**အချိန်ပေးပါ**

အချိန်ပေးပြီး စာဖတ်ပါ။ ဒါဟာ ဥာဏ်ပညာကြီးမြင့်မှုရဲု့အုတ်မြစ်ပဲ။

အချိန်ပေးပြီး တွေးပါ။ ဒါဟာ စွမ်းအားတွေရဲ့အရင်းအမြစ်။

အချိန်ပေးပြီး ဆုတောင်းပါ။ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခွန်အားပါပဲ။

အချိန်ပေးပြီး ချစ်ပါ။ဒါမှမဟုတ် ချစ်မေတ္တာကို ခံယူပါ။ ဘုရားသခင် ချီးမြှင့်ထားတဲ့ အထူးခံစားခွင့်လေ။

အချိန်ပေးပြီး ရယ်ပါ..။စိတ်ဝိညာဉ်ရဲ့ ဂီတသံစဉ်။

အချိန်ပေးပြီး ရင်းနှီးခင်မင်စွာနေပါ။ ပျော်ရွှင်ခြင်းဆီ သွားရာလမ်း။

အချိန်ပေးပြီး ကစားပါ။ အဆုံးမရှိတဲ့ အင်အားတို့ရဲ့ လျှို့ဝှက်ချက်ပေါ့။

အချိန်ပေးပြီး ဝေမျှပါ။ တစ်ကိုယ်ကောင်းကြံဖို့ နေ့ဟာ တိုတောင်းလွန်းလှတယ်။

နန်းညွန့်ဦး



No comments: