ပန်းခေါင်းလောင်းနဲ့ကျောင်းအိပ်မက် အပိုင်း(၅)



အိမ်ကို အမြန်ပြန်ပြီးလစ်ခဲ့ရတာပေါ့...။အိမ်ရောက်တော့ အဖေ့အရိပ်အခြေကိုကြည့်ပြီး

' အဖေ ဒီနေ အပြင်လေးဘာလေး မသွားဘူးလား '

အဖေက ဂျာနယ်ဖတ်နေရာက မျက်မှန်ထဲက မျက်လုံးကိုကျော်ကြည့်ပြီး

' ဘာလုပ်မလို့လဲ...ကားယူသုံးမလို့လား...ယူသွားလေ...သွားစရာမရှိဘူး '

' အဲ...ဟိုလေ..တစ်ခုခုများ
အပြင်မှာသွားမစားချင်ဘူးလား...ကျွန်တော်လိုက်ခဲ့ချင်လို့ '

' မစားချင်ပါဘူး...ညနေစာတောင်စားတော့မှာ..မင်းဘာသာမင်း သွားစားပေါ့ '

သေပီ...ဘယ်လိုမှ အပြင်သွားခိုင်းလို့မရဘူး ကတ်တီးကက်တတ်နဲ့..ဒါဆိုရင်လည်း

' အဖေ...ဟိုဟာလေ..တစ်ယောက်ယောက်က မဟုတ်တရုတ်လာပြောရင် မယုံနဲ့နော် '

' ဒီကောင် အူကြောင်ကြောင်နဲ့ ဘာဖြစ်နေတာလဲ..မင်းဘာတွေ ဗရုတ်သုတ်ခ လုပ်ထားလို့လဲ
'
' အဲ...ဘာမှ လုပ်မထားပါဘူး..ဟီးဟီး..သဘောပြောပြတာပါ '

အိမ်ရှေ့မှာခင်ထိပ်ထားအရိပ်ကိုလှမ်းမြင်လိုက်ရတာကြောင့်အိမ်ပေါ်ကိုအမြန်တက်အခန်းတံခါးပိတ်ပြီး
                            နားစွင့်နေလိုက်ရတယ်။
မျက်ခုံးတွေလည်းလှုပ်လာပြီးပါးတွေကြိမ်းလာတယ်ဘုရားဘုရား...။
ခင်ထိပ်ထားအဖေဦးထိပ်တင်ကအဖေနဲ့သူငယ်ချင်းလေညနေတိုင်း(Chess)စစ်တုရင်ထိုးနေကျ။
     အိမ်ထဲလှမ်းဝင်လာပြီး

' အန်ကယ်...ဟို.....သူရရှိလား'

'  ဟေ...အေး...လာထိုင်သမီး....သမီးအဖေရော..နေကောင်းလား...အားရင်အိမ်လာခဲ့ပါအုံးလို့
သူနဲ့(Chess)စစ်တုရင်မထိုးရတာကြာပြီ '

' ဟုတ်...အဖေနေကောင်းပါတယ်...အလုပ်များနေလို့ မလာဖြစ်တာနဲ့တူတယ်
သမီးအိမ်ရောက်ရင်ပြောလိုက်ပါ့မယ်...ဟိုလေ..အန်ကယ့်ကို သမီးတစ်ခုတိုင်စရာရှိလို့ '

' ပြော....သမီး..ဘာတိုင်မလို့လဲ...ဟိုကောင်သူရကိုလား....'

' ဟုတ်တယ် အန်ကယ်...သမီးကိုဒီစာနဲ့ခွေးတစ်ကောင်လာပေးပြီး သမီးကိုစော်ကားသွားလို့
အန်ကယ်....ဒီကိစ္စသာဖေဖေသိရင်....'

' ဟေ...ပြစမ်းပါအုံးသမီးရဲ့....အဲဒီစာ '

' ဟာ...ဒီကောင်ကွာ...တောက်...သမီးကိုအန်ကယ်တောင်းပန်ပါတယ်ကွယ်....အန်ကယ်
ဒီကောင့်ကိုဆုံးမပေးထားပါ့မယ် '

' ဟာ....မဟုတ်တာ အန်ကယ်တောင်းပန်စရာမလိုပါဘူး....ဟိုကောင်သူရကိုသာနာနာ
ဆုံးမပေးပါ...သမီးသွားတော့မယ်နော် အန်ကယ် '
' အေးအေး သမီး ဖြေးဖြေးနော် '

ခဏနေတော့ အိမ်အောက်က အဖေ့ရဲ့ခေါ်သံကြားရတယ်

' ဟိုကောင်....ငသူလာခဲ့စမ်း ဒီကို '

(အဖေက ဒီလိုပဲ ကျွန်တော့်ကို ငသူလို့ တစ်ခါတစ်လေကျရင် ချစ်စနိုးနဲ့ ခေါ်တက်တယ်)

' ဗျာ...အဖေ...လာပြီ '

' အေး....လာပြီကိုနောက်ထား လူအရင်လာခဲ့ '

သေပီ....voice အသံက နဲနဲမာတယ် ညစာတော့ ဆန်ပြုတ်နဲ့ပဲညားမလား မြူစွမ်နဲ့ပဲ
ညားမလားမသိဘူး...။အဖေက လက်ထဲကိုင်ထားတဲ့စာရွက်ကိုပြပြီး....

' ဟေ့ကောင်....ဒါက ဘာလဲ '

လက်ထဲမှာကိုင်ထားတာ စာရွက်မှန်းသိရဲ့သားနဲ့ ဒါကဘာလဲလာမေးနေသေးတယ် ငါ့နဲ့

' အဲဒါ....စာရွက်လေ အဖေရဲ့ '

' စာရွက်မှန်းတော့သိတာပေါ့.....ဒါဘာသဘောနဲ့ရေးထားတဲ့ စာရွက်လဲ '

နဲနဲ ခွာနေမှ အခြေအနေမကောင်းရင် ထွက်ပြေးရအောင်လို့

' ဟိုလေ.....အဲ့ဒါက ခင်ထိပ်ထားကို ကူညီတဲ့သဘောနဲ့ရေးထားတဲ့စာပါ '

' ဘာကွ....မင်းက မိဘမျက်နှာကို အိုးမဲသုတ်တယ်ပေါ့ ဟုတ်လား...'

( ငါလည်း ဒီနေ့တစနေကုန် အိုးမဲမကိုင်ရပါလား..... )

' ဒီကိစ္စ....ထိပ်တင်ဝင်းသာသိသွားရင် ငါဘယ်လိုမျက်နှာပြရမလဲဟင် '

(ဗျူတီပါလာမှာ ပေါင်းတင်ပြီးမှပြပေါ့အဖေရ....ဟိ အပြင်မှာတော့ ဘယ်ပြောရဲပါ့မလဲ
ဒေါသကို ဆွပေးသလိုဖြစ်ရင် ပိုနာမှာ)

' အေး....ငါလည်း လက်ဝှေ့ခွေကြည့်ထားပြီးတော့ လက်ယားနေတာ လာစမ်း '

' ခွပ် '

' အောင်....မ.....ငီး '

အား....နားလိုက်တာ...ကျွတ်ကျွတ်...တော်ပီ...နောက်တစ်ခါဆို...ဘယ်တော့မှ
လက်ဝှေ့ခွေဝယ်မလာတော့ဘူး....

' ကလေးမလေးကပြောသွားတာ....ငါကပဲ ဆုံးမသွန်သင်မှု့မရှိတာလိုလို '

' ခွပ် '

' အားးးးး '

( သွားပြီ...ငါတော့ ပြောထိုးထိုးခံရပြီ ) အဲဒီအချိန်မှာ
အမေရောက်လာလို့တော်သေးတယ် .......

 ' တော် ဖေကြီး....ကျွန်မသားကို ဒီလောက်ကြီးရက်ရက်စက်စက်လုပ်စရာ မလိုပါဘူး.....
ဟိုကလေးမလေးပုံစံကိုက နန့်တန့်တန့်နဲ့ မိုင်ကိုပိုတယ်သူပြောသလောက်လည်း
                    ဟုတ်ချင်မှ ဟုတ်မှာပါ။သားအခန်းထဲသွားတော့ အမေ
ခဏနေကျရင် ဆေးလာလိမ်းပေးမယ်။
ဘယ်နှယ့်တော် လူသတ်နေတာကျနေတာပဲ...'

