့တွေ့ဖို့ ကဒ်ချိုးရဦးမှာလား။"
"ဒါကတော့ တားရော့ရဲ့အလိုတော်အတိုင်းပါပဲ"
"ဟင်…ဘုရားသခင်ရဲ့အလိုတော်အတိုင်းလည်း မဟုတ်ဘူး။ဘယ်လိုကြီးလဲ"
"ကဲ..ရှင် တားရော့မေးမလို့လာတာမဟုတ်ဘူးလား။"
"မဟုတ်ဘူး..။နတ်သမီးနဲ့တွေ့ချင်လို့ လာတာ..။ခင်ဗျား..မှ ခင်ဗျားအစစ်.ဟုတ်တယ်။"
ထိုအခါ နတ်သမီးက စိတ်မရှည်သော အသံနှင့် …
"တားရော့မေးဖို့လာတာမဟုတ်ရင်ပြန်တော့.."
"မ..မ ..မဟုတ်ပါဘူး။ မေးမလို့လာတာပါ။"
"ဒါဆိုမေး"
"ကျွန်တော့်ချစ်သူနဲ့ကျွန်တော် ဘယ်နေ့မှာ ချစ်သူဖြစ်ခွင့်ရမလဲ။ကျွန်တော်
ကဒ်ချိုးလိုက်တော့မယ်နော်"
လက်က ကဒ်တွေကို ကိုင်မလို့လုပ်နေစဉ်..
"နေဦး"
"ရှင်မေးတာ မတိကျဘူး။ ရှင့်မှာ ချစ်ရမယ့်သူရှိလို့လား"
"ရှိတယ်..ခင်ဗျားပဲ..။"
"ရှင် ထွက်သွားတော့"
ဟူသော စကားအဆုံးမှာ နတ်ထိန်းကြီးက လာရောက်ဆွဲခေါ်သွားပါသည်။
တော်တော်သန်တဲ့ဟာမကြီးပဲ။ ကျွန်တော်လည်း ကန့်လန့်ကန့်လန့်နှင့်
အပြင်ရောက်သွားပါတော့သည်။
အပြင်ရောက်သွားတော့ အားလုံးက ၀ိုင်းကြည့်နေကြပါသည်။ ကျွန်တော်လည်း
နည်းနည်းရှက်လာပါသည်။ စိတ်ထဲ တော့ သိပ်မကျေနပ်ပါ။ မတွေ့ရမချင်း မပြန်ဟု
စိတ်ထဲမှာတွေးပြီး လူအားလုံးကုန်အောင် စောင့်နေပါတော့သည်။လူ အားလုံး
ကုန်တော့ ည (၁၁)နာရီကျော်နေပါပြီ။
လူကုန်တော့ မပြောမဆို ကျွန်တော် ၀င်လိုက်ပါသည်။ နတ်သမီး
လို့ခေါ်လိုက်တော့ ဆက်ကနဲ လှမ်းကြည့်လိုက် ပါသည်။ ကျွန်တော့်ကို မြင်တော့
သူမက
"ထိုင်ပါ..အပြင်မှာရှိနေမှန်း ကျွန်မသိပါတယ်"
"သိမှပေါ့..ခင်ဗျားက နတ်သမီးပဲကိုးဗျ။"
"မဟုတ်ပါဘူး။ မှားနေပြီ။ ကြီးကြီးကပြောထားလို့သိနေတာပါ။"
"ခင်များ သိနေတာ မဟုတ်ဘူးလား။"
"နေရာတကာ သိနေရအောင် နတ်မျက်စိမှ မရှိတာ.."
"မပြောပဲ သိနေတာမဟုတ်ဘူးလား။"
"ကျွန်မက ဗေဒင်ဆရာမပါ။ နတ်မျက်စိပညာရှင်မဟုတ်ဘူး။ ရှင်ဘာလို့
ကျွန်မကိုလာနှောက်ယှက်နေတာလဲ"
"မနှောက်ယှက်ပါဘူး။ ကျန်သေးတဲ့ စကားတစ်ခွန်းကိုလာတောင်းတာ.."
"ဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့ တစ်လကျော်လောက်ကလေ..ဒေါ်နတ်သမီးက ကြွေဗေဒင်ဟောတုန်းကလေ..။
(၃)ခွန်း ၅၀၀ ဆိုတုန်းကလေ.။ကျွန်တော်က ၅၀၀ ပေးပြီးမေးတာ (၂)
ခွန်းပဲဖြေပြီး တစ်ခွန်းကို အကြွေးချန်သွားပြီး
နောက်တစ်ခေါက်မှမေးဆိုလို့ လာမေးတာလေ.."
"သေချာတယ်..ရှင်လူမှားနေပြီ။ကျွန်မ တစ်ခါမှ ကြွေဗေဒင် မဟောဖူးဘူး။"
"ဟာဗျာ..ခင်ဗျား မညာပါနဲ့။ကျွန်တော် ဒီရုပ်ဒီမျက်နှာကို မှတ်မိပါတယ်။"
"ဘယ်နားမှာတွေ့ခဲ့တာလဲ"
"ဟာဗျာ…ဟိုးရှေ့နားက မှတ်တိုင်ဘေးနားက စာကြည့်တိုက်လေးရှေ့မှာလေ.."
"အင်း..ကျွန်မ သိပြီ။ အဲ့ဒါ ကျွန်မတော့မဟုတ်ဘူး။ဒါပေမယ့် ကျန်ခဲ့တဲ့
အကြွေး တစ်ခွန်းကို ကျွန်မဖြေပေးမယ်"
"ရှင် မေးချင်တာမေးပါ"
ဆိုပြီးတော့ တားရော့ကဒ်များကို ကျွန်တော့်ရှေ့မှာ ဖြန့်ခင်းလိုက်ပါတယ်။
ကျွန်တော်လည်း ကဒ်တစ်ကဒ်ကို ဆွဲထုတ်ပြီး သူမရှေ့သို့ချထားကာ…
"စိတ်မဆိုးပါနဲ့..အဲ့တုန်းကတွေ့ခဲ့တာ ကျွန်တော့်ချစ်သူဖြစ်လာမယ့်သူလား။
သိချင်တယ်။ ဟုတ်၊မဟုတ်ပေါ့"
ကဒ်ကို လှန်ကြည့်လိုက်ပြီး သူမက..တစ်ခွန်းတည်းပြောလိုက်ပါသည်။
"ဟုတ်တယ်..ဖြစ်လာမယ့်သူ။ ဒါပေမယ့် အခုရှင်ပြန်တော့။"
လှိုက်ကနဲ ပျော်ရွှင်သွားပါသည်။ ဒါပေမယ့် ကျွန်တော်ရင်ထဲမတော့
မရှင်းလင်းပါ။ ထပ်မေးရန် ကြိုးစားနေစဉ်မှာ..
"ဒီနေ့အတွက် ကျွန်မနားလိုက်ပြီ။ ကျွန်မပင်ပန်းနေပြီ။ ရှင် ပြန်ပါတော့။"

အခန်း (၁၄)
တစ်ခုခုတော့ လွဲချော်နေသလိုခံစားရပါသည်။ နတ်သမီးနဲ့ ဗေဒင်ဆရာမလေးနဲ့က
အတူတူလား.. တစ်ယောက်စီလား..။ကျွန်တော်ကတော့ အူတူတူဖြစ်နေပါပြိ။
အကြွေးကိုကျတော့လည်း ပြန်ဆပ်တယ်။ သူမဟုတ်ဘူး လည်းပြောတယ်။
အရင်ကတွေ့ခဲ့တဲ့သူက သူမဟုတ်ရင်…..ဘယ်သူလဲ..။ ဘာကြောင့် တားရော့ဆရာမလေးက
ဖြေပေးတာလဲ…။
ဆက်စပ်မှု တစ်ခုခုတော့ရှိရမည်။
(၁) ကြွေဗေဒင်ဟောသော..နတ်သမီး
(၂) တားရော့ဟောသော နတ်သမီး
(၃) ဖုန်းထဲက နတ်သမီး…
နတ်သမီးတွေ များလိုက်တာနော်..။ငါလည်း ကောင်းကင်ဘုံမှာ
ဗိမ္မာန်ထွန်းနေပြီလားမသိဘူး။ စိတ်ညစ်လိုက်တာ..။ ဖုန်းထဲကနတ်သမီးက
ကြွေဗေဒင်ဟောသော နတ်သမီးကို သိသည်။ တားရော့ဟောသော နတ်သမီးကလည်း ကြွေဗေဒင်
ဟောသော နတ်သမီးကို သိသည်။ ကြွေဗေဒင်ဟောသော နတ်သမီး နှင့်
တားရော့ဟောသောနတ်သမီးများကတော့ ဖုန်းထဲက နတ်သမီးကိုမသိပါ။ ဖုန်းထဲက
နတ်သမီးကျတော့ ကြွေဗေဒင်ဟောသောနတ်သမီးကိုရော..တားရော့ဟောသော
နတ်သမီးကိုရော..သိနေသည်။
ဖုန်းထဲကနတ်သမီးကိုလည်း ရှာဖွေလို့မရသေးပါ။ ကြွေဗေဒင်ဟောသောနတ်သမီး
ပျောက်နေသည်။ အခုတွေ့ရတာ က တားရော့ဟောသောနတ်သမီး…။ ချစ်သူ ဖြစ်လာမည့်သူက
ကြွေဗေဒင်ဟောသော နတ်သမီး။
ဘာတွေလဲတော့ မသိပါ..။ ရှုတ်ရှက်ခက်နေပါသည်။ ဒီတစ်ခေါက်တော့
ကိုကိုမှော်ဆရာ တိုင်ပတ်ရင်း ရွာလည် နေပါသည်။ အပွဲပွဲနွဲလာသမျှ
ဒီတစ်ပွဲတော့ ကွဲပြီထင်ပါသည်။
ကျွန်တော်လည်း ပြန်လာသော လမ်းမှာ စိတ်ပါလက်ပါကြီးကို ဟစ်အော်လိုက်ပါသည်။
ဖုန်း - တား - ကြွေ
ပြီးတော့မှ ဖြစ်ချင်တာဖြစ်အော်ရင်းတွေးလိုက်ပါသည်။
ဖုန်းထားတာတွေ…တားမြစ်တယ်…နတ်သမီးရယ် ကြွေပါတော့..။ မှော်ဆရာ ရူးနေပြီ။
မှော်ဆရာလေး ရူးနေပြီ….နတ်သမီးနဲ့တွေ့ချင်သည်။
အိမ်ကိုပြန်ရောက်တော့ သူငယ်ချင်းများရော..ဖေဖေနှင့်မေမေ တို့ပါ
မအိပ်သေးဘဲ စောင့်နေကြပါသည်။ ကျွန်တော့် ကို တွေ့လိုက်တော့ အမေက
ဝမ်းသာစွာ မျက်ရည်ကျပါသည်။ သူငယ်ချင်းများက စိတ်ပူစွာမေးပါသည်။အဖေကတော့
အနည်းငယ်ဆူပြီး အိမ်ထဲဝင်သွားပါသည်။
သူငယ်ချင်းများက ပန်းခြံလေးထဲရှိ ခုံတန်းလေးပေါ်သို့ ဆွဲခေါ်သွားပြီး
တစ်နေကုန် ဘာတွေလုပ်နေလဲ မေးကြပါ တော့သည်။ ကျွန်တော်လည်း
တွေ့ခဲ့သမျှ..ကြုံခဲ့သမျှကို ရှင်းပြလိုက်ရာ….သုံးယောက်စလုံး
နားတွေ..မျက်စိတွေ လည်ကုန် ပါသည်။ ကျွန်တော့်ကိုလည်း အရူးကို
ဝိုင်းကြည့်သလို ကြည့်နေကြပါသည်။
အဲ့ဒါနဲ့ သူငယ်ချင်းသုံးယောက်စလုံး
အိမ်မပြန်ကြတော့ပဲ..ကျွန်တော့်အိမ်မှာပဲ အိပ်လိုက်ကြပါတော့သည်။ထိုညတွင်
သူငယ်ချင်း သုံးယောက်စလုံး တက်ညီလက်ညီ ဆိုသော သီချင်းတစ်ပုဒ်ကတော့
နတ်သမီးပုံပြင် သီချင်းဖြစ်ပါသည်။
ပုံပြောကောင်းသော နတ်သမီး
ဟား..ဟုတ်ပြီ..အသံ။ ဟုတ်တယ်..အသံ။ ဖုန်းထဲက အသံနှင့် တားရော့ဟောသော
ဗေဒင်ဆရာမအသံ..။ တစ်ချိန် တုန်းကကြားခဲ့ရသော..ကြွေဗေဒင်ဟောသော နတ်သမီး
အသံ..။ ဘယ်အသံတွေက တူနေလဲ..ပြန်ဆန်းစစ်ရပါမည်။
သူငယ်ချင်းများကို အားရ၀မ်းသာပြောလိုက်တော့ အားလုံးက တက်ညီလက်ညီပါပဲ…
" အဲ့ဒီအသံကို မကြားရမချင်း မင်းအိမ်ကနေမပြန်တော့ဘူး "
" သေပြီ ဆရာ "
" ဟား ဟား ဟား ။ပျော်တယ်ဟေ့။ "
အဲ့ဒီညက အိပ်မရပါ..။ ဖုန်းလည်းမလာပါ..။ သူငယ်ချင်းများကတော့
တစ်ခုပြိးတစ်ခု မေးနေပါတော့သည်။
ကျွန်တော့်ကျရှုံးခန်းကို ကျွန်တော် မြင်နေရတာ မသက်သာလိုက်တာ..။
အွန်လိုင်းပေါ်မှာ မေးခဲ့ဖူးသော USER တွေသာမြင်ရင်..အံ့သြသွားမလားဘဲ။
ကျွန်တော် အိပ်မရအောင်ကို ငယ်ဖော်တွေက နှောက်ယှက်နေပါတော့သည်။
ဝဋ်ရှိသရွေ့တော့ခံရဦးမှာပေါ့လေ..။
နတ်သမီး..ရေ.ငါတော့ ဒုက္ခတွေ့နေပြီ…. နင်ဘာတွေလုပ်နေလဲဟင်..။

အခန်း (၁၅)
မင်္ဂလာပါ..။ ဒီတစ်ပတ်တာဝန်ကျတဲ့ ကိုကိုမှော်ဆရာလေး နတ်သမီးရှာပုံတော်
ဖွင့်နေပါသဖြင့် လာရောက် လက်ခံ တွေ့ဆုံနိုင်ခြင်း မရှိတာကို
သည်းခံခွင့်လွှတ်ပေးစေလိုပါတယ်ခင်ဗျာ..။ မေးခွန်းများကိုတော့ အရင်အတိုင်း
မေးမြန်းထား နိုင်ပြီး အချိန်တိုအတွင်းမှာ
ပြန်လည်ဖြေကြားပေးပါမယ်..ခင်ဗျာ..။
ဒီနေ့လက်ခံတွေ့ဆုံပြောကြားပေးမည့်သူကတော့ ကျွန်တော်..တင့်ဆန်း၊ မင်းကို
နှင့် ကျော်စွာ တို့ဖြစ်ပါတယ်။ မေးတဲ့နေရာမှာတော့ ကိုကိုမှော်ဆရာလေး
အမည်ဖြင့်မေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။
မင်းကျော်နိုင်။ ။ မင်္ဂလာပါ..အကိုတို့။ ဆရာမှော်
မှော်ရုံတောထဲဝင်သွားတာလားခင်ဗျာ..။
ကိုကိုမှော်ဆရာ။ ။
ဟုတ်ပါတယ်..။မှော်ရုံတောထဲမှာနတ်သမီးဖမ်းစားမှုကိုခံနေရပါတယ်။
ကျွန်တော်တို့ လည်း မကူနိုင်သေးပါဘူး။ စောင့်တော့ကြည့်ပေးနေပါတယ်။
အခြေအနေကောင်းမယ်လို့ ထင်ပါတယ်။
မင်းကျော်နိုင်။ ။ လက်ရှိအခြေအနေကိုလည်း သိချင်ပါတယ်။
ကိုကိုမှော်ဆရာ။ ။ စိတ်ချပါ။ အကောင်းကြီးရှိနေပါသေးတယ်။
မင်းကျော်နိုင်။ ။ကောင်မလေးနာမည်က နတ်သမီးလား။ ချောလား..။ တွေ့ရော တွေ့နေပြီလား။
ကိုကိုမှော်ဆရာ။ ။တွေ့တော့တွေ့နေပါပြီ..။ဒါပေမယ့် တစ်ယောက်တည်း မဟုတ်ဘဲ
(၃)ယောက်တောင် ဖြစ်နေပါတယ်..။
မင်းကျော်နိုင်။ ။ ဗျာ…။
မာလာ။ ။ ဆရာတို့ရေ.. မှော်ဆရာလေးက အဲ့လိုဆိုရင်..နိုင်ပါ့မလားရှင်..
ကိုကိုမှော်ဆရာ။ ။ စိတ်မပူပါနဲ့ မမာလာရေ..။
မီးများမီးနိုင်..ရေများရေနိုင်တဲ့။ ကျွန်တော်တို့ အရေးပေါ်ကား
ကြိုငှားထားပါတယ်။ မှော်ဆရာလေးပဲဗျာ..။မပူပါနဲ့နော်။
မာလာ။ ။ ဆရာတို့လည်း ၀ိုင်းကူပါဦးရှင်…ဆရာမှော် အချစ်စစ်နဲ့တွေ့ပါစေ
လို့ဆုတောင်းပေး ပါတယ်။ နောက်အပတ်မှတွေ့ပါတော့မယ်။ ကျေးဇူးပါရှင်.။
ကိုကိုမှော်ဆရာ။ ။ ဟုတ်ကဲ့ပါ။
သူဇာအောင်။ ။ ဆရာမှော်..နောက်အပတ်ကျရင်ကော လာနိုင်ပါ့မလား..အကိုတို့။
ကိုကိုမှော်ဆရာ။ ။လာနိုင်ပါတယ်..စိတ်ချပါ။ ကျွန်တော်တို့ အဲ့ဒါတော့
လုပ်ပေးနိုင်ပါတယ်။

ဒီနေ့တော့ ဆရာမှော်တက်မလာနိုင်လို့ မေးတဲ့သူတောင် သိပ်မရှိတော့ပါ။
ကျွန်တော်တို့လည်း ကြိုးစားဖြေပေး
ပါသည်။ ဒါပေမယ့် သူ့ ပရိသတ်ကတော့ ကျေနပ်ပုံမရပါ။ ထိုအချိန်တွင် မင်းကို က
ကျန်သောသူနှစ်ယောက်ကို..
"ဘယ်လိုလုပ်ကြမလဲ။ သူ့ ပရိသတ်က သူမှသူပဲဖြစ်နေတာ.."
"မတက်နိုင်ဘူးကွာ..ထားလိုက်တော့..။ Program ပျက်မသွားရင် ပြီးတာပဲ။"
"အေးလေ..မှော်ဝင်မြို့ထဲမှာ ဒီလောက် ပရိသတ်အင်အားက သူ့ဘက်မှာ
ရှိနေလိမ့်မယ်လို့ မထင်ဘူး။"
"ထားလိုက်တော့ ကျော်စွာ..ထားလိုက်တော့။ ငါတို့ဘယ်လိုကူကြမလဲ…ပြည့်စုံကို.."
သက်ပြင်းကိုယ်စီချလိုက်ကြပါသည်။ ပြီးမှ…
"မတက်နိုင်ဘူး"
"တစ်ခုခုတော့ လုပ်ရတော့မယ် ထင်တယ်"

နောက်အပတ်မှ ဆက်ဖတ်ပါရန်..
ကိုကိုမှော်ဆရာလေး (ခ) နန်းညွန့်ဦး

( ၉၆ ) နာရီကျင့်စဉ်

၁။ မေတ္တာကြီးမားဖို့ဖြစ်စေ၊ အောင်မြင်ဖို့ဖြစ်စေ…..ရင်းဝံ့ပါစေ။
၂။ မိမိကိုယ်ကို မိမိတန်ဖိုးထားပါ။ သူတစ်ပါးကိုလည်းတန်ဖိုးထားပါ။
၃။ မိမိလုပ်သမျှ တန်ဖိုးထားပါ။ တာဝန်ယူပါ။
၎။ မှားနေပြီဟုသိလျှင် ချက်ခြင်းပြင်ပါ။
၅။ မှားနေကျအမှားကို ဘိန်းစွဲသလို ထပ်ကာထပ်ကာမမှားစေနဲ့။
၆ နေ့စဉ် အချိန်အတော်ကြာကြာ တစ်ယောက်တည်းနေပါ။
၇။ အပြောင်းအလဲကြုံရရင် မျက်မှောက်မကြုတ်ပါနဲ့။
၈။ ရေငုံနှုတ်ပိတ်နေလိုက်တာဟာ….တစ်ခါတစ်လေမှာအကောင်းဆုံးအဖြေပါ။
၉။ အလကားနေရင်း အားနေရင်….မှားနေပြီဟုမှတ်။
၁၀။ အသက်ကြီးတဲ့အခါအတိတ်ကို ပြန်တွေးပြီး ပီတိဖြစ်နိုင်ဖို့
..အမည်ကောင်းဖြင့် ကိုယ့်သမိုင်းကိုရေးပါ။
၁၁။ အိမ်မှာနေရတာ နှစ်သက်ဖွယ်ရာရှိမှ သင့်ရဲ့အိမ်ဟာ သင့်ဘ၀တက်လမ်းအတွက်
အခြေခံအုပ်မြစ်ဖြစ်မယ်။
၁၂။ ချစ်ခင်သူနှင့်အငြင်းပွားရင် လက်တလောကိစ္စကိုပဲပြောပါ။ အတိတ်က
မဆိုင်တဲ့အကြောင်းအရာတွေ ဆွဲမထည့်ပါနဲ့။
၁၃။ သင်သိသမျှ မျှဝေပေးပါ။
၁၄။ မြေကမ္ဘာကို ယုယကြင်နာပါ။
၁၅။ တစ်နှစ်တစ်ခါ သင်တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာကိုသွားလည်ပါ။
၁၆။ လိုချင်တာကို မရလိုက်တာဟာ တစ်ခါတစ်လေမှာ ကံကောင်းတာလို့မှတ်ပါ။
၁၇။ လိုချင်တာကို ရလိုက်တာအတွက် အကုသိုလ်ဘယ်လောက်လေးသွားသလဲတွက်ပါ။
၁၈။ တစ်ဦးနှင့်တစ်ဦးဆက်ဆံရေးဟာ အကျိုးလိုလို့ ညောင်ရေလောင်းနေတာထက်
ချစ်မြတ်နိုးတဲ့ ဆက်ဆံရေး ဖြစ်ပါစေ။
၁၉။ အသေးအမွှားကို အငြင်းပွားရတာကြောင့် အရေးကြီးတဲ့ ဆက်ဆံရေးမပျက်စေနဲ့။
၂၀။ ဘာကိုဘဲလုပ်လုပ် ကောင်းအောင်လုပ်။

ကြိုးစားကြည့်ကြပါနော်..။ သာယာလာပါလိမ့်မယ်။
ခင်မင်လျှက် နန်းညွန့်ဦး
Email;kokohmawsayarlay@mawcity.com

ဓါတ်ပုံလေး

မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ

တယုတယ သိမ်းထားတဲ့ ဓါတ်ပုံလေး

ထုတ်ထုတ်ကြည့်ဖြစ်တယ်…

တောင့်တတိုင်း

တောင့်တတိုင်း ရွဲနစ်

မျက်လုံးအိမ်ထဲကမျက်ရည်တွေ

ဓါတ်ပုံလေးက ငါ့ကို တွေရီငေး

ငါက ဓါတ်ပုံလေးကို တွေရီငေး

လွမ်းတယ်။  

 

နန်းညွန့်ဦး

Email : kokohmawsayarlay@mawcity.com

မျှော်လင့်ခြင်း(၅)

အပြင်မှာ ရနံတွေချိုနေပြန်ပြီ….ချောငယ်။

တွေးမိနေတဲ့ စိတ်ကူးတစ်စုံ

ရန်ခုန်အောင် သူမလုပ်နိုင်ခဲ့ဘူး။

မျှော်လင့်ခြင်းကောင်းကင်တွေ..

ငါ့အလှည့်ကျမှ ဖူးပွင့်ခွင့်မကြုံတာ…

ငါ ကံဆိုးတက်လို့ပါ။

နင့်ကိုချစ်မိလို့

ငါရင်ကွဲရမယ်ဆိုရင်တောင်…

ငါ လေ…

ကျေနပ်နေပါမယ်။


Nann Nyunt Oo

Email : kokohmawsayarlay@mawcity.com