အတွေးအပိုင်းအစလေးများ

လမင်းကြီးပျောက်ဆုံး သင်ငိုကြွေးနေပါလျှင်….ကြယ်တာရာများနှင့်လည်း လွဲရပေးဦးမည်။

If you cry lost of the moon, You will also miss the  stars.

Tagore (တဂိုး)

 

ကန္တာရတစ္ဆေ တစ်ကောင်ဟာ

နှောင်ကြိုးအထပ်ထပ်ရစ်ပတ်လို့

နှစ်ထပ်တိုး အတွယ်အတာတွေနဲ့

ဂြိုလ်ကမ္ဘာတစ်ခုကို ခေါ်နေတယ်..။

ပျော်ဝင်သွားတဲ့ နှလုံးသားဟာ….။

 

ကျွန်တော် သင့်ကို အလွန်ချစ်ပါသည်။

I love you so mush.

 

ချစ်ခြင်းမေတ္တာသည် သိမ်းဆည်းထားဖို့မဟုတ်၊သူတပါးအားပေးလိုက်ဖို့သာဖြစ်သည်။

Love is not for keeping but for giving to someone.

 

တစ်လောကလုံး

အရူးတွေကြီးပဲမဟုတ်လား။

ဒီအထဲမှာအရူးလို့သတ်မှတ်ခံရတာ..

တော်သေးတာပေါ့။

အသတ်မှတ်မခံရရင်..

ငါ့ဘ၀တော့ -  ဒုက္ခ..

 

*ရေတို့မည်သည် အလွတ်ထားခဲ့လျှင်…နိမ့်ရာသို့ စီးမြဲဓမ္မတာရှိသည့်အတိုင်း သတ္တ၀ါ(လူ)တို့မည်သည် စိတ်ကို လွှတ်ထားခဲ့လျှင်…မကောင်းမှုသို့သာ သွားမြဲဓမ္မတာရှိသည်။

*တစ်ခါတစ်ရံ ….ဘ၀မှာကြုံတွေ့ရတက်တဲ့ ….အမောတွေ…အသောတွေ…ဖြေတဲ့အခါပြေစေဖို့…ချေတဲ့အခါ ကျေစေဖို့….ထောင့်လေးတစ်ထောင့်အဖြစ်…


*ဘ၀တစ်လျှောက်လုံးရနံ့တွေ ချိုပါစေ…နန်းညွန့်ဦးမှဆုမွန်ခြွေလျှက်..။

မျက်ရည်ရဲ့ဇာတိ

**ချစ်သူအဆောင်..

မိုးခေါင်တဲ့အကြောင်းကြောင့်

ငါ့ကောင်းကင်မှာ မိုးတွေညို

မျက်ရည်စိုနေခဲ့ပြီလေ..။

**မိုး၇ွာတဲ့နေ့မှာ..

မေ့တက်ခြင်းကိုအတူဆောင်း

ခိုလေးအတောင်ညောင်းနေရော့မယ်။

**မျှော်ပေါ့ လေးနာရီတဲ့

အချိန်ငှက်လေးဆီ လိပ်စာတပ်

ငါ့နှလုံးသားတံဆိပ်ခေါင်းကပ်ပို့လိုက်တယ်။

**ချစ်သူရေ..

မိုးတွေရွာလာပြီ

ထီးနီနီလေးစွတ်စွတ်စို

ချစ်သူကိုယ်မှာစီးဆင်း

ပေးဆပ်ခြင်းရဲ့အဓိပ္ပါယ် (အဲ့ဒါ..)

ကြာနွယ်ကြာရိုးနှင့်တွက်ချက်

မျက်ရည်စက်တို့ဖြစ်တည်ပုံဟာ

မုတ်သုံမိုးမဟုတ်တာ..

သေချာပါတယ်…။        

 

ဘ၀တိုင်း ဘ၀တိုင်းမှာ

မငိုရတဲ့ အချစ်မျိုးနဲ့

လူဖြစ်တိုင်း

တွေ့ဆုံရပါစေ…

တိုးရပါစေလို့ ….။

 

ကောင်းသောညပါ

**ကောင်းသောညပါ

ငါတို့ရဲ့ ဇာတ်လမ်းဟာ

မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ်။

**ခုတော့

အပြာရောင်အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ

မင်းရဲ့ နှလုံးသားမျက်ရည်နှင့်ဝမ်းနည်းမှုပုံရိပ်တွေကို

ဖယ်ရှားပစ်လိမ့်မယ်….

ပြီးတော့

မင်းကို ငြိမ်းချမ်းခြင်း ပေးလိမ့်မယ်။

ကောင်းသောညပါ။

**ကောင်းသောညပါ..

မင်းရဲ့နားထဲမှာ..

ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့

နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ..

တုန်ခါရိုက်ခတ်နေပါစေ..။

ပြီးတော့

အိပ်စက်ခြင်းရဲ့သဏ္ဍာန်မဲ့ စိတ်ကူးရိပ်တွေကနေ

မင်းရဲ့ အိမ်မက်တွေကို ဖြတ်သန်းလို့

ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်..။

**ကောင်းသောညပါ..။

မင်းရဲ့နှုတ်ခမ်းပါးတွေကို

ငါ စောင့်စားနေတဲ့အခါ

မင်းရဲ့မျက်ဝန်းတွေကို ဖွင့်ထားပေးပါ..

မင်းရဲ့အခြွေအရံတွေကိုလည်း

မခေါ်လိုက်ပါနှင့်ဦး

မင်းရဲ့ရင်ခွင်ကို နမ်းရှိုက်မလို့

နောက်တစ်ကြိမ်တည်းရယ်ပါ..။

**ကောင်းသောညပါ

ဒါဟာ သိပ်ကို နောက်ကျနေခဲ့ပြီလား..။

**ကောင်းသောညပါ..

တံခါးပိတ်လို့ မင်းလှည့်ထွက်သွားတယ်..။

…..

**ကောင်းသောညပါ..

…ဟုတ်တယ်…

မင်း …

ငါ့ရဲ့ ကောင်းသောည နှုတ်ဆက်သံကို

မစောင့်ပဲ

ဘယ်တော့မှ

အိပ်ယာဝင်မှာ မဟုတ်ပါဘူး…။             

နန်းညွန့်ဦး

 



အချစ်ကို အချစ်နဲ့တူအောင် ချစ်တက်ဖို့အတွက် သင်မသိသေးတာတွေ ?

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာသူ့ ကိုပထမဆုံးသတိရမိနေလား?

'၂' မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?

'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?

'၄' မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?

'၅' သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?

'၆' မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?

'၇' သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?

'၈' ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?

'၉' သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?

'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူမရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?

'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီးသက်ပြင်းလေးတွေ ချတတ်နေပြီလား?

'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?

'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?

'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကိုဖတ်ပြီးပျော်ရွင်တတ်လား?

'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?

'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား?   အဖြေတွေကမင်းရင်ထဲမှာပဲရှိနေတယ်........


အဖြေတွေက''ဟုတ်တယ်'' ''မှန်တယ်'' ဆိုရင်.......

မင်းရင်ထဲမှာသူရှိနေပြီ...................

ဒါဆိုရင်တော့သူနဲ့ ပတ်သက်လာရင်အရာရာကိုအရှံးပေးထားပါ.....

သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ................

သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........

သူဘာဖြစ်ဖြစ်နားလည်ပေးပါ..........

သူကကိုယ့်ကိုမချစ်ရင်တောင်သူ့အတွက် အမြဲပေးဆပ်ပေးပါ.........

အခက်အခဲတွေရှိလာရင်သူ့ ဘက်ကရပ်တည်ပေးပါ..........

သူမင်းကိုမချစ်ရင်တောင် မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတစ်နေ့သိလာမှာပါ........................

မင်းကတစ်ဖက်သတ်ချစ်သူဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........

သူကို ဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါ သူ့အတွက် ပေးဆပ်ခြင်း.....

စစ်မှန်တဲ့ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှမမျှော်လင့်ဘူး.......

သူငယ်ချင်းအားလုံး အချစ်စစ်နဲ့ ချစ်နိုင်ကြပါစေနော်။

 

ချစ်နေတက်သေးတဲ့

နန်းညွန့်ဦး

www.nnophoto@gmail.com

 



**အချိန်ပေးပါ**

အချိန်ပေးပြီး စာဖတ်ပါ။ ဒါဟာ ဥာဏ်ပညာကြီးမြင့်မှုရဲု့အုတ်မြစ်ပဲ။

အချိန်ပေးပြီး တွေးပါ။ ဒါဟာ စွမ်းအားတွေရဲ့အရင်းအမြစ်။

အချိန်ပေးပြီး ဆုတောင်းပါ။ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခွန်အားပါပဲ။

အချိန်ပေးပြီး ချစ်ပါ။ဒါမှမဟုတ် ချစ်မေတ္တာကို ခံယူပါ။ ဘုရားသခင် ချီးမြှင့်ထားတဲ့ အထူးခံစားခွင့်လေ။

အချိန်ပေးပြီး ရယ်ပါ..။စိတ်ဝိညာဉ်ရဲ့ ဂီတသံစဉ်။

အချိန်ပေးပြီး ရင်းနှီးခင်မင်စွာနေပါ။ ပျော်ရွှင်ခြင်းဆီ သွားရာလမ်း။

အချိန်ပေးပြီး ကစားပါ။ အဆုံးမရှိတဲ့ အင်အားတို့ရဲ့ လျှို့ဝှက်ချက်ပေါ့။

အချိန်ပေးပြီး ဝေမျှပါ။ တစ်ကိုယ်ကောင်းကြံဖို့ နေ့ဟာ တိုတောင်းလွန်းလှတယ်။

နန်းညွန့်ဦး



*ရင်ဝှက်သူ*

*အာဒမ်က ဧ၀ကိုပြောတဲ့

ဘာသာစကားနဲ့ခြေဟန်လက်ဟန်မျိုး

*မြန်မာရာဇ၀င်ထဲက

နတ်ရှင်နောင်နဲ့ဓါတုကလျာတို့ရဲ့အဖြစ်မျိုး

*အနောက်တိုင်းပုံပြင်ထဲက

ရိုမီယိုနဲ့ ဂျူးလီယက်တို့ရူးသွတ်စေတဲ့အဖြစ်မျိုး

*ဒီနေ့ခေတ်မှာ ရှင်သန်လှုပ်ရှားနေတဲ့

ကောင်လေးနဲ့ကောင်မလေးတို့ရဲ့

အချစ်မျိုးတွေကျော်လွန်ပြီး

*မပြောဘဲသိစေချင်တယ်။

မဖြေဘဲ နားလည်စေချင်တယ်.

*ရှင်းရှင်းဆိုရရင် . . .

ရင်စကားကို .

ရင်နားနဲ့ပဲကြားစေချင်တယ်။


                      Nann Nyunt Oo              Email : nnophoto@gmail.com

ဆုံဆည်းရာ

ကောင်မလေးရေ…

နင့်ကိုငါချစ်ရတာ..

နေမင်းက လမင်းကိုမြတ်နိုးနေရသလိုပါပဲ..

ဆုံမလိုလိုနဲ့ ဝေးကွာလွန်းပါတယ်။

တစ်ခါတစ်ခါ

(ရနိုင်မယ်ဆိုရင်..)

နေမင်း လမင်းပြိုင်တူလင်းတဲ့

ရွှေရောင်ညနေခင်းကို..

လိုချင်မိပါရဲ့              

                                                                                     Nann Nyunt Oo

                                                                                          Email : nnophoto@gmail.com



ရတနာ သုံးပါး ရှိခိုးကန်တော့ရန်

၁။ ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၂။ ဓမ္ဓံ = တရားတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၃။ သံဃံ = သံဃာတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။

ကန်တော့ရန်

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ၊ အလေးအမြတ်၊ လက်အုပ်မိုး၍ ၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့ ၊ ကန်တော့ပါ၏ ၊ အရှင်ဘုရား ။

ဆုတောင်းရန်
ကန်တော့ရသော အကျိုးအားကြောင့်၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါးတို့မှ၊ အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ၊ ရပါလို၏ ၊ အရှင်ဘုရား ။

" ဆွမ်းတော်ကပ်လှူရန် "

အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊ ( ရည်မှန်း၍ )
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ ရသ သမ္ပနံ္န = အဆင်း အနံ့ အရသာနှင့်  ၊ ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယံ = ဤဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

" ပန်းကပ်လှူရန် "

ဝဏ္ဏ ဂန္ဓ သမ္ပနံ္န = အဆင်း အနံ့နှင့်ပြည့်စုံသော၊
ဣမံပုပံ္ဖ = ဤပန်းကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

" ရေကပ်လှူရန် "

သုဒ္ဓ သီတလ ပသန္နံ = သန့်ရှင်းအေးမြ ကြည်လင်လှသော၊
ဣမံ ပါနီယ ပရိဘေဇနီယံ = ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

" ဆီမီးကပ်လှူရန် "

ပဘာဝဏ္ဏေဟိ = အရောင်အဆင်းတို့ဖြင့်၊
ဣမံ ဒီပ ဇာလံ = ဤဆီမီးလျှံကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။

" ဆုတောင်း "

၁။ ဘုရားတပည့်တော်၊ တပြည့်တော်မတို့၏ ၊ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော်၊ ပန်း၊ ဆီမီး၊ သောက်တော်ရေ) ဤကောင်းမှုသည်၊ နောင်အခါ၌၊ လောကီလောကုတ္တရာ၊ ကြီးသောဥာဏ်ပညာ၏ ၊ ရကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။
၂။ ဘုရားတပည့်တော်၊ တပြည့်တော်မတို့၏၊ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေ ) ဤကောင်းမှုသည်၊ နိဗ္ဗာန်၏ ရောက်ကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။

" မေတ္တာပို့ "

၁။ လုံးစုံများစွာသတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၂။ ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ၊ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၃။ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၎။ ဝေးနေ နီးနေ နှစ်ထွေများစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၅။ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၆။ ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၇။ ကြီး ငယ် အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၈။ ဆူ ကြုံ အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ ။
၁၀။ အထင်သေးခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။

ဒိသာဖရဏမေတ္တာပွားနည်း

၁။ အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၂။ အနောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၃။ မြောက်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။ ၄။ တောင်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ ၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၅။ အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၈။အရှ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။
၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။ ။

" အမျှဝေ "

ဤသို့ပြုရ မြတ်ပုညကို မိဘနှစ်ဖြာ ဥာတကာနှင့် ဆရာသမား အစထား၍၊ နတ်များမကျန် ၊ သတ္တ၀ါမှန်သမျှ ၊ အနန္တတို့ ၊ ရကြပါစေ၊ အမျှဝေ၏ မသွေယခု ဤကောင်းမှုကို၊ သာဓု သာဓု သာဓု၊ ခေါ်စေသော ။

" မေတ္တာပို့သခြင်းအကျိုး "

ဗုဒ္ဓရှင်တော်ဘုရား လက်ထက်အခါတော်က သာဝတ္ထိပြည်မှ ယူဇနာတစ်ရာဝေးသော တောနေရဟန်း (၅၀၀) တို့ကို၊ နတ်ဘီးလူးတို့က ခြောက်လှန့်ကြ၏ ထို့ကြောင့်ရဟန်းတို့သည် တရားအားထုတ်သော် လည်း တရားထူးကို မရနိုင်ကြ ၊ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီးလူးတို့ခြောက်လှန့် မှုမပြုရန် မေတ္တာသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူပြီး ထိုရဟန်းတို့သည် မေတ္တာသုတ်ပရိတ်တော် တို့ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီးလူးတို့ခြောက်လှန့်မှုကင်းဝေးခဲ့၏ ။ ထိုမျှသာမက မေတ္တာ၏ အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ချမ်းသာစွာ အိပ်ရခြင်း ။
(၂) ချမ်းသာစွာ နိုးရခြင်း ။ (၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း ။
(၄) နတ်တို့က စောင့်ရှောက်ခြင်း ။
(၅) လူအများ ချစ်ခင်ခြင်း ။
(၆) မီးဘေး မသင့်နိုင်ခြင်း ။
(၇) အဆိပ် လက်နက် မသင့်ရောက်နိုင်ခြင်း ။
(၈) စိတ်တည်ကြည်ခြင်း ။
(၉) တွေဝေစွာ မသေရခြင်း ။
(၁၀) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟူ၍ (၁၁) ပါးရှိကြောင်း ပြဆိုထားပါသည် ။



Cyber link Power Director 9

largeImg.png
Power Director 9 ပါ သိကြမယ်လို့တော့ထင်ပါတယ် Graphic မှာ Adobe Photo Shop က ဘုရင်ဖြစ်သလို Photo Slide Show မှာ Power Director ကဘုရင်လို့ ပြောလို့ရပါတယ် သူက effect တွေ တော်တော်လေးကို များပါတယ် ပြီးတော့ စိတ်ကြိုက်ပြန်လည် ပြုပြင်လို့ရပါတယ်  effect တွေမလောက်ဘူးလို့ထင်ရင်လည်း ထပ်ပြီးတော့ Download ဆွဲလို့ရပါတယ် သူ့ရဲ့ effect တွေကို အလကားပေးပါတယ် ဒီနေရာလေးမှာ အကောင့်ဖောက်ပြီးရင်တော့ effect တွေကို တမုန်းသာ Download ဆွဲလို့ရပါတယ် တော်တော်လေးကိုများပါတယ်
Register Key ကတော့ BF937-FZ7NB-KHZEY-B3LAP-BNEFL-VT3EW ဖြစ်ပါတယ်
From Mediafire.com
အပိုင်း(၁) 100 Mb
အပိုင်း(၂) 100 Mb
အပိုင်း(၃) 100 Mb
အပိုင်း(၄) 100 Mb
အပိုင်း(၅) 100 Mb
အပိုင်း(၆) 100 Mb
အပိုင်း(၇) 73.77 Mb
အဆင်ပြေကြပါစေဗျာ ကျွန်တော် Upload တင်ထားတာမဟုတ်ပါဘူး သူများတင်ထားတာကို ပြန်မျှဝေပေးတာပါ ကျေးဇူးတင်မြဲပါဗျာ

Photo Dex PhotoSliteShow များ

Photo Dex ကထုပ်လုပ်တဲ့ Photo Slite Show Software လေးတွေပါ စုစုပေါင်း သုံး ခုရှိပါတယ်

Pro Show Gold ဒါလေးကိုတော့ လူသိတော်တော်များကြပါတယ်
ProShow Producer ဒါလေးကလည်း သိကြမယ်ထင်ပါတယ်
ProShow Web ဒါလေးကတော့ Online ပေါ်ကနေ Photo Slite Show လုပ်တာပါ ကွန်နရှင်တော့ နည်းနည်း စကားပြောတာပေါ့ဗျာ
အဲ့ဒီ software လေးတွေကို လိုခြင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ Try it free နဲ့ Download ဆွဲလိုက်ပါ သူ့ရဲ့ ပင်ကိုယ် ဆိုက်ပဲဖြစ်ပါတယ် ကိုယ်လိုခြင်တာကို Download ဆွဲပြီးတော့ Install လုပ်လိုက်ပါ ပြီးတော့ အောက်နားလေးမှာ သုံးခုလုံးအတွက် key Gen ကို ထည့်ထားပေးပါတယ် သုံးခုလုံးအတွက်ဖြစ်ပါတယ် အဲ့နားက key ကိုရယူပြီးတော့ မိမိ Install လုပ်ထားတဲ့ Software ကိုဖွင့်လိုက်ပါ ပြီးတော့ Help >> Enter Registration ထဲကို ၀င်လုက်ပါ အဲ့နားလေးမှာ စောစောက ရယူထားတဲ့ Key လေးကို ထည့်ပေးလိုက်ပါက full version ဖြစ်သွားပါပြီခင်ညာ
Software Download
Pro Show Gold v 4.5
ProShow Producer v 4.52
သူ့ပင်ကိုယ်ဆိုက်လေးရဲ့ လင့်လေးပါပဲ
Key Gen Download
Password လေးကတော့ juckzero ပါ

အချစ်အတွက်ပေးဆပ်ခြင်း

မင်းပျှော်မယ်ဆိုရင်

ငါ့ခံစားမူတွေကို ရပ်လိုက်ပါ့မယ်

ငါ့ကြောင့် မင်းနှလုံးသားမှာ

ဒဏ်ရာဖြစ်ခဲ့တယ်ဆိုရင်

ငါ့မျက်ဝန်းတွေ

မင်း ကိုမကြည့်မိအောင်

အခြားတစ်ဖက်ကိုလွဲထားလိုက် ပါ့မယ်

မင်းလမ်ူလျှောက်နေတုန်းမှာ

အနှောက်အယှက် ဖြစ်ခဲ့ရင်

ငါရှောင်ထက်သွားပါ့မယ်

မင်းစကားပြောတဲ့နေရာမှာ

ငါအဖျက်သမားဖြစ်နေခဲ့ရင်

မလာမိအောင်နေပါ့မယ်

မင်းမမြင်ချင်တော့ဘူးဆိုရင်

အဝေးဆုံးနေရာကို

ငါထွက်သွားပေးပါ့မယ်

ချစ်သူ

ရူးသွပ်မှု

အချိန်တိုင်းလိုလို

မင်းပုံ ရိပ်တွေကို

ငါရှာဖွေနေမိတယ်

ပျော်သလိုနေတတ်တဲ့

ငါ့စိတ်တွေ

အခုတော့

တွေဝေငေးမောနေတတ်ခဲ့ပြီး

အမှတ်မထင်ကြည့်တတ်တဲ့

မင်းအကြည့်အောက်မှာ

ညိုဓာတ်တစ်ခုလို

ငါကပ်ညှိနေတာကတော့အမှန်ပါ

မဖြစ်နိုင်မှန်းသိရက်နဲ့

မင်းကိုငါတွယ်တာနေမိတယ်

ချစ်သူ

ဖွင့်ဟချက်

လေးနက်တဲ့စကားလုံးတွေ

ပြောချင်နေတာကြာပါပြီ

မင်ရယ်မှာစိုးလို့

မပြောခဲ့ပါဘူး

အမှန်ဆုံးစကားတွေ

ပြောချင်နေတာကြာပါပြီ

မင်းမယုံမှာစိုးလို့

မပြောခဲ့ပါဘူး

အဖိုးတန်းစကားလုံးတွေ

ပြောချင်နေတာ ကြာပါပြီ

တန်ရာတန်ဖိုးမရမှာစိုးလို့

မပြောခဲ့ပါဘူး

မင်းမျက်ဝန်ရဲ့

ထိုးနက်ချက်တိုင်းက

ငါ့ရဲ့ရင်ကို ခါးသက်စေခဲ့လို့ပါ

ပန်းခေါင်းလောင်းနဲ့ကျောင်းအိပ်မက် အပိုင်း(၅)



အိမ်ကို အမြန်ပြန်ပြီးလစ်ခဲ့ရတာပေါ့...။အိမ်ရောက်တော့ အဖေ့အရိပ်အခြေကိုကြည့်ပြီး

' အဖေ ဒီနေ အပြင်လေးဘာလေး မသွားဘူးလား '

အဖေက ဂျာနယ်ဖတ်နေရာက မျက်မှန်ထဲက မျက်လုံးကိုကျော်ကြည့်ပြီး

' ဘာလုပ်မလို့လဲ...ကားယူသုံးမလို့လား...ယူသွားလေ...သွားစရာမရှိဘူး '

' အဲ...ဟိုလေ..တစ်ခုခုများ
အပြင်မှာသွားမစားချင်ဘူးလား...ကျွန်တော်လိုက်ခဲ့ချင်လို့ '

' မစားချင်ပါဘူး...ညနေစာတောင်စားတော့မှာ..မင်းဘာသာမင်း သွားစားပေါ့ '

သေပီ...ဘယ်လိုမှ အပြင်သွားခိုင်းလို့မရဘူး ကတ်တီးကက်တတ်နဲ့..ဒါဆိုရင်လည်း

' အဖေ...ဟိုဟာလေ..တစ်ယောက်ယောက်က မဟုတ်တရုတ်လာပြောရင် မယုံနဲ့နော် '

' ဒီကောင် အူကြောင်ကြောင်နဲ့ ဘာဖြစ်နေတာလဲ..မင်းဘာတွေ ဗရုတ်သုတ်ခ လုပ်ထားလို့လဲ
'
' အဲ...ဘာမှ လုပ်မထားပါဘူး..ဟီးဟီး..သဘောပြောပြတာပါ '

အိမ်ရှေ့မှာခင်ထိပ်ထားအရိပ်ကိုလှမ်းမြင်လိုက်ရတာကြောင့်အိမ်ပေါ်ကိုအမြန်တက်အခန်းတံခါးပိတ်ပြီး
                            နားစွင့်နေလိုက်ရတယ်။
မျက်ခုံးတွေလည်းလှုပ်လာပြီးပါးတွေကြိမ်းလာတယ်ဘုရားဘုရား...။
ခင်ထိပ်ထားအဖေဦးထိပ်တင်ကအဖေနဲ့သူငယ်ချင်းလေညနေတိုင်း(Chess)စစ်တုရင်ထိုးနေကျ။
     အိမ်ထဲလှမ်းဝင်လာပြီး

' အန်ကယ်...ဟို.....သူရရှိလား'

'  ဟေ...အေး...လာထိုင်သမီး....သမီးအဖေရော..နေကောင်းလား...အားရင်အိမ်လာခဲ့ပါအုံးလို့
သူနဲ့(Chess)စစ်တုရင်မထိုးရတာကြာပြီ '

' ဟုတ်...အဖေနေကောင်းပါတယ်...အလုပ်များနေလို့ မလာဖြစ်တာနဲ့တူတယ်
သမီးအိမ်ရောက်ရင်ပြောလိုက်ပါ့မယ်...ဟိုလေ..အန်ကယ့်ကို သမီးတစ်ခုတိုင်စရာရှိလို့ '

' ပြော....သမီး..ဘာတိုင်မလို့လဲ...ဟိုကောင်သူရကိုလား....'

' ဟုတ်တယ် အန်ကယ်...သမီးကိုဒီစာနဲ့ခွေးတစ်ကောင်လာပေးပြီး သမီးကိုစော်ကားသွားလို့
အန်ကယ်....ဒီကိစ္စသာဖေဖေသိရင်....'

' ဟေ...ပြစမ်းပါအုံးသမီးရဲ့....အဲဒီစာ '

' ဟာ...ဒီကောင်ကွာ...တောက်...သမီးကိုအန်ကယ်တောင်းပန်ပါတယ်ကွယ်....အန်ကယ်
ဒီကောင့်ကိုဆုံးမပေးထားပါ့မယ် '

' ဟာ....မဟုတ်တာ အန်ကယ်တောင်းပန်စရာမလိုပါဘူး....ဟိုကောင်သူရကိုသာနာနာ
ဆုံးမပေးပါ...သမီးသွားတော့မယ်နော် အန်ကယ် '
' အေးအေး သမီး ဖြေးဖြေးနော် '

ခဏနေတော့ အိမ်အောက်က အဖေ့ရဲ့ခေါ်သံကြားရတယ်

' ဟိုကောင်....ငသူလာခဲ့စမ်း ဒီကို '

(အဖေက ဒီလိုပဲ ကျွန်တော့်ကို ငသူလို့ တစ်ခါတစ်လေကျရင် ချစ်စနိုးနဲ့ ခေါ်တက်တယ်)

' ဗျာ...အဖေ...လာပြီ '

' အေး....လာပြီကိုနောက်ထား လူအရင်လာခဲ့ '

သေပီ....voice အသံက နဲနဲမာတယ် ညစာတော့ ဆန်ပြုတ်နဲ့ပဲညားမလား မြူစွမ်နဲ့ပဲ
ညားမလားမသိဘူး...။အဖေက လက်ထဲကိုင်ထားတဲ့စာရွက်ကိုပြပြီး....

' ဟေ့ကောင်....ဒါက ဘာလဲ '

လက်ထဲမှာကိုင်ထားတာ စာရွက်မှန်းသိရဲ့သားနဲ့ ဒါကဘာလဲလာမေးနေသေးတယ် ငါ့နဲ့

' အဲဒါ....စာရွက်လေ အဖေရဲ့ '

' စာရွက်မှန်းတော့သိတာပေါ့.....ဒါဘာသဘောနဲ့ရေးထားတဲ့ စာရွက်လဲ '

နဲနဲ ခွာနေမှ အခြေအနေမကောင်းရင် ထွက်ပြေးရအောင်လို့

' ဟိုလေ.....အဲ့ဒါက ခင်ထိပ်ထားကို ကူညီတဲ့သဘောနဲ့ရေးထားတဲ့စာပါ '

' ဘာကွ....မင်းက မိဘမျက်နှာကို အိုးမဲသုတ်တယ်ပေါ့ ဟုတ်လား...'

( ငါလည်း ဒီနေ့တစနေကုန် အိုးမဲမကိုင်ရပါလား..... )

' ဒီကိစ္စ....ထိပ်တင်ဝင်းသာသိသွားရင် ငါဘယ်လိုမျက်နှာပြရမလဲဟင် '

(ဗျူတီပါလာမှာ ပေါင်းတင်ပြီးမှပြပေါ့အဖေရ....ဟိ အပြင်မှာတော့ ဘယ်ပြောရဲပါ့မလဲ
ဒေါသကို ဆွပေးသလိုဖြစ်ရင် ပိုနာမှာ)

' အေး....ငါလည်း လက်ဝှေ့ခွေကြည့်ထားပြီးတော့ လက်ယားနေတာ လာစမ်း '

' ခွပ် '

' အောင်....မ.....ငီး '

အား....နားလိုက်တာ...ကျွတ်ကျွတ်...တော်ပီ...နောက်တစ်ခါဆို...ဘယ်တော့မှ
လက်ဝှေ့ခွေဝယ်မလာတော့ဘူး....

' ကလေးမလေးကပြောသွားတာ....ငါကပဲ ဆုံးမသွန်သင်မှု့မရှိတာလိုလို '

' ခွပ် '

' အားးးးး '

( သွားပြီ...ငါတော့ ပြောထိုးထိုးခံရပြီ ) အဲဒီအချိန်မှာ
အမေရောက်လာလို့တော်သေးတယ် .......

 ' တော် ဖေကြီး....ကျွန်မသားကို ဒီလောက်ကြီးရက်ရက်စက်စက်လုပ်စရာ မလိုပါဘူး.....
ဟိုကလေးမလေးပုံစံကိုက နန့်တန့်တန့်နဲ့ မိုင်ကိုပိုတယ်သူပြောသလောက်လည်း
                    ဟုတ်ချင်မှ ဟုတ်မှာပါ။သားအခန်းထဲသွားတော့ အမေ
ခဏနေကျရင် ဆေးလာလိမ်းပေးမယ်။
ဘယ်နှယ့်တော် လူသတ်နေတာကျနေတာပဲ...'

' အေး...မင်းအဲ့ဒီလိုကျက်ကျက် အလိုက် မင်းသားပျက်စီးမယ် '

' ဟိုကောင်.....မင်းကျက်ကျက် သတိထား...နောက်တစ်ခါ ဒီထက်ပိုနာမယ် '

' ကျွန်မသားလေ...ဘယ်မှာ ပျက်စီးနေလို့လဲ....ရှင်သာ ဘီလူးသရဲစီးနေတာ...ကျွန်မသာ
ဝင်မဆွဲရင် ကျိုးကန်းကုန်မှာ...အဲဒီလိုသာဆိ
ု ရှင့်ကိုသေခန်းဖျက်ပစ်မှာ '

အဖေတော့...ဒိုင်ပွဲရပ်နဲ့ ညစာငတ်ပြီ....ကိုယ့်ဖာသာကိုခူးခပ်စားပေတော့....အဲဒီညက
မြူစွမ်နဲ့တစ်ကယ့်ကိုညားတော့တာပဲ...။

မနက်အိပ်ယာနိုးတော့ ပါးတစ်ခြမ်းနာပြီးမျက်လုံးတစ်ဖက်အောင့်နေတယ်။မျက်နှာသစ်ဖို့
မှန်ကြည့်လိုက်တော့မျက်ကွင်းတစ်ဖက်ညိုနေတာ.....သွားပီ..ကျောင်းရောက်လို့ဟိုနှစ်ကောင်
မြင်ရင် ဝိုင်းဟားမှာ။အဖေ မျက်မှန်အကြီးကြီးတစ်လက်တော့ ဘတ်ပြီးတပ်သွားအုံးမှ...။

ကျောင်းသွားခါနီးတော့ အဖေအခန်းထဲ အသာဝင်မျက်မှန် အကြီးကြီးတစ်လက်ယူပြီး
မှန်ရှေ့တပ်ကြည့်လိုက်တော့...အလဲ ခန့်သားပဲ..ဟီဟိ..ဒီအတိုင်းဆိုရင် မျက်ကွင်းညိုတာ
မသိနိုင်တော့ဘူး...ဟာဟ။

ကျောင်းရောက်တော့ ဟိုနှစ်ကောင်အပေါက်ဝမှာ ရပ်စောင့်နေတာနဲ့ ပတ်ပင်းတိုးတယ်။
ကျော်ဇာနည်က ငမျိုးနားကပ်ပြီးတိုးတိုး တိုးတိုးနဲ့ဘာတွေအတင်းတုပ်နေလဲမသိဘူး..ဟွန်း
ယောက်င်္ကျားကြီးတွေဖြစ်ပြီးတော့....။မျက်မှန်တပ်လာတဲ့နေ့မှ...မိုးကလည်းအုံ့နေသေးတယ်။
တက်နိုင်ဘူး...ဆိုင်ကယ်ထားပြီးတော့ အတည်ပေါက်လျှောက်လာတာပေါ့။မောင်မောင်မျိုးက
ရောက်ရောက်ချင်းပဲ.....

' ဟာ...ဘယ်သူများလဲလို့...မျက်မှန်အနက်ကြီးနဲ့ နှဲဆရာ...ဘယ်ရွာမှာအလှုရှိလို့လဲဗျ '

' တိန်....သေဟ '

' မင်းကြီးတော်..မျက်မှန် အနက်ကြီးနဲ့ နှဲဆရာပါ့လား...'

' ဟားဟား...မင်းက မတပ်စဘူး မျက်မှန်းတွေဘာတွေတပ်လာလို့...ဒါနဲ့မင်းတို့အိမ်မှာမနေ့က
လက်ဝှေ့ပွဲရှိတယ်ဆို....မင်းဆိုတဲ့ကောင်တော်တော်နေနိုင်တာ..ငါတို့တောင်မပြောဘူး
ရပါတယ်
စိတ်ဓာတ်လေးတွေသိရတာပေါ့ '

ဟိုကောင်ကျော်ဇာနည် ဖွထားတယ်နဲ့တူတယ်....မျက်ခွက်ကိုက ချလ်းဆီးအသင်းက အနလ်ကာ
ဘောမှန်ထားတဲ့ရုပ်နဲ့....ကျက်သရေကို မရှိဘူး....။

' ပြစမ်း...မင်းမျက်မှန်...ဟာ...မင်း မျက်ကွင်းတစ်ဖက်ညိုနေတယ် ဘာဖြစ်တာလဲ..ဟိဟိ '
ဒီကောင်သိရဲ့သားနဲ့လာပြီးမေးနေတာ..အမြင်ကပ်တာနဲ့...

' မင်းညီမကွာ မနေက အဘွားပေးသွားတာ ပါးစပ်လွန်ပြီး...မျက်ကွင်းညိုသွားတာဟ '
ကဲ မှတ်ပလား....လာပြီးမေးချင်အုံး.....

' ဟားဟား...ငပွဲတို့ကတော့...မနေ့က ငါ့တောင်ချောက်ချသွားသေးတယ်....မင်းရဲ့ရည်းစား
စားစကားပြောနည်းနဲ့ ရည်းစားစာရေးနည်းလေး ငါတို့ကိုပြောပြပေးစမ်းပါ။အတန်းဘက်လျှောက်
ရင်းနဲ့ မင်းရဲ့ ဗျူဟာလေးတွေလင်းစမ်းပါအုံး..'

' အေး...ငါ့တပည့်ကြီးတွေ သိချင်တယ်ဆိုရင်လည်း...ဆရာစားမချန်
ပို့ချပေးရတာပေါ့..အဟမ်း '

' ရည်းစားစကားပြောတယ်ဆိုတာ ဗျူဟာလိုတဲ့ကွ၊ပြီးတော့ အရိပ်အကဲကိုလည်း ထည့်တွက်ရ
သေးတယ်.....ကိုယ်လိုက်ပြောမဲ့ကောင်မလေးက တစ်ခုခုကိုစိတ်တိုနေလားဆိုတာ ကြိုပြီးတော့
သုံးသပ်ရတယ်....အဲ့လိုမှမဟုတ်ပဲ
ဗလိုင်ကြီးသွားပြောလို့ကတော့အဲ့ဒီကောင်မလေးက တစ်ခုခု
ကိုဒေါသထွက်နေတာပဲဖြစ်ဖြစ်စိတ်တိုနေတဲ့အချိန်ပဲဖြစ်ဖြစ်တိုက်ဆိုင်နေရင်တော့
သွားရောပဲ....
သူ့လက်ထဲက ထီး ဒါမှမဟုတ်...ထမင်းချိုင့်နဲ့ အတွယ်ခံလိုက်လို့ကတော့ အရှက်တင်မဟုတ်ဘူး
အသည်းပါ ဟတ်တက်ကွဲသွားနိုင်တယ်ကွ '

' အဲဒါကြောင့်ရှေးရှေးတုန်းက တက္ကသိုလ်တွေမှာ သင်ရတဲ့ အဋ္ဌာရသကျမ်းဆိုတဲ့ယောက်ျားတို့
တက်အပ်တဲ့ ပညာတွေထဲမှာ..ရည်းစားစကားပြောနည်းဆိုတာ ယောက်ျားမှန်ရင် သင်ကိုသင်ရ
တာ...။အဲဒါ....မိန်းမတွေကို
ကြွေလောက်အောင်ပြောနိုင်ပြီလို့ယူဆရင်(Viva)ဗိုက်ဗာအစစ်ခံရတာ။
ဒီသာပါမောက္ခကြီးက မိန်းမလိုပြင်ဆင်ခြယ်သပြီးတာ့ သူကိုရည်းစားစကားပြောရတာ။အဲဒီလို
ကြွေလောက်အောင်ပြောနိုင်ရင်အအောင်ပေးပြီးတော့ သူ့ရဲ့သမီးတော် ဒါမှမဟုတ်တူမတော်တွေ
ထဲက တစ်ယောက်ယောက်ကိုနှစ်သက်မြတ်နိုးရင်အောင်သွယ်လုပ်ပေးတာတဲ့ကွ '

' ဟာ...ဟုတ်လား...တောက်..မိုက်တယ်ကွာ။ဒီမှာသာ အဲဒီလိုရည်းစားစကားပြောနည်းဆိုတာ
သင်ရရင်ကောင်းမှာဗိုက်ဗာ(Viva)စစ်လို့ငါ
ပါမောက္ခကြီးကိုကြွေလောက်အောင်ပြောပြီး သူ့တူမ
ယုယုဇော်ကို သွားတောင်းခိုင်းလိုက်ရုံပဲ..ဟီးဟီး '

အရေးထဲ...မောင်မောင်မျိုးကတစ်မှောက်...

' နေအုံးကျန်သေးတယ် ဟ...အဲ့ဒီပါမောက္ခကြီးကလည်း
လူပျိုကြီး...သူ့တူမတွေလည်းမကျန်တော့ဘူး
အဲ့ဒီပါမောက္ခကြီးလည်းအရမ်းကြွေနေရင်တော့...မင်းလိုကောင်တော့ သေပီဆရာပဲ ဟားဟား...'

အဲဒီအချိန်မှာ ကျွန်တော်တို့ဘေးကနေကျော်တက်သွားတဲ့ကောင်မလေးတစ်ယောက်....ကိုကြည့်ပြီး
မောင်မောင်မျိုးက......

' ဟာ...ငပွဲ...အဲဒါ Physic ကမေနန်းထိုက်တဲ့ ငါနဲ့ဆယ်တန်းတုန်းက
အတူတူပဲ...ငပွဲမင်းပြောတဲ့
ဗျူဟာတွေနဲ့ ပရယ်တီကယ် လက်တွေ့လုပ်ပြစမ်းပါ...အဲ့ဒီကောင်မလေးက သဘောကောင်းပါတယ်
ဒါပေမဲ့.....တိုက်ကွမ်ဒိုမှာတော့ ရွှေခါးပါတ်ရထားတာနော်..ဟဲဟဲ..'

' အော်မငီး....'

ကိုယ့်အပြောနဲ့ ကိုပြန်အကျပ်ခံရပြီ သေရောပဲ...ပေါက်တက်ကရလေးလမ်းကြုံလို့
လက်ဆင်ပေးမိပါတယ်
လက်တွေ့လုပ်ခိုင်းနေပြီ တက်နိုင်ဘူး....ကိုယ်က
သွားရှည်မိတာကိုး...ဟန်ကိုယ်ဖို့တော့ သိက္ခာမကျအောင်
ဝင်လုံးကြည့်ရမှာပဲ....ဘုရားသကြားမလို့
ကိုင်မပေါက်ပါ့စေနဲ့...ဂယ်ပေါက်လေးတော့ရှာထားမှ....သူက
တိုက်ကွမ်ဒိုချမ်ပီယံတဲ့....အီးးးးးးးး

' ဒီ..ဒီမှာခင်ဗျာ....တစ်စိတ်လောက်.....ဒီကနာမည်က
ထိုက်နေမန်းဆို...အဲ...အဲလေ...မှား....မှားလို့
sorry နော်....မေနန်းထိုက်ဆို '

ဒူးတွေကလည်း မခိုင်ချင်တော့ဘူး အရေးထဲ ဒီပါးစပ်က
တစ်မှောက်.....မြတ်စွာဖြား...မျက်စောင်း
ထိုးတယ်....ကိုင်ပေါက်နဲ့နော်...ခွာနေမှ...

' ဟုတ်တယ်....ဘာလုပ်မလို့လဲ '

ဟိုက်...အကွက်ခင်းပြီနဲ့တူတယ်.....အသံကလည်းမာလိုက်တာ..ဟိုကောင်တွေလှမ်းကြည့်တော့
တခွီးခွီးနဲ့ ရူးချင်ယောင်ဆောင်နေကြတာ....သေချင်းဆိုးတွေ...တက်နိုင်ဘူး....ကိုယ်ကစထားပြီး
မှတော့ပြီးအောင်တော့ ကပြရမှာပဲ ဖြစ်လိုရာဖြစ်စေတော့
အောင်မယ်မင်းလို့သာ...အော်အော်ပြီး
ငိုလိုက်ချင်တော့တယ်....ချွေးတွေကလည်းတစ်ကိုယ်လုံးရွဲနေပြီ...။

' ဘာဘာ မှ မလုပ်ချင်ပါဘူး....ကျွန်တော်က ဆယ်တန်းတုန်းက
သူငယ်ချင်းနဲ့တူလို့လေ...အဲဒါ
လှမ်းနှုတ်ဆက်တာ ' တက်နိုင်ဘူးရောချရတော့မှာပဲ

' အူကြောင်ကြောင်နဲ့.....အဲ့ဒီတော့ ဘာဖြစ်လဲ '

' ကျွန်တော် ချစ်တာပေါ့ ...ဟာ....ဟုတ်ပါဘူး.. ' ဒီပါးစပ်ကတော့
သေတွင်းပို့နေပြီ.....

' နင်လိုက်မနှောက်ယှက်နဲ့နော်...ပြီးမှ ငါ့အဆိုးမဆိုနဲ့...'

 ကျွန်တော်လည်း မထူးဇာတ်ခင်းပြီးပေကပ်လိုက်ရတော့တာပဲ...ဘုရားဘုရား...ကိုင်မပေါက်ပစေနဲ့

' နင့်ကိုငါ..ဘယ်နှစ်ခါပြောရမှာလဲ...လိုက်မနှောက်ယှက်ပါနဲ့ဆိုတာ...'

' ဒါ...ဒါနဲ့မှ နှစ်ခါရှိပါသေးတယ်ဟာ...'

မျက်နှာပေါ်မှာနဲနဲပြုံးရိပ်သန်းသွားတယ်.....ဟားဟား...ဒါဆိုအခြေအနေကောင်းလောက်တယ်...။

' ကျွန်တော် Physic ဘက်သွားမလို့လေ အဲ့ဒါလမ်းကြုံမလားမသိဘူး....'

မေနန်းထိုက်က အရှေ့ကို တစ်ချက်ကြည့်လိုက်ပြီး...

' အင်း..လိုက်ခဲ့လေ...ကြုံပါတယ် '

ဟာ...ကော်တာပဲ....ဟိဟိ...အခြေအနေပြောင်းသွားပြီဗျ..အနောက်ကိုလှည့်ပြီးလက်မလှမ်းထောင်
ပြလိုက်တယ်....မင်းတို့ဆရာပါကွ.....မပိုင်ရင်
ဘာမှမလုပ်ဘူး....ဟင်ဘယ်ရောက်သွားပါလိမ့်....
ဟိုက်...အရှေ့မှာမင်းမော်ကွန်းအထိန်းတော်...အဲလေ...မော်ကွန်းထိမ်းဆီပြေးသွားတယ်...သေပီ
ဂယ်ပေါက်လိုက်ရှာကြည့်လိုက်တော့....ဘေးက ရေမြောင်းနဲ့အုပ်ခုံအနိမ့်
မျက်လုံးစုံမှိတ်ပြီချလိုက်
ရတော့တာပေါ့...

ကိုယ်ကိုအမြန်ဝပ်ပြီး လက်အထောက်...ဇွိကနဲပဲ....ဟိုက်...ဘာတွေပါလိမ့်...တိန်...သေဟ
ခွေးမသားတွေ ဖင်သရမ်းသွားတာ...ခွေးချေးတွေ...အီး..သေပီ....ဒီအတိုင်ထိုင်ပြီး အပေါ်က
အသံကို နားထောင်လိုက်တော့....

' ဆရာ...သမီးကို လိုက်နှောက်ယှက်နေလို့...သူ...ဟင်...ဘယ်ရောက်သွားပါလိမ့် '

ဟိုကောင်တွေကလည်းအနောက်ကနေကပ်လိုက်လာတာ ....ဟတ်ကော့ကြီး...
ကျွန်တော့်အနောက်ကပ်လိုက်လာတာကို.....သေပေါ့....

' ဟိုကောင် ငပွဲ ဘယ်ရောက်သွားပါလိမ့်...မျက်စိရှေ့တင်မရှိတော့တာ...'

' ဆရာ..သူ..သူတို့လည်း တစ်ဖွဲ့တည်းနဲ့တူတယ်ဆရာ....အနောက်ကနေ တဟီးဟီးနဲ့
လိုက်လာတာ '

မောင်မောင်မျိုးက ပြာပြာသလဲနဲ့

' ဟာ....မဟုတ်ရပါဘူးဆရာ...ဘာမှမဆိုင်ပါဘူး..ကျွန်တော်တို့ဘာသာ လျှောက်လာတာပါ
ဆရာ....တစ်ကယ်ပါ...'

လက်တစ်ခါခါ...ခေါင်းတစ်ခါခါနဲ့...ရမ်းခါနေအောင်
ငြင်းတယ်...ပြီးတော့..ဘာတွေဆက်ဖြစ်ကြ
တယ်မသိဘူး.....ချေင်းလည်းမကြည့်ရဲဘူး....အညေခအနေ ညိမ်သွားပြီဆိုမှ အသာထွက်ပြီး
ကန်တင်းဘက်.....အမြန်လစ်လက်သွားဆေးရတယ်...ဟူးးးးး ဖြစ်လိုက်မှဖြင့် ဗရုတ်သုတ်ခ
ကြည့်ပဲ....ဒီနေ့ကံမကောင်းပါလားနော်....



Kaspersky 2012

Kaspersky 2012
============
Kasper မှ Kasper ဆိုသောသူများအတွက်ပါ
Kaspersky Antivirus 2012
-------------------------------------
Kav2012.gif
DOWNLOAD

Kaspersky internet security 2012
-----------------------------------------------
kis2012.jpg
DOWNLOAD

Kaspersky Trial Reset
--------------------------------
Tri.jpg
DOWNLOAD

Kaspersky Key
----------------------
Key.jpg
DOWNLOAD

Kaspersky Offline Update
==================
Kaspersky Daily Update
DOWNLOAD
Kaspersky Weekly Update
DOWNLOAD
Kaspersky Monthly Update
DOWNLOAD
Kaspersky Antivirus နဲ့ Internet Security အတွက် ကျွန်တော်ဆိုက်လေးရဲ့ ထုံးဆံလေးအတိုင်း ညာဘက်က Antivirus များအတွက် Update ဆိုတဲ့ Drop Down Menu လေးထဲတွင်ထားရှိပါတယ် ကျေးဇူးတင်မြဲပါဗျာ

Gtalk New Theme

Gtalk Theme အသစ်လေးပါ Smile လေးတွေလည်း ဒီဇိုင်း အသစ်လေးတွေပါပဲ တစ်ခုတော့ရှိတယ် နှစ်ဖက်လုံးမှာ ဒီ Theme လေးကို သွင်းထားမှမြင်ရမှာဖြစ်ပါတယ် အရင်ဆုံး Install လုပ်ဖို့အတွက် DOWNLOAD ဆွဲလိုက်ပါ Password ကတော့ juckzero ပါ  ပြီးတော့ Win7 အတွက်နဲ့ Win XP အတွက်ဆိုပြီး နှစ်မျိုးပါပါတယ် မိမိသုံးတဲ့ Window ပေါ်မှုတည်ပြီးတော့ ရွှေးချယ်လိုက်ပါ ပြီးပါက Gtalk ကိုပိတ်လိုက်ပါ သွင်းမယ့် အမျိုးအစားကို  ရွှေးပြီး Double Click နှိပ်ပြီးတော့ သွင်းလိုက်ရုံပါပဲ သွင်းပြီးသွားပါက Gtalk ကိုပြန်ဖွင့်လိုက်ပါ Setting ထဲကိုဝင်လိုက်ပါ ပြီးတော့ Apperance ကိုရွှေးချယ်လိုက်ပြီး
ညာဘက်နားလေးက Chat Theme အောက်နားက Drop Down Menu လေးကို နှိပ်လိုက်ပြီးတော့ gtalk smilile theme v3.0 by nitin ကိုရွှေးချယ်ပေးလိုက်ပါ တော်တော်လေးကို လှပါတယ် အဆင်ပြေကြပါစေဗျာ ကျေးဇူးတင်မြဲပါဗျာ

Driveနှင့်Folderအားဖြောက်ထားခြင်း

Dirve တွေနဲ့ Folder တွေကို ဖြောတ်ထားကြမယ်
အရင်ဆုံး Folder ဖြောက်နည်းကို ပြောပြပါမယ်

ပထမနည်း
========
 ဖျောက်ခြင်တဲ့ Folder ကို Right Click >> Properties ထဲက Hidden ကို အမှန်ခြစ်ပေးလိုက်ပါ ပီးတော့ Apply ကိုနှိပ်လိုက်ပါ ပီးတော့ OK ကိုနှိပ်လိုက်ပါ ပျောက်သွားပါပီ အဲ့ Folder လေး ပြန်ဖြေခြင်တယ်ဆိုရင်တော့ Start >> Control Panel >> Folder Option ကိုဖွင့်လိုက်ပါ ပီးတော့ View ကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ


အဲ့ထဲက အနီချယ်ပြထားတဲ့စာလုံးတွေကို သေခြာကြည့်ပါ (အပေါ်က နှစ်ခုပဲနော် အောက်က ဟာက ဒုတိယနည်းအတွက်ပါ) ဘာကြောင့်လည်းဆိုတော့ Win XP နဲ့ Win 7 မှာ ကွဟချက်ရှိနေလို့ပါ နဂိုလ်အနေအထားကတော့ Don't Show Hidden Files,folders. or drivers နားလေးမှာ အမဲခြစ်လေးပေးထားပါလိမ့်မယ် အဲ့ဒါလေးကို Show hidden files,folders,and drives ကို ပြောင်းပီး အမဲခြစ်လေး ပေးလိုက်ပါ ပီးတော့ Apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ စောစောက ဖွက်ထားတဲ့ Folder လေးပေါ်လာပါလိမ့်မယ် အဲ့ folder လေးကို Right Click နှိပ်လိုက်ပါ ပီးတော့ စောစောက ပေးထားတဲ့ Hidden ကို အမှန်ခြစ်လေး ပြန်ဖြုတ်လိုက်ပါ ပီးတော့ apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ ပြန်ပေါ်လာပါလိမ့်မယ် ပီးပါက folder option ကိုပြန်သွားပီးတော့ Restore Defaults ကိုပြန်နှိပ်လိုက်ပါ ပီးတော့ Apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ

ဒုတိယနည်း
=======
နည်းနည်းပိုကောင်းပါတယ် ဒုတိယနည်းကတော့ folder လေးတစ်ခုကို ရယူလိုက်ပါ ပီးတော့ Start >> Run (Win+R) ကိုသွားလိုက်ပါ cmd လို့ရိုက်ထည့်ပီးတော့ Enter ကိုနှိပ်လိုက်ပါ အကွက်မဲမဲကြီးပေါ်လာပါလိမ့်မယ် အဲ့နားမှာ ကိုယ့်ထားတဲ့ Folder နားကိုသွားပါမယ် ကျွန်တော်က Desktop ပေါ်မှာထားတော့ cd desktop လို့ရိုက်ထည့်လိုက်ပါတယ် Drive D; ထဲမှာထားတယ်ဆိုရင် D: လို့ရိုက်ထည့်ပီးတော့ Enter နှိပ်လိုက်ပါ အကယ်၍ D: အောက်က 123 ဆိုတဲ့ Folder အောက်မှာ ဖွက်မယ့်ဖိုင်ကို ထည့်ထားမယ်ဆိုရင် D: လို့ရိုက်ပီး Enter နှိပ်လိုက်ပါ D:\> လို့ပေါ်လာပါလိမ့်မယ် အဲ့နားလေးမှာ cd 123 လို့ရိုက်ထည့်လိုပ်ပါ Enter နှိပ်ပါ D:\123> ဆိုပီးပေါ်လာပါလိမ့်မယ် 123 နေရာမှာ ကိုယ့် ရဲ့ folder name ကိုရိုက်ထည့်ရပါမယ် Folder Name တွေကို Space Bar ခံထားခဲ့မယ်ဆိုရင် ဥပမာ 123 4 ပေါ့ဗျာ အဲ့လိုဆိုရင် "123 4" အဲ့လိုရိုက်ထည့်ရပါမယ် မှတ်သားရမှာတော့ Space ဘား ထည့်ထားရင် မျက်တောင်မွှေးကို သုံးရမှာဖြစ်ပါတယ် ဖြောက်မယ့် Folder ရဲ့နေရာက ကိုရောက်ပီးဆိုရင် attrib +a +s +h +r 123 ပီးတော့ Enter သာချလိုက် ပျောက်သွားပါလိမ့်မယ် 123 နေရာမှာက ကိုယ့် Folder Name ကိုထည့်ရမှာပါပီးတော့  ဖွက်တာ ပီးဆီး သွားပါပီ ပြန်ဖောပြပါမယ်
ဒီပုံလေး ထဲကအတိုင်း ပြန်ဖော်ပါမယ်
Show Hidden files, Folders, and drives
Hide extensions for kown file types ကို အမှန်ခြစ်ဖြုတ်ပါ
Hide protected operation system files (recommended) ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ မိမိဖွက်ထားတဲ့ folder ကို မွဲမွဲလေး မြင်ရပါလိမ့်မယ် အဲ့ဒါကို ပထမနည်းအတိုင်း Folder ကို Right Click >> Properties နှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်


Hidden လေးကို ကိုင်တွယ်လို့မရတော့ပါဘူး ပြန်ဖော်လို့လည်းမရပါဘူး အထူးသဖြင့်တော့ ကိုယ့် folder တွေကို Virus ကိုက်သွားရင်ဖြစ်တက်သော ပုံစံလေးပါတယ် အဲ့တော့ ပြန်ဖော်မယ် ဒါက တမင်ဖျောက်ပီးတော့ ပြန်ဖော်တာဖြစ်ပါတယ် Virus ကိုက်သွားလို့ဖိုင်တွေ ပျောက်သွားတယ်ဆိုရင်လည်း ဒီနည်းလေးနဲ့ ပြန်ဖော်လို့ရပါတယ် စောစောက Folder ကိုပြန်ဖော်မယ်ဆိုရင်တော့ အပေါ်က အဆင့်ဆင့် အတိုင်း ပြန်သွားလိုက်ပါ attrib -a -s -h -r 123 လို့ရိုက်ထည့်လိုက်ပါ အော်တိုပြန်ပေါ်လာပါလိမ့်မယ် Properties ထဲမှာလည်း နဂိုလ်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်

တတိယနည်း
==========
Drive တစ်ခုလုံးထဲက ဖိုင်တွေကို ဖျောက်မယ် ပီးတော့ ပြန်ဖော်မယ် အထူသဖြင့် virus တွေလုပ်တက်တဲ့ အကျင့်လို့ပြောရမှာပါ Virus တွေက ကိုယ့်ရဲ့ memory stick ထဲက Folder တွေကို ဖျောက်ပစ်တက်ကြပါတယ် ပြီးတော့ မိမိရဲ့ folder name တွေရဲ့အနောက်နားလေးမှာ .exe ဆိုပြီးတော့ လိုက်ပူးနေပါတယ် သာမန်ကြည့်ရင်တော့မမြင်ရပါဘူး ထူးခြားတာကတော့ Folder တစ်ခုကိုဖွင့်လိုက်တိုင်း ခါတိုင်းပုံစံလေးအတိုင်းမပွင့်နေပဲ new explorer နဲ့ပွင့်နေပါလိမ့်မယ် သိသာပါတယ် ဘာကြောင့်လိုက်ပူးနေရလည်းဆိုတော့ အဲ့ .exe Folder လေးကို တစ်ခုဖွင့်မိလိုက်တိုင်း virus ကို Auto Install လုပ်ပါတယ် ဖွင့်ဖန်များလာတော့ ကိုယ့်ကွန်ပျူတာလည်း virus လက်အောက်ခံဖြစ်သွားတာပေါ့ဗျာ အဲ့.exe ဆိုတာလေးကို  တွေ့ခြင်တယ်ဆိုရင်တော့ ထိပ်ဆုံးပုံလေးနားကအတိုင်း Hide extensions for kown file types ကို အမှန်ခြစ်ဖြုတ်ပါ ဒါဆိုရင်တွေ့ရပါလိမ့်မယ် .exe တွေကို အဲ့ဒါတွေအကုန်လုံးက ဖိုင်အမှန်မဟုတ်ပါဘူး အကုန်ဖြတ်ပစ်လည်းမိမိ Data တွေမရှုံးပါဘူး ရှိနေပါသေးတယ် Virus ကဖြောတ်ထားခြင်းဖြစ်ပါတယ် ပြန်ဖော်လို့ရပါတယ်  ကြုံခဲ့ရင် ဖြေရှင်းလို့ရအောင်ပါ ခုလောလောဆယ်ဖျောက်ပါပါမယ် Start >> Run (win+r) ကိုဖွင့်လိုက်ပါ cmd လို့ရိုက်ထည့်ပီးတော့ enter နှိပ်လိုက်ပါ ပြီးတော့
attrib +s +h +r n:\*.* /s /d ဆိုတာလေးကိုရိုက်ထည့်လိုက်ပါ မရိုက်ခင်မှတော့ n: ဆိုတာလေးကို သတိထားလိုက်ပါ အဲ့နားလေးမှာ မိမိဖြောက်ခြင်တဲ့ Drive Name ကိုထည့်ရမှာဖြစ်ပါတယ် ဥပမာ D: ကို ဖြောက်ခြင်တယ်ဆိုရင်တော့ attrib +s +h +r d:\*.* /s /d လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် မိမိရဲ့ memory stick လေးကိုပဲစမ်းပါနော် တော်ကြာမဆိုင်တာတွေဖြစ်ကုန်မှာဆိုးရိမ်လို့ပါ အဲ့ဒါလေးကို ပြန်ဖော်ခြင်တယ် ဒါမှမဟုတ် virus က မိမိ memory stick ထဲက ဖိုင်တွေကို ဖြောက်ထားလို့ ပြန်ဖော်မယ်ဆိုရင်တော့ attrib -s -h -r d:\*.* /s /d ရိုက်ရိုက်ထည့်လိုက်ပါ + နေရာမှာ - ပြောင်းလိုက်တာပဲဖြစ်ပါတယ် Folder လေးတွေကို ဖြောက်နိုင်ဖောင်နိုင်ကြပါစေဗျာ Virus တွေကို Manual သတ်နည်းနဲ့ အပြင်းအထန် ကိုယ်ပိုင်ကာကွယ်နည်းလေးကို ရေးပေးပါမယ်

Driver တွေကို ဖျောက်မယ်
=================
ဒါကတော့ ဥပမာ မိမိ ကွန်ပျူတာကို သူများအသုံးများတယ်ထားဗျာ အဲ့တော့ ကိုယ်က Drive  C: D: E: သုံးခုရှိမယ်ဆိုရင်တော့ ကိုယ်က E: ထဲမှာ လှို့ဝှက်ချက်တွေကို သိမ်းထားမယ် Personal Data တွေပေါ့ဗျာ အဲ့ဆိုသူများကို ကွန်ပျူတာ ပေးမသုံးတော့လည်း မကောင်း ကိုယ့် Data တွေကို ကြည့်သွားမှာ ကူးသွားမှာ ကြောက်တယ်ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်လိုက်ပါ အဆင်ပြေပါတယ် နည်းလေးတွေကတော့များပါတယ် ကဲစလိုက်ကြတာပေါ့ဗျာ

ပထမနည်း
========
My Computer ကို Right Click နှိပ်လိုက်ပါ ပြီးတော့ Manage ထဲကိုဝင်လိုက်ပါ ပြီးတော့ Disk Management ထဲကို ဆက်ဝင်လိုက်ပါ အဲ့ထဲမှာ မိမိ Drive မှာခွဲထားတဲ့ Partition တွေကိုတွေ့ရမှာဖြစ်ပါတယ် မိမိဖြောက်ခြင်တဲ့ Drive ကို ကလစ်လိုက်ပါ ဥပမာ Drive E: ကိုရွှေးလိုက်မယ်ဗျာ ပြီးတော့ Drive E: တည့်တည့်မှာ Right Click နှိပ်လိုက်ပါ ပြီးတော့ Change Drive Letter and Paths ... ဆိုတာလေးကို နှိပ်လိုက်ပါ Box လေးတစ်ခုပွင့်လာပါလိမ့်မယ် အဲ့နားလေးမှာ မိမိဖြောက်ခြင်တာ E: ဖြစ်တဲ့အတွက် E: ဆိုတာလေးကို တစ်ချက်ကလစ်ပေးလိုက်ပြီးတော့ Remove ဆိုတာလေးကို နှိပ်လိုက်ပါ Disk Management ဆိုတဲ့ Box လေးပွင့်လာပြီး Yes လား No လားဆိုတာလေး ကိုမေးလာပါလိမ့်မယ် ကိုယ်က ဖြောက်မှဖြစ်တဲ့အတွက်ကြောင့် Yes ကိုနှိပ်လိုက်ပါ နည်းနည်းလေးစောင့်လိုက်ပါ ပြီးတော့ Win+E သို့မဟုတ် My Computer ကိုဖွင့်ကြည့်လိုက်ပါ ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ် အကယ်၍ မပျောက်ခဲ့ဘူးဆိုရင် restart ချကြည့်လိုက်ပါ ပျောက်သွားပါလိမ့်မယ်   ပြန်ဖော်မယ့်နည်းလေးကိုပါ  ပြေပြပါမယ် ပြန်ဖော်မယ်ဆိုရင်တော့ စောစောက နည်းလေးအတိုင်းပဲ အဆင်အလိုက်ပြန်သွားလိုက်ပါ Disk Management ကိုရောက်ပြီဆိုရင်တော့ Drive Letter မပါတဲ့ partition ကိုတွေ့ရပါလိမ့်မယ် စောစောက ကိုယ်ဖြောက်ခဲ့တဲ့နေရာလေးမှာပဲ ရှိမှာဖြစ်ပါတယ် အဲ့ဒါလေးကို Right Click နှိပ်လိုက်ပါ ပြီးတော့ Change Drive Letter and Paths ...  ဆိုတဲ့အထဲကိုပဲပြန်ဝင်လိုက်ပါ Box လေးတစ်ခု ပြန်ကြလာပါလိမ့်မယ် အဲ့နားလေးမှာ Add ကိုနှိပ်လိုက်ပါ ပြီးတော့ Assign The following drive letter ဆိုတာလေးကို အမဲစက်လေး ပေးထားတာ တွေ့ရပါလိမ့်မယ် ညာဘက်နားလေးမှာ E ဆိုပြီးတော့ ညာဘက်ကပ်ရပ်လေးနားမှာ မြားလေးတစ်ခုကို တွေ့ပါလိမ့်မယ် အဲ့ဒါလေးကို နှိပ်လိုက်ပါပြီးတော့ ကိုယ်ကြိုက်တာစ်ခု ကိုရွှေးလို့ရပါတယ် ကိုယ်က ဖြောက်ထားတာ E: ကို E: လို့ပဲ ပြန်ပေါ်စေခြင်တယ်ဆိုရင်တော့ E ကိုပဲရွှေးပေးပြီးတော့ OK ကိုနှိပ်လိုက်ပါ ပြီးတော့ My Computer ကိုပြန်ဖွင့်ကြည့်လိုက်ပါ ပြန်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်
မှတ်ချက် >>> Win7 မှာဆိုရင်တော့ Drive ကိုဖြောက်ပြီးနည်း လမ်းစဉ်ပြီးပါက restart မချပါက အဲ့ Drive လေးကပေါ်နေပါမယ် ဒါပေမယ့် အသုံးပြုလို့မရပါဘူး ပြန်ဖော်မယ်ဆိုရင်လည်း တစ်ခါတစ်လေ ချက်ခြင်းရသလို တစ်ခါတစ်လေမှာ restart ပြန်ချရပါတယ်

ဒုတိယနည်း
=========
Start >> Run (Win+R) ဟုနှိပ်လိုက်ပါ Run Box ပွင့်လာပါလိမ့်မယ် အဲ့နားလေးမှာ regedit လို့ရိုက်ထည့်လိုက်ပါ ပြီးတော့ အောက်က အဆင့်အတိုင်းသွားလိုက်ပါ HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer သို့အရောက်သွားလိုက်ပါ တစ်ချို့ကွန်ပျူတာမှာတော့ Policies နားရောက်ပြီးတော့ Explorer ကို ဆိုတာမရှိနေပါဘူး ဒါကြောင့် Explorer ဆိုတာလေးကို စောက်ပေးရမှာဖြစ်ပါတယ် Explorer ဆိုတဲ့ Key လေးတစ်ခုစောက်ဖို့အတွက် Policies ကို Right Click နှိပ်လိုက်ပါ ပြီးတော့ New ပြီးတော့ Key ကိုရွှေးပေးလိုက်ပါ Name ကို Explorer လို့ပေးလိုက်ပါ ပြီးတော့ Explorer ရဲ့ညာဘက်ခြမ်းမှာ မှာ Right Click နှိပ်လိုက်ပါ ပြီးတော့ New->DWORD (32) ကိုယူလိုက်ပါ reg key လေးတစ်ခု ကျလာပါက NoDrives လို့နာမည်ပေးလိုက်ပါ ပြီးတော့ဖွင့်လိုက်ပါ Value Data မှာ 0 လို့မြင်တွေ့ရပါမယ် အဲ့ဒါလေးကို ပြောင်ပေးရမှာဖြစ်ပါတယ် ပြောင်းဖို့အတွက်
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048, M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288, U: 1048576, V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432, ALL: 67108863 ဒီဂဏာန်းလေးတွေက ကိုယ်ဖျောက်ခြင်တဲ့ Drive တွေအတွက်ဖြစ်ပါတယ် ဥပမာ Drive A: ကိုဖြောက်မယ်ဆိုရင် Value Data မှာ 1 လို့ဖြည့်ပေးရပါမယ် ထိုနည်းအတူ Drive X: ကိုဖြောက်မယ်ဆိုရင်တော့ 8388608 လို့ပြောင်းပေးရပါမယ် Drive အားလုံးကိုဖြောက်ထားမယ်ဆိုရင်တော့ 67108863 ကိုရိုက်ထည့်ရမှာဖြစ်ပါတယ် အကယ်၍ Drive D: နှင့် Drive E: ကို ဖြောက်ခြင်တယ်ဆိုရင်တော့ Drive D: ရဲ့ Value နဲ့ Drive E: ရဲ့ Value ကို ပေါင်းရမှာဖြစ်ပါတယ် (8)D:+(16)E: = 23 ဖြစ်လို့ Value Data မှာ 23 လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် ပြီးတော့ ကွန်ပျူတာကို restart ချလိုက်ပါ မိမိဖြောက်ထားတဲ့ Drive လေးကို မတွေ့ရတော့ပါဘူး ကဲအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ဒီနည်းလေးကို ကျွန်တော် အရမ်းကိုကြိုက်ပါတယ် တော်ရုံတန်ယုံဆိုရင်မသိဘူးပေါ့ဗျာ ဖြောက်ထားတာကိုပြောတာပါ ပထမနည်းက အသုံးပြုခွင့်ကိုပါ ပိတ်ထားတာပါ ဒီနည်းကတော့ အိုက် Drive လေးကို အသုံးပြုလို့ရပါတယ် ကိုယ်က Drive D: ကိုပိတ်ထားမယ်ဆိုရင် Start >> Run (Win+R) ကိုနှိပ်လိုက်ပါ ပြီးတော့ d: လို့ရိုက်ထည့်လိုက်တာနဲ့ Drive D: ပွင့်လာပါလိမ့်မယ် အကယ်၍မလိုခြင်တော့ဘူး ပြန်ဖြတ်ခြင်တယ်ဆိုရင်တော့ အပေါ်က Registry အဆင့်အတိုင်းဝင်သွားလိုက်ပါ ပြီးတော့ ကိုစောစောက ဆောက်ထားတဲ့ NoDrives ဆိုတဲ့ DWORD ကို Delete ပေးလိုက်လိုက်ရင်ရပါပြီ အဆင်ပြေကြပါစေဗျာ ကျွန်တော်ပိုစ့်ရေးတာ အရမ်းနှေးပါတယ် အလုပ်တစ်ဖက်နဲ့ ရေးရတာမလို့ နားလည်ပေးကြပါဗျာ ဒီပိုစ့်လေးကိုတောင် ကျွန်တော် ၁ ပတ်လောက် နည်းနည်းရ နည်းနည်း ရေးခဲ့တာပါ နောက်ရေမယ့်ပိုစ့် ခေါင်းစဉ်လေးကတော့ Virus အားကာကွယ်ခြင်းကို ရေးမယ်လို့ စိတ်ကူးထားပါတယ် ကျေးဇူးတင်မြဲပါဗျာ

' ပန်းခေါင်းလောင်းနဲ့ကျောင်းအိမ် မက် '' အပိုင်း(၄)


 ည(၉)နာရီခွဲ...အဆောင်ရှေ့မှာဂစ်တာတီးပြီးဖိုသံပေးနေတဲ့အဲ့လေသီချင်း
ဆိုနေတဲ့အဖွဲ့တွေကဟိုတစ်စုဒီတစ်စုနဲ့ပေါ့။တစ်ဖွဲ့သီချင်းဆိုပြီးရင်တစ်ဖွဲ့ဆို
ဖို့အလှည့်ပေးလိုက်နဲ့ချစ်စရာကောင်းတဲ့ဓလေးလေးတွေနဲ့မန္တလေး
တက္ကသိုလ်ရဲ့ညချမ်းလေးဟာရင်ခုန်လှိုက်မောစရာသံစဉ်တွေနဲ့ပြည့်နေလေရဲ့။
ရည်မှန်းထားတဲ့အဆောင်အရှေ့မှာရင်ထဲကသီချင်းတွေနဲ့အဆောင်သူရဲ့နှလုံးသား
ထဲအရောက်ရွှေနားတော်သွင့်ဖို့ခေတ်အဆက်ဆက်ဘယ်တော့မှမရိုးတဲ့ပိုးနည်း
လေးပေါ့။

 ဟိုတုန်းကဆိုရင်မန္တလေးတက္ကသိုလ်ရဲ့နာမည်ကြီးအဆောင်တွေဖြစ်တဲ့ရွှေမန်းဆောင်
သစ္စာဆောင်၊ရွှေပြည်အေးအဆောင်တွေရှေ့မှာသွားပြီးသီချင်းဆိုရတာလေ။အခုတော့
တက္ကသိုလ်ဂိတ်ပေါက်ကညရောက်ရင်ပိတ်ထားတော့လွမ်းမိပါတယ် ကိုအငဲပြောသလို
ဟိုးတုန်းက မန်းန္တလေးည....။

 ကျွန်တော်ဂစ်တာကြိုးညှိပြီးတော့ဒီကောင်တွေအဆင်သင့်ဖြစ်ပြီလားကြည့်လိုက်
တယ်။မောင်မောင်မျိုးကဆိုင်ကယ်တူးဘောက်ထဲကမီးသီးလေးတွေပါတဲ့အားသွင်း
ဓာတ်မီးလေးထောင့်ရှည်ရှည်လေးထုပ်မီးဖွင့်ပြီးမြေကြီးပေါ်ချပြီးတော့ဖိနပ်ကိုချွတ်ဖင်
ခုထိုင်လိုက်ပြီးသီချင်းစာအုပ်ကိုခါးကြားကထုပ်လိုက်တယ်။

 ဒီကောင့်ကိုကြည့်ပြီးတော်တော်လေသွားတယ်ဗရုတ်သုတ်ခကတော့စပြီ၊။ခွက်ကလေး
ပါချထားလိုက်လို့ကတော့အဆောင်ရှေ့ဂစ်တာလာတီးတဲ့သူတောင်းစားတွေမှတ်နေတော့
မှာ။

 ကျွန်တော်လည်းပြောမနေချင်တော့ဘူးတစ်ချို့ဆိုကွက်ကြည့်ကွက်ကြည့်နဲ့ကျော်ဇာနည်
သာဖောက်ပြီးဝါးဆစ်ပိုင်းလေးတွေနဲ့ငပိအိုးကိုသားရေကျစ်ထားတဲ့ဗုံပုံစံလိုဟာမျိုးများ
ဆိုင်ကယ်တူးဘောက်ထဲကမချလာမလားလို့ရင်တမမနဲ့ကြည့်နေရတာအဲ့သလိုဆိုလို့က
တော့သွားပြီဂဲမလောက်သူတောင်းစားဝိုင်းအဖွဲ့ပဲ...။

 ကျော်ဇာနည်ကတော့ခပ်တည်တည်ပဲခါးကြားကရှည်ရှည်ပုံစံလေးထုပ်လိုက်တယ်....
ဟင်...ဘာပါလိမ့်....အဲ....ဘာဂျာ....ဗျ.....ဘာဂျာ....ဒီကောင်ဘာဂျာမှုတ်တော့မယ်။
ဘယ်ကတည်းကတေးထားလဲမသိဘူးဘာဂျာကြီးတပြင်ပြင်နဲ့ပေါက်တက်ကရမှုတ်တော့မယ်။

 အဲ့ဒီအချိန်မှာအဆောင်ရဲ့ပြတင်းပေါက်ကလူရိပ်တွေ့ရတယ်မီးပျက်နေတော့ဘယ်သူမှန်လဲ
သဲသဲကွဲကွဲမသိဘူး။ကျွန်တော်လည်းဖြစ်လိုရာဖြစ်စေတော့ဆိုပြီးစိတ်ကိုဒုန်းဒုန်းချပစ်လိုက်
တော့တယ်...။

 ' ကဲ...ဘယ်သီချင်းစဆိုမလဲ...'

 မောင်မောင်မျိုးက...' ဟိုသီချင်းလေကွာ...ဘာတဲ့တက္ကသိုလ်နဲ့ပါတ်သတ်တဲ့သီချင်းလေကွာ
ကိုဂျက်ကြီးအိမ်ထိပ်ကလရိပ်ပြာဆိုလားဘာလား..'

 ' မင်းဂျီးတော်ကိုဂျက်ကြီးအိမ်ထိပ်ကလရိပ်ပြာရမှာလား...ဂျက်ဆင်ထိပ်ကလရိပ်ပြာပါမင်းကွာ
မတန်မရာမဆိုစမ်းပါနဲ့...'

 ' လုပ်စမ်းပါငပွဲရာ..အဲ့ဒီသီချင်းကိုနီလာလေးကကြိုက်လို့တဲ့ငါအခေါက်ခေါက်ဆိုပြီးကျင့်ထားရ
တာပါကွာဒီမယ်သီချင်းစာအုပ်တောင်ပါလာသေးတယ်မေ့ရင်ကြည့်ပြီးဆိုဖို့ '

 အဖွင့်တီးလုံးစတီးလိုက်တယ်...မောင်မောင်မျိုးက..'ဟေ့ကောင်စဆိုရမယ့်နေရာရောက်ရင်ငါ့ကို
လက်တို့အုံးနော်
'ရဘယအင်းလက်တော့မတို့ဘူးငယ်ထိပ်ကိုဖနောင့်နဲ့ပဲထပေါက်ပြစ်ချင်နေတာ....။

 ဆိုရမယ့်နေရာရောက်တော့ဆိုင်ကယ်ပေါ်ကထိုင်ပြီးဂစ်တာတီးနေရာကနေဒီကောင့်တင်ပါး
ခြေနဲ့ခပ်လိုက်တယ်.....။

 ' ဂစ်တာကိုင်ကာကိုယ်သီဆိုနေမယ်...ရင်မှာနာကျင်စွာဆွေးတယ်....အပြင်မှာမှောင်ရီနိုးတစ်
   ဝက်နဲ့သူဟာခင်တွယ်နေမှာပါပဲကွယ်....မီးမထွန်းတဲ့အခန်းကျဉ်းလေးထဲလိပ်ပြာငယ်လေးဝဲ..'

 ဒီအချိန်မှာကံဆိုးချင်တော့ဓာတ်မီးကအားကုန်သွားတယ်ထင်တယ်မီးကမှိန်မှိန်သွားပြီးပိတ်သွား
တယ်။

  ' ဟ..ဟ...လုပ်ပါအုံး...'

 ဒီကောင်ဘာလုပ်ရမှန်းမသိဘူးစာသားတွေလည်းမေ့ကုန်တယ်နဲ့တူတယ်ရသလောက်အတည်
ပေါက်ဆက်ဆိုတယ်ဟိုအကောင်ကလည်းတဂွီဂွီတဂွမ်နဲ့မှုတ်တယ်ကီးလည်းမကိုက်ဘူး..ဘာတွေ
မှန်းကိုမသိဘူးစိတ်ကူးတည့်ရာလုပ်နေတာ....သေသာသေလိုက်ချင်တော့တယ်။

 ' ဆွေးမိတယ်..ဟယ်.....ဂျက်ဆင်ထိပ်ကလရိပ်ပြာရယ်....လွမ်းမိတယ်..'
 ' ဂျက်ဆင်ထိပ်ကလရိပ်လေးပါပဲ...'  အံမယ် ဘာဂျာမှတ်ရင်းနဲ့ဟာမိုနီလိုက်ထောက်သဟ။
 ' နွေကျောင်းပိတ်ရက်တွေဆို....သူငိုချင်တယ်......ပြန်မလာနိုင်ပြီပဲ...
 ဘယ်မှာမှန်းကိုမသိတော့ပါ.....အဆောင်သူလေးမှာဆွေးမြေ့လို့ကျေကွဲ...'
 ' ဂျက်ဆင်ထိပ်ကလရိပ်ပြာရယ် '

 ဒီကောင်ဝါးချနေပြီခေါင်းတွေကုပ်ဖင်တွေကုပ်နဲ့

 ' ငပွဲ...ငါ ငါ မရတော့ဘူး...ပီးရင်ဘာဆိုလားပဲ..'

 ' ဟ...မင်းဆိုတာနဲ့ငါတောင်သီချင်းတွေမေ့သွားပြီကွ '

 ' လုပ်လုပ်ပါအုန်းကွာ...ဟိုကောင်မင်းဘာဂျာကြီးခဏထားလိုက်အုံး..မင်းနဲ့ငါနဲ့
အတူတူလေ့ကျင့်ထားတာလေကွာအဲ့ဒါကုဆိုအုံး...'

 ' ဟာ...ငါလည်း...ဟာမိုနီလောက်ပဲရတာကွ '

  ဒီလိုနဲ့သီချင်းကဟိုမရောက်ဒီမရောက်နဲ့ပြီးသွားရော ' အဲ့ဒါဆိုလည်း...နောက်တစ်
ပုဒ်ကွာ...ဟိုသီချင်းလေဆောင်းဦးလှိုင်ဆိုတာဒီအချိန်ကျောင်းတော်ကြီးရဲ့အလည်မှာပါ
တဲ့သီချင်းကွာ...။ အပေါ်ဝရန်တာဘက်ကတံခါးနားကတော့တခွီးခွီးနဲ့.......ဒီမသာတွေ
လုပ်ပေါက်ကတော့စိတ်ကတော့လုံးလုံးမပါတော့ဘူး...။

 အင်ထရိုတီးလုံးတီးပေးလိုက်တယ်.....

 ' ဒီအချိန်ကျောင်းတော်ကြီးရဲ့အလည်မှာ...စိန်ပန်းတွေလည်းပွင့်နေပြီကွာ
 အချိန်စက်ဝိုင်းများက...ကုစားမပေးနိုင်ပါ..အိမ်မက်ရယ်မပြယ်ဘူးကျောင်းသားဘဝ
 တစ်ခါကငါ့ချစ်သူ..မဆိုင်သလိုသာလူ့လောကလမ်းများထဲမှာ..အဲအဲ့ဒါပြီးတော့ဘာလဲဟင်

 ' ဟာကွာရသလိုသာဆိုတော့ '
 ' ဟေ့ကောင်လေညှာရပ်ကအချစ်ဆိုမယ်မင်းဘေးဖယ်ဘာမှလည်းဟုတ်တိပါတ်တိမရဘူး '

 ဒီမသာကလာပြန်ပြီလေညှာရပ်ကအချစ်တဲ့..မောင်မောင်မျိုးကတော့ကြောင်တောင်တောင်နဲ့
ဘေးနားမှာထိုင်ပြီးမကျီးပင်ကြီးကိုလှမ်းကြည့်ပြီးကျက်သီးထပြတယ်။ဒီကောင်မကျီးပင်ကသရဲ
ကိုအခုမှသတိရသွားတယ်နဲ့တူတယ်...။

 ' ငပွဲ ဂစ်တာတီးကွာ ငါလေညှာရပ်ကသီချင်းဆိုမယ်မင်းလည်းရလား '
 ' အင်းနဲနဲရပါတယ်မင်းဘာသာဆိုစမ်းပါ ငါအနောက်ကထောက်ပေးမယ်'
 ' ဟင်..' ' မင်းသီချင်းမရရင်ငါလိုက်ဆိုပေးမယ်လို့ပြောတာ '
 ' အေး...အေးပါကွာ...'

 ' မုတ်သုံလေလို...မြောက်ပြန်လေလို....ရာသီလေမျိုးမဟုတ်ပါ
 ကိုယ့်အချစ်က....အမြဲတမ်းရင်မှာတိုက်ခိုက်နေမဲ့အရာ.......
 ဟိုးတောင်ပေါ်နှင်းငွေ့လည်းပါရဲ့....ဟိုးတောင်ခြေ...ဖုတ်ငွေ့လည်းပါရဲ့
 ဟိုးအင်းအိုင်ပင်လယ်သမုဒ္ဒရာ...က န္တာရမကျန်အောင်နီးမလောက်ချစ်တယ်
 ချစ်မလောက်ရူးမယ်....နှလုံသားရဲ့ကံဘယ်ကလာ '

အဲ့ဒီအချိန်မှာခွေးတစ်ကောင်ကကျွန်တော်တို့ကိုကြည့်ပြီးဆွဲဆွဲငင်ငင်အူပါလေရော။
ညနေကစားထားတဲ့ဒညင်းသီးနဲ့ပဲကြီးလှော်ကလည်းအစွမ်းပြလာတာနဲ့တစ်လုံး
လွှတ်လိုက်တယ်....တက်နိုင်ဘူး....။

 ' လေညှာရပ်ကအချစ်....လေညှာအရပ်ကအချစ်..'

 အဲ့ဒီအချိန်မှာမောင်မောင်မျိုးက ' ဟေ့ကောင်တွေ ငါ့ကိုတော့ မကျီးပင်ပေါ်ကသရဲ
ခြောက်ပြီနဲ့တူတယ် ငါ့နှခေါင်းထဲအပုတ်နံ့ရတယ်...အနံ့ကြီးကလည်းစူးလို့ကွငါတို့အနား
ရောက်နေလားမသိဘူးကွာခွေးကလည်းငါတို့ကြည့်ပြီးအူနေတာကွ ငါ..ငါ...ကြောက်လာ
ပီကွ...နောက်တစ်ဆောင်ပြောင်းဆိုရအောင်ပါကွာ....ဒီမှာဘယ်သူမှလည်းအားမပေးဘူး
နော်လို့အပြန်ကျရင်ကီးမားဆိုင်ကတင်ဝင်းဝယ်ကျွေးပါ့မယ်ကွာ။

 တောက်သီချင်းဆိုကောင်းနေပြီဆိုရင်ဒင်းကတစ်မှောက်
 ' ကီးမားဆိုင်ကတင်ဝင်းကို ငါတို့က ဘာလုပ်ရမှာလဲ မင်းဟာက '
 ' အဲ..ဟုတ်ပါဘူး...စကားပြောလောကြီးသွားလို့ပါ တင်ဝင်းက ကီးမားဝယ်ကျွေးပါ့မယ်လို့
 ပြောတာပါကွာ...လာပါ..နောက်တစ်ဆောင်သွားမယ်။

 အင်းလေညှာအရပ်ကအချစ်သီချင်းလည်းလေတင်အရပ်က ဒညင်းသီးအနံ့နဲ့တွေ့သွားပါ
လေရော ကျွန်တော်လည်းရှင်းပြမနေတော့ပါဘူး...။

 ဒီလိုနဲ့သွားလိုက်ကြတာအဆောင်တစ်ဆောင်ရှေ့ရောက်တော့မောင်မောင်မျိုးကအေးဒီ
အဆောင်လာတီးတဲ့လူမရှိဘူးကွအေးဆေးပဲ။ '' နေအုံးဒီအဆောင်က ဧရာစိုးသိမ်း တို့
အဆောင်ထင်တယ်ကွ ဟို Chemistry မေဂျာက Queen လေကွာဒီမှာဆိုရအောင်...။
မီးကလည်းအခုထက်ထိမလာသေးဘူးကွ မှောင်မဲနေတာပဲ။ဒါပေမဲ့ ငါ့အသံတော့ သူမှတ်မိ
လောက်တယ်ကွ..ဟီးဟီး...အသံကြားရင်လူလုံးထွက်ပြမှာ' ။

        ' ငပွဲ..ကျောင်းပုံပြင်တီးကွာ....အဲ့ဒီသီချင်း ငါလည်းရတယ် '

အဲဒီလိုနဲ့ဆိုချင်သလိုဆိုတီးချင်သလိုတီးနဲ့သီချင်းတစ်ပုဒ်ပြီးသွားတယ်။ခဏနားတုန်း
        အဆောင်ကိုသေသေချာချာကြည့်မိတယ်
ကပြင်ဝရန်တာမှာဘာတွေလည်းမသိဘူးလှန်း
ထားတယ် အဆောင်ဘေးကနေကပ်ကြည့်လိုက်တော့......

                  ' ဟာ....ပုဆိုးတွေ....သေရော '

အဆောင်ဆိုင်းဘုတ်ကိုလိုက်ရှာပြီးသွားကြည့်လိုက်တော့ (ယောက်ျားလေးဆောင်)

                ' ဟိုက်.....သောက်ကျိုးတော့နဲပြီ '

 ' တောက်...ယောက်ျားလေးအဆောင်နဲ့ မိန်းခလေးအဆောင်များ လွဲရတယ်လို့...
  သေချင်းဆိုး ငမျိုး...ဒင်းတော့လား...'

အဲ့ဒီအချိန်မှာ အဆောင်ပေါ်ကနေ ' အသဲလေးရေနောက်တစ်ပုဒ်လောက် '

              ' အောင်မငီး...လူလုံးတော့ထွက်ပြပီဗျ....'

အမြန်လစ်မှ တော်ကြာသူတို့လာကြူတယ်မှတ်ပီ ဘဲကြီးတွေတစ်ဆောင်လုံး
                         ထွက်ဆွဲနေမှ ငါးပါးတင်မဟုတ်ဘူး သံဃာစင်ပါ
ကျိုးကျမှာ.......။

--------------------  ****************  -------------------

 တနင်္ဂနွေနေ့လည်ပိုင်းမှာကျောင်းကလည်းပိတ်ထားအလုပ်ကလည်းအားနေတာနဲ့
ထမင်းစားပြီးလမ်းသလားလာလိုက်တာ အရှေ့မှာပဲများပြီး ကြောင်လျှောက်နေ အဲလေ
မော်ဒန်တစ်ယောက်ကိုလိမ်ဖယ်လိမ်ဖယ်နဲ့လျှောက်နေတာ မြင်ဖူးသလိုတော့ရှိသား။
 အနောက်ကနေဆိုတော့မရှင်းမရှင်းနဲ့အရှေကျော်တက်ပြီးကြည့်လိုက်တယ်....

သြအော်... ' ခင်ထိပ်ကား... အဲ့လေ....ခင်ထိပ်ထား...ဟီးဟီး နေကောင်းလား နင်
တစ်ယောက်ထဲလား....ဟင်စကားလည်းပြန်မပြောဘူး '

 ' ဘာလဲ..ဝမ်းသာလုံးဆို့ပြီး စကားပြောမရဖြစ်သွားတာလား ဒီလိုမျိုးကဖြစ်တက်တယ်ဟ
ကိုယ်အရမ်းမျှော်လင့်နေတဲ့လူတစ်ယောက် မမျှော်လင့်ပဲကိုယ်အရှေ့ရောက်လာတော့...
ဘယ်လိုခေါ်မလဲဟာ......ဟတ်ထိသွားတာပေါ့ '

 ' ငသူ နင် လိုက်မနှောက်ယှက်နဲ့နော် ငါနင့်အမေနဲ့ သွားတိုင်မှာ '

 ' နင်ကလည်းဟာ...စိမ်းကားလိုက်တာ...ငါ ဘယ်မှာလိုက်နှောက်ယှက်နေလို့လဲ
ကိုယ့်သူငယ်ချင်းတစ်ယောက်ထဲအဖော်မပါပဲလမ်းလျှောက်ထွက်လာတာ လူဆိုးသူခိုး
တွေနဲ့တွေ့သွားရင် ဘယ်နှာ့လုပ်မလဲဟ '

 ' သြ ဒါက ဥပဒေမရှိတဲ့မင်းမဲ့နိုင်ငံမဟုတ်ဘူးဟဲ '

 ' အေးလေ အဲ့ဒါကြောင့်နင့်ကို ငါစိတ်မချလို့ အဖော်လိုက်ပေးတာပေါ့ဟ '

 ' ဒါနဲ့ စကားမစပ် ငါနင်တောင်းထားတဲ့အဖြေ ခုထက်ထိ မပေးရသေးဘူးနော် '

 ' ဘာ...ဘာပြောတယ်...'

 ' အဲ့လေ.....မဟုတ်ပါဘူးနင်ငါတောင်းထားတဲ့အဖြေမပေးရသေးဘူးလို့ ဟီးဟီး '
 ' မှားတွားလို့ '


'ဘာကိစ္စငါကနင်တောင်းထားတဲ့အဖြေပေးရမှာလဲ....နင့်လိုအကောင်ရည်းစား

တော်မဲ့အစားခွေးတစ်ကောင်အမြီးဖျက်ပြီးရည်းစားတော်ပစ်လိုက်မယ်...ဟွန်း '

 ' တိန် ' ကျွန်တော်တော်တော်ကျွတ်ကျဲသွားတယ် တွေ့ကြပီပေါ့ဟာ နေနှင့်အုံးပေါ့.....။

 ညနေစောင်းလောက်မှာ ဒိုဗာမင်ကြီးသံကြိုးဆွဲပြီးထွက်လာခဲ့တယ်....။

 ' ဟေ့ကောင် ငပွဲ ခွေးကြီးဆွဲပြီး ဘယ်လဲ ခွေးကျောင်း ထွက်လာတာလား....'

 ဟားဟား...တရားခံတော့တွေ့ပြီ ဒင်းတော့ကံဆိုးတာပဲ ကျော်ဇာနည်ရေ

 ' ဟာ အတော်ပဲ ကျော်ဇာနည် ငါနဲ့ခဏလိုက်ခဲ့ '

 '  ဘယ်...ဘယ်လဲကွမင်းဟာက '

 ' ငါ့ကောင်ကြီးရမ်ဘို ကိုကြင်ယာဘက်သွားပြမလို့ကွ '

 ' ဟမ်...ဘာတဲ့...ဒီခွေးကြီးကိုကြင်ယာဘက်သွားပြမလို့ ဟုတ်လား ငါတော့
 လိုက်လို့ကိုမမှီတော့ဘူးမင်းဘာတွေဗရုတ်သုတ်ခလုပ်မလို့လဲ ငါသိပ်မသကာင်္ဘူး '

 ' ဟာ...မင်းဘာတွေလျှောက်တွေးနေတာလဲ မင်းထင်သလိုမဟုတ်ပါဘူးဟ
 ဒီစာနဲ့ဒီခွေးကိုခင်ထိပ်ထားကိုပေးခဲ့ရုံပဲ ပြန်လာရင် ဘီယာတိုက်မယ် သယ်ရင်း '

 ' ဒီခွေးနဲ့စာကို ခင်ထိပ်ထားပေးခဲ့ရုံပဲပေါ့ဟုတ်လား ဘာပြဿနာမှမရှိဘူးနော် '

 ' အေးပါကွ ဘာပြဿနာမှမရှိပါဘူး ဒီအချိန်ခင်ထိပ်ထား စာအုပ်အငှားဆိုင်ကို
 ရောက်နေလောက်ပြီကွ...ရော့ သွားပေးလိုက်ပြီးရင်ဗျူးပွိင့်ဘီယာဆိုင်ကငါဆောင့်နေမယ် '

 ' ကျော်ဇာနည်တော့ ခွေးနဲ့စာအိပ်ကိုယူပြီးလစ်ချသွားတယ်..အနောက်ကနေမသိ
မသာလိုက်ချောင်းတာပေါ့...'

စာအုပ်ဆိုင်ရှေ့ရောက်တော့ ခင်ထိပ်ထားကစာအုပ်ရွေးနေတာနဲ့ဒီကောင်ခဏစောင့်နေတယ်
ခဏနေ ခင်ထိပ်ထားထွက်လာတော့မှ.....

 ' ဟေ့ခင်ထိပ်ထား နင့်သူရက ဒီခွေးနဲ့ ဒီစာပေးခိုင်းလိုက်တယ် ရော့ '

 ' ဟင်..ငါက ဒီခွေးနဲ့စာကိုဘာလုပ်ရမှာလဲ '

 ' သိဘူးလေ ငါ့လည်းဘာမှမမှလိုက်ဘူး ပေးပဲပေးခိုင်းလိုက်တာ ငါသွားတော့မယ် '

 ' ခဏနေအုံး ငါစာဖတ်ကြည့်လိုက်အုံးမယ် '


 To = သို့

            ခင်ထိပ်ထား....

       နင်ငါ့ကိုနေ့လည်ကပြောခဲ့တယ်လေ နင့်ကိုရည်းစား တော်မဲ့အစား ခွေးတစ်ကောင်
ကိုပဲအမြီးဖျက်ပြီးရည်းစားတော်ပြစ်လိုက်မယ်ဆို။အဲ့ဒါငါလည်းနင့်အတွက်ကြင်ယာဘက်ကို
ဘယ်လိုရှာပေးရမလဲဆိုပြီးတော့သူငယ်ချင်းကောင်းပီသစွာနဲ့
ငါအမျိုးမျိုးစဉ်းစားလိုက်တော့
နောက်ဆုံးလေသိလားနင်အရမ်းကံကောင်းတာဟ ငါ့ခွေးကြီ ရမ်ဘိုမှာကငယ်ငယ်လေး
ကတည်းက အမြီးဖျက်ထားရတဲ့ ဒိုဗာမင်ခွေးမျိုးဟ ဒါကြောင့်နင့်ဆီငါပို့လိုက်တယ်...။

                                                ထိပ်ထားဝမ်းမြောက်ပါလေတော့.....


           နင့်နဲ့လွဲခဲ့တဲ့ သူရ ။

 စာလည်းဖတ်ပြီးရောခင်ထိပ်ထားမျက်နှာကြီးနီပြီးတော့ ဆွေ့ဆွေ့ ကိုခုန်လို့ ကျော်ဇာနည်
အပေါ်မဲ့ကျပါလေရော...

 ' ဒါနင်တို့တစ်ကြိပ်ထည်း တစ်ဥာဏ်ထဲတွေမဟုတ်လား....နင်တို့ငါ့အကြောင်းသိမယ် '

 ' ဟာ...ငါ ငါ တစ်ကယ်မပါတာပါဟာ....ဘုရားစူး မိုးကြိုးအတောင့်လိုက်ပြစ်ပါ့စေဟာ
 တစ်ကယ်ပြောတာပါ...'

 '  အဲ့ဒါဆိုငါ...ဒီကောင့်အိမ်သွားတိုင်မှာ..ဒင်းတော့သိမယ် ဟွန်း '

 ' ငါ...သွားမယ်နော်..'

 '  နေအုံး...ဒီခွေးကြီးပါ ယူသွား...'

 ' ဟမ်...ဒီခွေးကြီးကို ငါကဘာလုပ်ရမှာလဲဟ '

 ' နင့်ညီမကိုပေးလိုက်ဟေ့...သေနာကျရဲ့ '

 ' ဟိုက်....ငပွဲ...မင်းတော့လားကွာ...ငါအချောင်မဲကျတာ...သေချင်းဆိုး '