' အေး...မင်းအဲ့ဒီလိုကျက်ကျက် အလိုက် မင်းသားပျက်စီးမယ် '

' ဟိုကောင်.....မင်းကျက်ကျက် သတိထား...နောက်တစ်ခါ ဒီထက်ပိုနာမယ် '

' ကျွန်မသားလေ...ဘယ်မှာ ပျက်စီးနေလို့လဲ....ရှင်သာ ဘီလူးသရဲစီးနေတာ...ကျွန်မသာ
ဝင်မဆွဲရင် ကျိုးကန်းကုန်မှာ...အဲဒီလိုသာဆိ
ု ရှင့်ကိုသေခန်းဖျက်ပစ်မှာ '

အဖေတော့...ဒိုင်ပွဲရပ်နဲ့ ညစာငတ်ပြီ....ကိုယ့်ဖာသာကိုခူးခပ်စားပေတော့....အဲဒီညက
မြူစွမ်နဲ့တစ်ကယ့်ကိုညားတော့တာပဲ...။

မနက်အိပ်ယာနိုးတော့ ပါးတစ်ခြမ်းနာပြီးမျက်လုံးတစ်ဖက်အောင့်နေတယ်။မျက်နှာသစ်ဖို့
မှန်ကြည့်လိုက်တော့မျက်ကွင်းတစ်ဖက်ညိုနေတာ.....သွားပီ..ကျောင်းရောက်လို့ဟိုနှစ်ကောင်
မြင်ရင် ဝိုင်းဟားမှာ။အဖေ မျက်မှန်အကြီးကြီးတစ်လက်တော့ ဘတ်ပြီးတပ်သွားအုံးမှ...။

ကျောင်းသွားခါနီးတော့ အဖေအခန်းထဲ အသာဝင်မျက်မှန် အကြီးကြီးတစ်လက်ယူပြီး
မှန်ရှေ့တပ်ကြည့်လိုက်တော့...အလဲ ခန့်သားပဲ..ဟီဟိ..ဒီအတိုင်းဆိုရင် မျက်ကွင်းညိုတာ
မသိနိုင်တော့ဘူး...ဟာဟ။

ကျောင်းရောက်တော့ ဟိုနှစ်ကောင်အပေါက်ဝမှာ ရပ်စောင့်နေတာနဲ့ ပတ်ပင်းတိုးတယ်။
ကျော်ဇာနည်က ငမျိုးနားကပ်ပြီးတိုးတိုး တိုးတိုးနဲ့ဘာတွေအတင်းတုပ်နေလဲမသိဘူး..ဟွန်း
ယောက်င်္ကျားကြီးတွေဖြစ်ပြီးတော့....။မျက်မှန်တပ်လာတဲ့နေ့မှ...မိုးကလည်းအုံ့နေသေးတယ်။
တက်နိုင်ဘူး...ဆိုင်ကယ်ထားပြီးတော့ အတည်ပေါက်လျှောက်လာတာပေါ့။မောင်မောင်မျိုးက
ရောက်ရောက်ချင်းပဲ.....

' ဟာ...ဘယ်သူများလဲလို့...မျက်မှန်အနက်ကြီးနဲ့ နှဲဆရာ...ဘယ်ရွာမှာအလှုရှိလို့လဲဗျ '

' တိန်....သေဟ '

' မင်းကြီးတော်..မျက်မှန် အနက်ကြီးနဲ့ နှဲဆရာပါ့လား...'

' ဟားဟား...မင်းက မတပ်စဘူး မျက်မှန်းတွေဘာတွေတပ်လာလို့...ဒါနဲ့မင်းတို့အိမ်မှာမနေ့က
လက်ဝှေ့ပွဲရှိတယ်ဆို....မင်းဆိုတဲ့ကောင်တော်တော်နေနိုင်တာ..ငါတို့တောင်မပြောဘူး
ရပါတယ်
စိတ်ဓာတ်လေးတွေသိရတာပေါ့ '

ဟိုကောင်ကျော်ဇာနည် ဖွထားတယ်နဲ့တူတယ်....မျက်ခွက်ကိုက ချလ်းဆီးအသင်းက အနလ်ကာ
ဘောမှန်ထားတဲ့ရုပ်နဲ့....ကျက်သရေကို မရှိဘူး....။

' ပြစမ်း...မင်းမျက်မှန်...ဟာ...မင်း မျက်ကွင်းတစ်ဖက်ညိုနေတယ် ဘာဖြစ်တာလဲ..ဟိဟိ '
ဒီကောင်သိရဲ့သားနဲ့လာပြီးမေးနေတာ..အမြင်ကပ်တာနဲ့...

' မင်းညီမကွာ မနေက အဘွားပေးသွားတာ ပါးစပ်လွန်ပြီး...မျက်ကွင်းညိုသွားတာဟ '
ကဲ မှတ်ပလား....လာပြီးမေးချင်အုံး.....

' ဟားဟား...ငပွဲတို့ကတော့...မနေ့က ငါ့တောင်ချောက်ချသွားသေးတယ်....မင်းရဲ့ရည်းစား
စားစကားပြောနည်းနဲ့ ရည်းစားစာရေးနည်းလေး ငါတို့ကိုပြောပြပေးစမ်းပါ။အတန်းဘက်လျှောက်
ရင်းနဲ့ မင်းရဲ့ ဗျူဟာလေးတွေလင်းစမ်းပါအုံး..'

' အေး...ငါ့တပည့်ကြီးတွေ သိချင်တယ်ဆိုရင်လည်း...ဆရာစားမချန်
ပို့ချပေးရတာပေါ့..အဟမ်း '

' ရည်းစားစကားပြောတယ်ဆိုတာ ဗျူဟာလိုတဲ့ကွ၊ပြီးတော့ အရိပ်အကဲကိုလည်း ထည့်တွက်ရ
သေးတယ်.....ကိုယ်လိုက်ပြောမဲ့ကောင်မလေးက တစ်ခုခုကိုစိတ်တိုနေလားဆိုတာ ကြိုပြီးတော့
သုံးသပ်ရတယ်....အဲ့လိုမှမဟုတ်ပဲ
ဗလိုင်ကြီးသွားပြောလို့ကတော့အဲ့ဒီကောင်မလေးက တစ်ခုခု
ကိုဒေါသထွက်နေတာပဲဖြစ်ဖြစ်စိတ်တိုနေတဲ့အချိန်ပဲဖြစ်ဖြစ်တိုက်ဆိုင်နေရင်တော့
သွားရောပဲ....
သူ့လက်ထဲက ထီး ဒါမှမဟုတ်...ထမင်းချိုင့်နဲ့ အတွယ်ခံလိုက်လို့ကတော့ အရှက်တင်မဟုတ်ဘူး
အသည်းပါ ဟတ်တက်ကွဲသွားနိုင်တယ်ကွ '

' အဲဒါကြောင့်ရှေးရှေးတုန်းက တက္ကသိုလ်တွေမှာ သင်ရတဲ့ အဋ္ဌာရသကျမ်းဆိုတဲ့ယောက်ျားတို့
တက်အပ်တဲ့ ပညာတွေထဲမှာ..ရည်းစားစကားပြောနည်းဆိုတာ ယောက်ျားမှန်ရင် သင်ကိုသင်ရ
တာ...။အဲဒါ....မိန်းမတွေကို
ကြွေလောက်အောင်ပြောနိုင်ပြီလို့ယူဆရင်(Viva)ဗိုက်ဗာအစစ်ခံရတာ။
ဒီသာပါမောက္ခကြီးက မိန်းမလိုပြင်ဆင်ခြယ်သပြီးတာ့ သူကိုရည်းစားစကားပြောရတာ။အဲဒီလို
ကြွေလောက်အောင်ပြောနိုင်ရင်အအောင်ပေးပြီးတော့ သူ့ရဲ့သမီးတော် ဒါမှမဟုတ်တူမတော်တွေ
ထဲက တစ်ယောက်ယောက်ကိုနှစ်သက်မြတ်နိုးရင်အောင်သွယ်လုပ်ပေးတာတဲ့ကွ '

' ဟာ...ဟုတ်လား...တောက်..မိုက်တယ်ကွာ။ဒီမှာသာ အဲဒီလိုရည်းစားစကားပြောနည်းဆိုတာ
သင်ရရင်ကောင်းမှာဗိုက်ဗာ(Viva)စစ်လို့ငါ
ပါမောက္ခကြီးကိုကြွေလောက်အောင်ပြောပြီး သူ့တူမ
ယုယုဇော်ကို သွားတောင်းခိုင်းလိုက်ရုံပဲ..ဟီးဟီး '

အရေးထဲ...မောင်မောင်မျိုးကတစ်မှောက်...

' နေအုံးကျန်သေးတယ် ဟ...အဲ့ဒီပါမောက္ခကြီးကလည်း
လူပျိုကြီး...သူ့တူမတွေလည်းမကျန်တော့ဘူး
အဲ့ဒီပါမောက္ခကြီးလည်းအရမ်းကြွေနေရင်တော့...မင်းလိုကောင်တော့ သေပီဆရာပဲ ဟားဟား...'

အဲဒီအချိန်မှာ ကျွန်တော်တို့ဘေးကနေကျော်တက်သွားတဲ့ကောင်မလေးတစ်ယောက်....ကိုကြည့်ပြီး
မောင်မောင်မျိုးက......

' ဟာ...ငပွဲ...အဲဒါ Physic ကမေနန်းထိုက်တဲ့ ငါနဲ့ဆယ်တန်းတုန်းက
အတူတူပဲ...ငပွဲမင်းပြောတဲ့
ဗျူဟာတွေနဲ့ ပရယ်တီကယ် လက်တွေ့လုပ်ပြစမ်းပါ...အဲ့ဒီကောင်မလေးက သဘောကောင်းပါတယ်
ဒါပေမဲ့.....တိုက်ကွမ်ဒိုမှာတော့ ရွှေခါးပါတ်ရထားတာနော်..ဟဲဟဲ..'

' အော်မငီး....'

ကိုယ့်အပြောနဲ့ ကိုပြန်အကျပ်ခံရပြီ သေရောပဲ...ပေါက်တက်ကရလေးလမ်းကြုံလို့
လက်ဆင်ပေးမိပါတယ်
လက်တွေ့လုပ်ခိုင်းနေပြီ တက်နိုင်ဘူး....ကိုယ်က
သွားရှည်မိတာကိုး...ဟန်ကိုယ်ဖို့တော့ သိက္ခာမကျအောင်
ဝင်လုံးကြည့်ရမှာပဲ....ဘုရားသကြားမလို့
ကိုင်မပေါက်ပါ့စေနဲ့...ဂယ်ပေါက်လေးတော့ရှာထားမှ....သူက
တိုက်ကွမ်ဒိုချမ်ပီယံတဲ့....အီးးးးးးးး

' ဒီ..ဒီမှာခင်ဗျာ....တစ်စိတ်လောက်.....ဒီကနာမည်က
ထိုက်နေမန်းဆို...အဲ...အဲလေ...မှား....မှားလို့
sorry နော်....မေနန်းထိုက်ဆို '

ဒူးတွေကလည်း မခိုင်ချင်တော့ဘူး အရေးထဲ ဒီပါးစပ်က
တစ်မှောက်.....မြတ်စွာဖြား...မျက်စောင်း
ထိုးတယ်....ကိုင်ပေါက်နဲ့နော်...ခွာနေမှ...

' ဟုတ်တယ်....ဘာလုပ်မလို့လဲ '

ဟိုက်...အကွက်ခင်းပြီနဲ့တူတယ်.....အသံကလည်းမာလိုက်တာ..ဟိုကောင်တွေလှမ်းကြည့်တော့
တခွီးခွီးနဲ့ ရူးချင်ယောင်ဆောင်နေကြတာ....သေချင်းဆိုးတွေ...တက်နိုင်ဘူး....ကိုယ်ကစထားပြီး
မှတော့ပြီးအောင်တော့ ကပြရမှာပဲ ဖြစ်လိုရာဖြစ်စေတော့
အောင်မယ်မင်းလို့သာ...အော်အော်ပြီး
ငိုလိုက်ချင်တော့တယ်....ချွေးတွေကလည်းတစ်ကိုယ်လုံးရွဲနေပြီ...။

' ဘာဘာ မှ မလုပ်ချင်ပါဘူး....ကျွန်တော်က ဆယ်တန်းတုန်းက
သူငယ်ချင်းနဲ့တူလို့လေ...အဲဒါ
လှမ်းနှုတ်ဆက်တာ ' တက်နိုင်ဘူးရောချရတော့မှာပဲ

' အူကြောင်ကြောင်နဲ့.....အဲ့ဒီတော့ ဘာဖြစ်လဲ '

' ကျွန်တော် ချစ်တာပေါ့ ...ဟာ....ဟုတ်ပါဘူး.. ' ဒီပါးစပ်ကတော့
သေတွင်းပို့နေပြီ.....

' နင်လိုက်မနှောက်ယှက်နဲ့နော်...ပြီးမှ ငါ့အဆိုးမဆိုနဲ့...'

 ကျွန်တော်လည်း မထူးဇာတ်ခင်းပြီးပေကပ်လိုက်ရတော့တာပဲ...ဘုရားဘုရား...ကိုင်မပေါက်ပစေနဲ့

' နင့်ကိုငါ..ဘယ်နှစ်ခါပြောရမှာလဲ...လိုက်မနှောက်ယှက်ပါနဲ့ဆိုတာ...'

' ဒါ...ဒါနဲ့မှ နှစ်ခါရှိပါသေးတယ်ဟာ...'

မျက်နှာပေါ်မှာနဲနဲပြုံးရိပ်သန်းသွားတယ်.....ဟားဟား...ဒါဆိုအခြေအနေကောင်းလောက်တယ်...။

' ကျွန်တော် Physic ဘက်သွားမလို့လေ အဲ့ဒါလမ်းကြုံမလားမသိဘူး....'

မေနန်းထိုက်က အရှေ့ကို တစ်ချက်ကြည့်လိုက်ပြီး...

' အင်း..လိုက်ခဲ့လေ...ကြုံပါတယ် '

ဟာ...ကော်တာပဲ....ဟိဟိ...အခြေအနေပြောင်းသွားပြီဗျ..အနောက်ကိုလှည့်ပြီးလက်မလှမ်းထောင်
ပြလိုက်တယ်....မင်းတို့ဆရာပါကွ.....မပိုင်ရင်
ဘာမှမလုပ်ဘူး....ဟင်ဘယ်ရောက်သွားပါလိမ့်....
ဟိုက်...အရှေ့မှာမင်းမော်ကွန်းအထိန်းတော်...အဲလေ...မော်ကွန်းထိမ်းဆီပြေးသွားတယ်...သေပီ
ဂယ်ပေါက်လိုက်ရှာကြည့်လိုက်တော့....ဘေးက ရေမြောင်းနဲ့အုပ်ခုံအနိမ့်
မျက်လုံးစုံမှိတ်ပြီချလိုက်
ရတော့တာပေါ့...

ကိုယ်ကိုအမြန်ဝပ်ပြီး လက်အထောက်...ဇွိကနဲပဲ....ဟိုက်...ဘာတွေပါလိမ့်...တိန်...သေဟ
ခွေးမသားတွေ ဖင်သရမ်းသွားတာ...ခွေးချေးတွေ...အီး..သေပီ....ဒီအတိုင်ထိုင်ပြီး အပေါ်က
အသံကို နားထောင်လိုက်တော့....

' ဆရာ...သမီးကို လိုက်နှောက်ယှက်နေလို့...သူ...ဟင်...ဘယ်ရောက်သွားပါလိမ့် '

ဟိုကောင်တွေကလည်းအနောက်ကနေကပ်လိုက်လာတာ ....ဟတ်ကော့ကြီး...
ကျွန်တော့်အနောက်ကပ်လိုက်လာတာကို.....သေပေါ့....

' ဟိုကောင် ငပွဲ ဘယ်ရောက်သွားပါလိမ့်...မျက်စိရှေ့တင်မရှိတော့တာ...'

' ဆရာ..သူ..သူတို့လည်း တစ်ဖွဲ့တည်းနဲ့တူတယ်ဆရာ....အနောက်ကနေ တဟီးဟီးနဲ့
လိုက်လာတာ '

မောင်မောင်မျိုးက ပြာပြာသလဲနဲ့

' ဟာ....မဟုတ်ရပါဘူးဆရာ...ဘာမှမဆိုင်ပါဘူး..ကျွန်တော်တို့ဘာသာ လျှောက်လာတာပါ
ဆရာ....တစ်ကယ်ပါ...'

လက်တစ်ခါခါ...ခေါင်းတစ်ခါခါနဲ့...ရမ်းခါနေအောင်
ငြင်းတယ်...ပြီးတော့..ဘာတွေဆက်ဖြစ်ကြ
တယ်မသိဘူး.....ချေင်းလည်းမကြည့်ရဲဘူး....အညေခအနေ ညိမ်သွားပြီဆိုမှ အသာထွက်ပြီး
ကန်တင်းဘက်.....အမြန်လစ်လက်သွားဆေးရတယ်...ဟူးးးးး ဖြစ်လိုက်မှဖြင့် ဗရုတ်သုတ်ခ
ကြည့်ပဲ....ဒီနေ့ကံမကောင်းပါလားနော်....



No comments: