မလာခြင်ပါနဲ့လား

မလာခြင်ပါနဲ့လား


နင့်ရဲ့ကမ္ဘာဟာ နက်ပြည်လိုသာ နေလို့ရမယ်ဆိုရင်
ငါ့ကမ္ဘာကို ငရဲပြည်သို့ပို့လိုက်ပါမယ်
နင်ပျံသန်းခြင်းအတွက် တောင်ပံလေးတွေ လိုနေမယ်ဆိုရင်
နင့်အတွက် ငါဟာဖန်ဆင်းရှင် တစ်ယောက်ဖြစ်စေမယ်
ဒါတွေဟာ စိတ်ကူးတွေသာ ဖြစ်နေတော့
ချစ်ခြင်းအားဖြင့် ရေမြေအဆုံးထိတိုင်အောင် လက်လွှတ်ခြင်းသာ
အထီးကျန်ဆန်သော ဘ၀ကိုသာ ပြန်သွားလိုက်ပါမယ်လေ
ပင်လယ်ကြီးထဲမှာ မျှောပါသော ငါ့ဘ၀ထဲကို ရောက်လာခဲ့ပေမယ့်
သဘောင်္လေးတစ်စင်းနားကို ငါနှင့်အတူမျှောစေမယ်
သဘောင်္လေးပေါ်ကိုသာ တက်သွားလိုက်ပါ
ငါရဲ့ဘ၀က ပင်လယ်ကြီးထဲဆက်မျှောနေမယ့်
သစ်တုံးစုတ်လေးတစ်တုံးပါပဲလေ
သံယောဇဉ်လေးတွေ ချန်မထားပဲ
တစ်ချက်လေးသာ ပြုံပြပီးတော့ တက်သွားပါတော့ လားr Post H

No comments: