စွန့်လွှတ်ခြင်းရဲ့ နှလုံးသား


စွန့်လွှတ်ခြင်းရဲ့ နှလုံးသား

အကယ်၍ ငါတို့ နှစ်ယောက်ရဲ့ ကမ္ဘာလေးဟာ
ကောင်းကင် ဘုံလိုသာဖြစ်ခဲ့မယ်ဆိုရင်
ကမ္ဘာမြေအဆုံးထိ လျှောက်လှန်းဖို့
ဝန်မလေးပါ
အကယ်၍ နင်ရဲ့ ကမ္ဘာလေးဟာ
ကောင်းကင် ဘုံလိုသာနေရမယ်ဆိုရင်
ကောင်းကင် ဘုံကနေ လှန်းတဲ့ လက်ကို
ငါကိုယ်တိုင် ကိုင်ပီးတော့ နင့်ရဲ့ လက်လေးကို
ငါကိုတိုင် ထည့်ပေးပါရစေ
တို့ရဲ့ ချစ်ခြင်းဟာ ပိုင်ဆိုင်ခြင်း မဖြစ်စေခြင်ပါ
ပိုင်ဆိုင်ရမည်ဆိုလည်း လက်မလွှတ်ခြင်ပါ
သို့သော် ငရဲကို ခေါ်သွားရမယ့် အချစ်မျိုး
နဲ့ တော့ မချစ်ပါရစေနဲ့ ချစ်သူ
မမေ့နိုင် မမုန်းနိုင် မထားခဲ့နိုင်
ဆိုပေမယ့် လေ
ဆက်လက်ချစ်သွားမှာပါ ဟိုးအဝေး
တစ်နေရာကပေါ့လေ
အချိန်တွေက ဒါဏ်ရာတွေကို ကုစားလိမ့်မယ်
ဆိုတဲ့ ဆိုရိုး ရှိခဲ့ဖူးတာပဲ ချစ်သူ
ခုဆို သုံးနှစ်ပေါ့လေ ကြာခဲ့ပီ
တစ်ဆစ်ဆစ် နာကြင်နေတဲ့
ရက်စက်သော
ငါ့နှလုံးသား နာကြင်ဆဲပါလား
သစ္စမရှိတဲ့ ငါမျက်ရည်လည်း စဉ်းစားမိလိုက်တိုင်း
ကျနေဆဲပါလားနော်
မမြင်စေခြင်သော မျက်ရည်များ
မိုးတွေနဲ့ အတူရှောက်သွားရင်း
မိုးတွေနဲ့ အတူမှော်မှော် ရဲ့မျက်ရေတွေ
သမုဒ္ဒရာအထိတိုင်အောင်
.......မျှောသွားပါစေတော့လား......

No comments: