အင်တာနက်ဆိုတာ

venus: အင်တာနက်နဲ့ပတ်သက်ပြီးသိပ်နားမလည်လို့ပြောပြပေးစေချင်ပါ
မေးတာလေးကိုသိပ်နားမလည်လို့ပါ အင်တာနက်အကြောင်းကိုတော့ သိသလောက်ပြောပြလိုက်မယ်ဗျာ အင်တာနက်မှာ ဘာတွေလုပ်လို့ရတယ်ဆိုတာကို ပြောပြပါမယ် ။ အင်တာနက်ရဲ့စတင်တည်ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ဆင်သွယ်ရေးလွယ်ကူအောင်ဆိုပြီးတော့ တည်ဆောက်ခဲ့ကြပေမယ့် အခုအခါမှာတော့ ဆက်သွယ်ရေးအပြင် နည်းပညာတွေလေ့လာလို့ရပါတယ် အရောင်းအ၀ယ်တွေလည်းလုပ်လို့ရပါတယ် ဒါပေမယ့် ဘဏ်အကောင့်တော့လိုပါတယ် ကြော်ဌာတွေလည်းလုပ်ကြပါတယ် အခြားသော အရာတွေ အများအပြားကိုလည်းလုပ်ကြပါတယ် ။ ဥပမာ ဟင်းချက်နည်းတို့ ကွန်ပျူတာနည်းပညာတို့ လက်သမားပညာတို့ အစားစားပေါ့ဗျာ ။ ကိုယ်လိုခြင်တဲ့အပိုင်းလေးကို လေ့လာလို့ရပါတယ် ။ တစ်ချို့က အင်တာနက်ဆိုတာ ကွန်ပျူတာနဲ့ပဲ ဆိုင်တယ်လို့ထင်ကြပါတယ် တကယ်တော့မဟုတ်ပါဘူး ကွန်ပျူတာနဲ့အသုံးပြုရတယ်ဆိုပေမယ့် အခြားနည်းပညာတွေလည်း အများအပြားရှိပါတယ် ။ လက်ရှိမှာ လူတိုင်းတက်ခြင်နေတဲ့ ကိုရီးယား ဘာသာစကားကိုလည်း လေ့လာလို့ရပါတယ် ကိုစိတ်ဝင်စားတဲ့ အပိုင်းကို search engine မှာရိုက်ရှာလို့ရပါတယ် Search engine တွေအများအပြားရှိပါတယ် ခေတ်စားနေတဲ့တစ်ခုကတော့ Google Search Engine ဖြစ်ပါတယ် သူကတော့ မြန်မာနိုင်ငံမှာတော်တော်လေးကို နာမည်ရနေပါတယ် တခြားဟာတွေကိုတော့ ပြောပြတော့ပါဘူး ဘာလို့လည်းဆိုတော့ အဲ့တစ်ခုထဲနဲ့လုံလောက်နေပါပီ ကိုလိုခြင်တဲ့အရာ ကိုယ်ဖြစ်ပျက်နေတဲ့ပြသနာတွေကို English လိုရိုက်ထည့်ပြီးတော့ ရှာကြည့်လိုက်လို့ရပါတယ် တစ်ခုရေးပြမယ်ဗျာ www.google.com ကို ဖွင့်လိုက်ဗျာ အလယ်တည့်တည့်မှာ Search Engine ကိုတွေ့ရပါလိမ့်မယ် အဲ့ဒီမှာ how to make a cake ဆိုပြီးတော့ ရိုက်ထည့်ကြည့်လိုက်ပါ ကိတ်မုန့်လုပ်နည်းတွေကို လင့်နဲ့အများကြီး ချပေးလာပါလိမ့်မယ် အဲ့ဒီထဲကကိုယ်ကြိုက်တဲ့လင့်တစ်ခုကို ဖွင့်ကြည့်လိုက်ဗျာ ကိတ်မုန့်လုပ်နည်းတွေအများကြီးကျလာပါလိမ့်မယ် လင့်တစ်ခုမဟုတ်ရင် လင့်နောက်တစ်ခုကို ပြောင်းဖွင့်ကြည့်လိုက်ပေါ့ဗျာ ဒီလောက်ဆိုရင် အင်တာနက်ဆိုတာ ဘာလည်းဆိုတာကို နားလည်မယ်ထင်ပါတယ်ဗျာ အဆင်ပြေပါစေဗျာ ။
လေးစားစွာဖြင့်
7magic

Memory Stick Lock


Software လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော် တော်တော်လေးမိုက်တယ်ဗျ ကျွန်တော် ရှာနေတာတော်တော်ကြာပါပီ ဘာလုပ်တဲ့ Software လည်းဆိုတော့ lock လုပ်တဲ့ Software လေးပါပဲ ကိုယ်ပိုင် Memory Stick တွေကို Lock ချထားလို့ရပါတယ် တစ်ချို့ Lock ချလို့ Software တွေအများကြီးရှိပါတယ် ဒါပေမယ့် ကိုယ့်ကွန်ပျူတာမှာပဲ ရတာလေ ဒါပေမယ့် တခြားကွန်ပျူတာနားလည်းရောက်သွားရောအကုန်ပွင့်နေရောလေ ဒီ Lock လေးကတော့အဆင်ပြေတယ်ဗျ အဲ့လိုမဖြစ်ဘူး ကြိုက်တဲ့ကွန်ပျူတာမှာ သွားထိုးလိုက်ပါ Lock လေးကတော့ပါသွားမှာပါ Password ကိုမေ့သွားရင်တော့ ကျွန်တော်မပါဘူးနော် Download လုပ်လို့ရပါတယ် Key လေးပါ ပါပါတယ် ကျွန်တော် တော်တော်များများကို အဆင်ပြေစေခြင်လွန်းလို့ Google Docs ကနေပဲတင်ပေးလိုက်ပါတယ် ။အဆင်ပြေကြပါစေဗျာ ။

WindowXPတင်နည်း

Window XP တင်တော့မယ်ဆိုရင် အရင်ဆုံး Window XP ခွေတစ်ခွေကိုလိုပါမယ် အခုတင်ပြထားတာကတော့ WindowXP SP2 ဖြစ်ပါတယ် တစ်ချို့ ပြန်ပြုပြင်ထားတဲ့ Window XP ခွေတွေရှိပါတယ် ဒါပေမယ့် error အရမ်းများပါတယ် သုံးဖို့အားမပေးပါဘူး အဲ့ခွေတွေဆိုရင်တော့ အရမ်းအဆင်ပြေပါတယ် တင်နည်းတွေကလည်း အခုတင်ပြတာနဲ့ သိပ်တော့မတူနိုင်ပါဘူး ကွဲလွဲတာတွေရှိမှာပါ အရင်ဆုံးလုပ်ရမှာက window မတက်ခင် Boot Order ကိုအရင်ပြောင်းရပါမယ်
1-ကွန်ပျူတာကို window မတက်ခင် del ကိုနှိပ်လိုက်ပါ (မှတ်ချက်=တစ်ချို့ကွန်ပျူတာတွေမှာ F2 , F12 တွေဖြစ်နိုင်ပါတယ် စာလေးကိုပဲသေခြာမှတ်ထားလိုက်ပါ=Press DEL to enter SETUP အိုက်စာလေးပေါ့ဗျာ DEL နေရာမှာ သူပြတဲ့ ကီးလေးကို နှိပ်ရမှာပါ F2 ဖြစ်ရင်လည်းဖြစ်မယ် F12 ဖြစ်ရင်လည်းဖြစ်မယ် တခြား ဟာတွေလည်းဖြစ်ရင်ဖြစ်မယ်ဗျာ)

2-ဒီလိုပုံလေးထွက်လာပါလိမ့်မယ် တခြားပုံလေးလည်းဖြစ်ရင်ဖြစ်မှာပါ တစ်ခုပဲ မှတ်ထားလိုက်ပါ Screen ပြာပြာကြီးတက်လာမယ်ဆိုတာတော့ သေခြာပါတယ်


















3-အဲ့ထဲက Boot ဆိုတဲ့ စာလုံးလေးကိုရှာလိုက်ပါ ပီးတော့ အဲ့ Boot နားကိုရောက်အောင်သွားလိုက်ပါ (မှတ်ချက်-Mouse ကိုအသုံးပြုလို့မရပါ Arrow Key နဲ့ပဲ အသုံးပြုရမှာဖြစ်ပါတယ်)Boot Devices တွေကိုတွေ့ရမှာပါ ထိပ်ဆုံးကတော့ window စတက်မယ့်နေရာကို ပြောတာပါ အကယ်၍ ထိပ်ဆုံးတစ်ခုမှ window boot file ကိုမတွေ့ရင် ဒုတိယတစ်ခုကို အော်တိုပြောင်းသွားပါတယ်


















4-First Boot Drvice ကို CD Room ကိုရွှေးပေးလိုက်ပါမယ် ဘာကြောင့်လည်းဆိုတော့ Window တင်မှာဖြစ်လို့ပါ


















5-ပီးရင် ပုံမှာပြထားတဲ့အတိုင်း Exit အောက်သုံးသွားလိုက်ပါ


















6-Exit Saving Changes ကိုရွှေးပေးလိုက်ပါ။yes ကိုနှိပ်ပေးလိုက်ပါ ပီးတာနဲ့ ကွန်ပျူတာ အစကနေ ပြန်ပွင့်လာပါလိမ့်မယ် restart ကျသွားတာပါ နည်းနည်းလေးစောင့်လိုက်ပါ-


















Window XP တင်ရန် အမှန်မကန်စတင်ပါပီဗျာ
1-ပီးရင် ပုံမှာအတိုင်း Press any key to boot from CD ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အစက်ကလေး ငါးစပ်မပြည့်ခင်မှာ ကြိုက်တဲ့ကီး တစ်ခုခုကို သာနှိပ်ချလိုက်ပါ ကျွန်တော် နှိပ်နေကျကတော့ Space Bar ပဲဖြစ်ပါတယ်

2-နည်းနည်းလေးစောင့်ပီးတော့ အောက်ပါပုံအတိုင်းတွေ့မြင်ရမှာပါ Enter ကိုနှိပ်လိုက်ပါ Window အသစ်တင်မယ်ဆိုရင် အကယ်၍ Window ကို Repare လုပ်မယ်ဆိုရင် တော့ R ကိုနှိပ်လိုက်ပါ

3-နည်းနည်းလေးတော့ထပ်စောင့်ရပါလိမ့်မယ် ပီးရင်ပုံပါအတိုင်းပွင့်လာပါလိမ့်မယ် အခုလုပ်ပြထားတာက Hardisk အသစ်ဖြစ်နေလို့ Partation C: D: အဲ့ဒါတွေမပေါ်တာပါ Hardisk အဟောင်းကို Window တင်ရင်တော့ ပေါ်ပါတယ် အဲ့ဆိုရင် တော C: ကိုရွှေးပီးတော့ Enter နှိပ်လိုက်တာနဲ့ရပါတယ် အခုက Partation မရှိသေးတဲ့အတွက် C ကိုနှိပ်လိုက်ပါတယ်


















4-ပီးတော့ F8 ကိုနှိပ်လိုက်ပါတယ်


















5-Partation ကို Format ပြန်ရိုက်မှာပါ အဲ့ဒါကို Format the partition using the NTFS file system ကိုပဲရွှေးပေးလိုက်ပါ ပီးတော့ Enter ကိုသာနှိပ်လိုက်ပါ (မှတ်ချက်-တခြားဟာကိုရွှေးရင်လည်းရပါတယ် ဒါပေမယ့် ကွန်ပျူတာအတွက် သိပ်မကောင်းပါဘူး နောက်ပိုင်း အရမ်းပြသနာတွေတက်ပါလိမ့်မယ် )


















6-အေးအေးဆေးဆေး ကော်ဖီသောက်ပီးတော့သာထိုင်စောင့်လိုက်ပါ ။ ပီးတာနဲ့ ကွန်ပျူတာ ကြီး restart ပြန်ကျသွားပါလိမ့်မယ် ထိုင်သာကြည့်နေလိုက်ပါ

7-ကွန်ပျူတာပြန်တက်လာပါလိမ့်မယ် Window file တွေကို အော်တို Install ထပ်လုပ်နေပါလိမ့်မယ် ထိုင်သာကြည့်နေလိုက်ပါ ဘာမှမလုပ်ပါနဲ့ ပီရင်အောက်ကပုံလေးပွင့်လာပါလိမ့်မယ် Next ကိုသာနှိပ်လိုက်ပါ























8-ပီးတော့ window ကီးတွေတောင်းပါလိမ့်မယ် ခွေဝယ်ကတည်းကပါလာပါလိမ့်မယ် ပြန်လည်ပြုပြင်ထားတဲ့ Window တွေကတော့ ဒီအဆင့်ပေါ်လာမှာမဟုတ်ပဲ ကျော်သွားပါလိမ့်မယ် အခုထည့်ပြထားတဲ့ ကီးတွေကတော့ တကယ်တမ်းထည့်ကြည့်ရင် အလုပ်လုပ်မှာမဟုတ်ဘူးနော် ရှောက်ရေးထားတာဗျ























9-Name ကိုဖြည့်ပေးလိုက်ပါ Organization ကိုလည်းဖြည့်ပေးလိုက်ပါ ဖြည့်ခြင်တာဖြည့်လို့ရပါတယ် Next ကိုနှိပ်လိုက်ပါ (Computer Information မှာသာတွေ့ရမှာပါ ဒီနာမည်တွေကို)























10-Computer name တဲ့ဖြည့်ပေးလိုက်ပါ အောက်က Password တွေကတော့ ဖြည့်လည်းရပါတယ် မဖြည့်လည်းရပါတယ် အကယ်၍ဖြည့်ထားမယ်ဆိုရင်တော့ ကွန်ပျူတာပွင့်လာတိုင်း Password တောင်းနေပါလိမ့်မယ် Password ကိုဖြည့်ပေးလိုက်မှကွန်ပျူတာပွင့်လာတာကိုတွေ့ရပါလိမ့်မယ် Next ကိုနှိပ်လိုက်ပါ























11-ဒါကတော့ အချိန်ကိုပြုပြင်တာပါ ကိုယ်နေတဲ့နှိင်ငံပေါ့ ပီးတော့ Time Zone ကို မြန်မာနိုင်ငံဆိုရင် Rangon ကိုရှာပီးတော့ရွှေးပေးလိုက်ပါ Next ကိုနှိပ်ပါ























12-Typical settings ကိုရွှေးပေးလိုက်ပါ ပီးတော့ Next ကိုနှိပ်ပါ (မှတ်ချက်-Custom settings ကိုရွှေးမယ်ဆိုရင်တော့ ဥပမာ-Window Media Player တို့ Internet Explorer တို့ကိုဖြုတ်ပီးစိတ်ကြိုက်တင်လို့ရပါတယ် အဓိကကတော့ Window ခွေနဲ့ အတူပါလာတဲ့ဖိုင်တွေကို မသွင်းပဲဖြုတ်ထားလို့ရပါတယ်)ပီးရင် Next ကိုနှိပ်လိုက်ပါ

13-အောက်ကဘောက်လေးပွင့်လာပါက OK ကိုသာနှိပ်လိုက်ပါ









14-ဒီအောက်က Box လေးကတော့ Net Work အတွက်ဖြစ်ပါတယ် တော်တော်များများကတော့ WORKGROUP ကိုပဲသုံးတာများပါတယ် ဒါပေမယ့် နက်ဆိုင်တွေမှာတော့ ဥပမာဆိုင်နာမည်က ၁၂၃ ထားလိုက်ဗျာ အဲ့ဆိုရင် ၁၂၃ လို့ထည့်တက်ကြပါတယ်























15-OK ကိုသာနှိပ်လိုက်ပါ











16-ဟောဒီ ဘောက်လေးပွင့်လာပါလိမ့်မယ် Next ကိုသာနှိပ်လိုက်ပါ






















17-ဒါလေးကတော့ တောာ်တော်များများကတော့ Not right now ကိုရွှေးထားတာများပါတယ် အသုံးပြုခြင်ရင်လည်းရပါတယ် နောက်ပိုင်း Window ကို Update တွေလုပ်ခိုင်းလာပါလိမ့်မယ် တစ်ခုခုကိုရွှေးပီးတော့ Next ကိုနှိပ်လိုက်ပါ






















18-ပီးတော့ Skip ကိုနှိပ်လိုက်ပါ






















19-Next ကိုနှိပ်လိုက်ပါ






















20-အကယ်၍ တစ်ခါတည်းနက်ချိတ်မယ်ဆိုရင်တော့ Yes ကိုရွှေးလိုက်ပါ နက်မချိတ်ဘူးဆိုရင်တော့ No ကိုပဲရွှေးပေးလိုက်ပါ ပီးတော့ next ကိုနှိပ်လိုက်ပါ






















21-ဒါကတော့ Window ကို တစ်ခါတည်း register လုပ်တာပါ မလုပ်ခြင်ရင်တော့ no ပေါ့ လုပ်မယ်ဆိုရင်တော့ Yes ပေါ့ဗျာ ဒါပေမယ့် မလုပ်တာကောင်းပါတယ် Next ကိုနှိပ်လိုက်ပါ






















22-အပေါ်မှာ no ကိုရွှေးထားမယ်ဆိုရင်တော့ ဒီဘောက်လေးက ကျလာမှာမဟုတ်ပါဘူး register လုပ်ဖို့တောင်းလာတာပါ လုပ်မယ်ဆိုရင်တော့ လိုအပ်တာတွေကို ဖြည့်ပေးလိုက်ပေါ့ဗျာ






















23-ဒါလေးကတော့ နာမည်တွေကိုထည့်ရမှာပါ ထိပ်ဆုံးတစ်ခုကိုထည့်ရင်ရပါပီ ပီးတော့ next ကိုနှိပ်လိုက်ပါ (အခြားနာမည်တွေက ဥပမာ ကွန်ပျူတာကို သုံးယောက်သုံးမယ်ထားဗျာ အဲ့ဆို ကွန်ပျူတာပွင့်လာတဲ့အချိန်မှာ ကိုယ့်နာမည်နဲ့ကိုယ် ကိုယ့် password နဲ့ကိုယ် အသုံးပြုလို့ရအောင်စီစဉ်ထားပေးတာပါ ကောင်းတာတစ်ခုက လူတစ်ယောက်ရဲ့Data ကို တစ်ယောက်က ကြည့်လို့မရပါဘူး ကွန်ပျူတာ တစ်လုံးထဲကို လေးငါးလုံးပုံစံ ဖြစ်သုံးတာပါ)

24-အားလုံးပီးဆီးသွားပီဖြစ်လို့ finished ကိုသာနှိပ်ချလိုက်ပါ






















နောက်ပိုင်းမှာ Driver သွင်းနည်းတွေရယ် Window တင်ပီးဘာတွေလိုအပ်လည်း ဘယ်လိုသွင်းလည်းဆိုတာကို ဆက်လက်တင်ပေးပါမယ် အဆင်ပြေကြပါစေဗျာ အဆင်မပြေမှုများရှိရင်လည်း ပြောခဲ့လို့ရပါတယ်ဗျာ

GoogleTalk Shortcut

၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _P_ ) ခံပေးပါ ။ P နေရာမှာ ကြိုက်တာရေးလို့ရတယ်နော် ဒါပေမယ့် မြန်မာစာတော့မရဘူးဗျ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။ Ctrl+Tab ဆိုတာက ဗျောင်းပြန်ပြန်တက်သွားအောင်လုပ်တာ ပါစမ်းကြည့်ပေါ့ ချက်နေရင်နဲ့ Mouse ကိုကိုင်စရာမလိုတော့ဘူးပေါ့ဗျာ စတိုင်ကျကျလေးပေါ့ဗျာ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို
လှည့်နိုင်ပါတယ် ။ (ချက်နေရင်းနဲ့ Mouse ကိုမကိုင်ပဲပေါ့ စတိုင်ကျကျ ဖြစ်အောင်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( *a* ) ခံပေးပါ။ a နေရာမှာ ကြိုက်တဲ့စာရေးလို့ရတယ်နော် ဒါပေမယ့် မြန်မာစာမရဘူးဗျ ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767လုံးပဲရိုက်လို့ရတယ်တဲ့ ။
(မစမ်းကြည့်ဖူးဘူးနော် စမ်းခြင်ရင်တော့ စမ်းကြည့်ကြပေါ့ဗျာ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။
၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။

WinPasswordမေ့သွားလား

တစ်ချို့တွေက window ကို Password တွေပေးထားတပ်ပါတယ် တော်တော်များများပါပဲ ဒါပေမယ့် Password ပြောင်းတာတို့ မဖွင့်တာကြာတာတို့ နှင့် အမျှ Password ကိုမေ့သွားတက်ကြပါတယ် Password မေ့သွားလို့ Window ပြန်တင်ရတော့မှာလား အဲ့အဆင့်အထိမရောက်သေးပါဘူး ပြန်ယူလို့ရပါသေးတယ် အရင်ဆုံး ဒီ Software လေးကို Download လုပ်လိုက်နော် ပီးဒါနဲ့ .Zip ဖိုင်လေးတဲ့ တင်ထားပေးပါတယ် ဖြေချလိုက်ပါ ISO ဖိုင်လေးနဲ့ကျလာပါလိမ့်မယ် အဲ့ဖိုင်လေးကို ကို Burning Software (ဥပမာ လူသုံးများတဲ့ Nero Burning )တစ်ခုခုနဲ့ ခွေတစ်ချပ်ဘန်းလိုက်ပါ အဲ့ဒါတွေက တခြား ကွန်ပျူတာမှာလုပ်ရမှာဖြစ်ပါတယ် ပီးတာနဲ့ အဲ့ခွေလေးကို Password မေ့သွားတဲ့ မိမိကွန်ပျူတာမှာ ထည့်လိုက်ပါ အော်window တိုင်းတော့ရမှာမဟုတ်ဘူးနော် (XP, 2003, Vista, 2008) အိုက်ဒါတွေပဲရမှာပါ အကယ်၍ ခွေဖိုးနှမျှောတယ်ဆိုရင်တော့ စတစ်ကနေလုပ်လို့ရပါတယ် နည်းလေးကတော့ အရင်ဆုံး memory stick ကို format ချလိုက်ပါ ပီးတော့ ခုနကကျလာတဲ့ iso ဖိုင်ကို ထပ်ပီးတော့ ဖြေချလိုက်ပါ ပီးတော့ start >> Run မှာ cmd လို့ရိုက်ထည့်လိုက်ပါ ပီးဒါနဲ့ ဥပမာ memory stick က E: လို့ပေါ်နေတယ်ထားဗျာ အိုက်ဆိုရင် cmd ရိုက်ပီးဖွင့်ထားတဲ့ နေရာ screen မဲမဲကီးပေါ့ဗျာ အိုက်နားမှာ e: လို့ရိုက်ထည့်လိုက်ပါ ပီးတာနဲ့
syslinux.exe -ma e: လို့ရိုက်ထည့်လိုက်ပါ e: မှာ ပြင်ဆင်ဖို့လိုပါတယ် အကယ်၍ မိမိ memory stick က F: လို့ပြနေရင် F: လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် ပီးတာနဲ့ memory stick ကို ကွန်ပျူတာမှာတပ်လိုက်ပါ အောက်ကနည်းတွေအတိုင်းစက်လုပ်ကြည့်လိုက်ပါ
ပီးတော့ http://0.tqn.com/d/pcsupport/1/0/I/2/-/-/biospostscreen1.jpg
Window မတက်မီ OS လေးထဲကိုဝင်လိုက်ပါ များသောအားဖြင့်ကတော့ Delete Key ကိုနှိပ်လိုက် တာနဲ့ ၀င်သွားတာများပါတယ် ကွန်ပျူတာအစားစားအလိုက် သူခလုပ်နဲ့သူရှိပါတယ် ပီးတော့ CD Room လေးနဲ့ Boot တက်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်

http://0.tqn.com/d/pcsupport/1/0/L/9/-/-/offline-nt-password-05-upd.jpg


boot: _ ပေါ်လာပါက Enter ကို ခေါက်လိုက်ပါ။အစက်ကလေး ငါးစက်ပြည့်အောင်ပြေမှာဖြစ်ပါတယ် မပြည့်ခင်မှာ Enter ခေါက်ရမှာဖြစ်ပါတယ်

http://0.tqn.com/d/pcsupport/1/0/C/5/-/-/offline-nt-password-06.jpg

Wait for Offline NT Password & Registry Editor to Load
http://0.tqn.com/d/pcsupport/1/0/M/9/-/-/offline-nt-password-07-upd.jpg

Windows ရှိတဲ့ Partition ကို ရွေးပေးရပါမယ်။ Window အများစုမှာတော့ 1 ကိုပဲရွေးရရပါတယ်။ ကျွန်တော်တို့ 1 ကိုပဲ ရွေးပါမယ်။ 1 မရမှ သာလျှင် 2 ကို ရွေးပါ။ ကျွန်တော်တို့ 1 လို့ ရိုက်ပြီင်္း Enter ခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/N/9/-/-/offline-nt-password-08-upd.jpg

Registry လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ်။ Enter သာခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/O/9/-/-/offline-nt-password-09-upd.jpg

ကျွန်တော်တို့က Password reset လုပ်မှာဖြစ်တဲ့အတွက် 1 ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
http://0.tqn.com/d/pcsupport/1/0/P/9/-/-/offline-nt-password-10-upd.jpg

Enter သာခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/Q/9/-/-/offline-nt-password-11-upd.jpg

မိမိ Edit လုပ်လိုတဲ့ Username ကို ရွေးပေးရပါမယ်။ ပြီရင် Enter ခေါက်ပါ။ (ကျွန်တော်ကတော့ Maw အမည်နဲ့ Account ပြုလုပ်ထားတဲ့အတွက် Maw လို့ရေးပြီး Enter ခေါက်လိုက်ပါတယ်။)
http://0.tqn.com/d/pcsupport/1/0/R/9/-/-/offline-nt-password-12-upd.jpg

Password ကို ဖျက်ချင်တယ်ဆိုရင်တော့ 1 လို့ ရိုက်ပြီး Enter ခေါက်ပါ။
Password အသစ်ပြန်ပေးမယ်ဆိုရင်
2 လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒီနေရာမှာ ကျွန်တော်ကတော့ Password ကို ဖျက်မှာဖြစ်တဲ့အတွက်
1 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။

http://0.tqn.com/d/pcsupport/1/0/S/9/-/-/offline-nt-password-13-upd.jpg
Password Cleared ဖြစ်သွားပြီ ဖြစ်တဲ့အတွက် Enter ခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/T/9/-/-/offline-nt-password-14-upd.jpg

Offline NT Password & Registry Editor ကနေ ထွက်ရန်အတွက် q လို့ ရိုက်ပြီး Enter ခေါက်ပါ။

http://0.tqn.com/d/pcsupport/1/0/U/9/-/-/offline-nt-password-15-upd.jpg
y လို့ ရိုက်ပြီး Enter ခေါက်ပါ။
http://0.tqn.com/d/pcsupport/1/0/V/9/-/-/offline-nt-password-16-upd.jpg
Enter ထပ်ခေါက်လိုက်ပါ။
http://0.tqn.com/d/pcsupport/1/0/W/9/-/-/offline-nt-password-17-upd.jpg
အခုဆိုရင် Account ရဲ့ Password ပျက်သွားပါပြီ။ Window ပြန်တက်လာပါက Password မေ့သွားလည်း ပြသာနာမရှိတော့ပါဘူး။
ပီးဆီးသွားပါက ကိုယ့်ဘာသာကိုယ် အကောင့် ကို password ပြန်လုပ်ထားလို့ရပါတယ် အဆင်ပြေကြပါစေဗျာ
တကယ်မေ့သွားမှလုပ်ပါလို့ပြောပါရစေဗျာ ဗဟုသုတတစ်ခုအနေနဲ့ပြောပြတာနော် တကယ်အခတ်အခဲကြုံနေသူများအတွက် ရည်ရွယ်ပါတယ် memory stick မှထည့်ပီးတော့ သူများကွန်ပျူတာတွေကို လိုက်ရှောက်ဖွင့်ဖို့မဟုတ်ပါဘူး finger print တွေကိုတောင်မှဖြတ်ပစ်လို့ရနိုင်ပါတယ် ဒါပေမယ့် မစမ်းဖူးပါဘူး အဆင်ပြေကြပါစေဗျာ

ရုရှားနိုင်ငံသူHacker

ရုရှားနိုင်ငံသူ ခရစ္စတီနာ ဆဗီချင်စကာယာသည် ယခုအခါ ကမ္ဘာပေါ်တွင် ညှို့အားအပြင်းဆုံး Hacker အဖြစ် နာမည်ကြီးလာသည်။ အသက်(၂၂)နှစ်ရှိပြီဖြစ်သော မျက်ဝန်းပြာပြာနှင့် လှပျိုဖြူသည် ရုရှားမှ ဆိုင်ဘာရာဇ၀တ်မှုများနှင့် ဆက်နွယ်နေသော ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံမှ အင်တာနက် သုံးစွဲသူများအား ပေါင်စတာလင် (၆)သန်းမျှ နစ်နာအောင် ပြုလုပ်ခဲ့သူဟု ယူဆရပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် ပေါင်(၂၂)သန်းဖိုးမျှ နစ်နာပျက်စီးမှုများ ဖြစ်ပေါ်စေသည့် အဆင့်မြင့် နည်းပညာများ အသုံးပြုနေသည့် ဆိုင်ဘာရာဇ၀တ်ဂိုဏ်း တစ်ခုနှင့် ဆက်နွယ်နေကြောင်း အမေရိကန် ရဲများက စွပ်စွဲထားသည်။ Zeus Trojanဟု အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုသော အဆိုပါ ဆိုင်ဘာရာဇ၀တ်ဂိုဏ်းသည် ဘဏ်Accountများကို Hackလုပ်ပြီး Account နံပါတ်များ၊ သက်ဆိုင်ရာ Account ပိုင်ရှင်၏ အမည်နှင့် နံပါတ်များကို ခိုးယူခဲ့သလို ဘဏ်Accountအတုများဖြင့်လည်း လှည့်စားမှုများ ပြုလုပ်ခဲ့သည်။

sexiest hacker

နယူးယော့ခ်တွင် ကျောင်းတက်နေသည့် ခရစ္စတီးနားသည် အရှေ့ဥရောပ နိုင်ငံများမှ Hacker (၃၇)ဦး ပါဝင်သော ဂိုဏ်းအနက်မှ အမေရိကန်တွင် ပညာသင်ကြားနေသူ (၄)ဦးတွင် အပါအ၀င်ဟု ယူဆရသည်။ ထိုဂိုဏ်းသည် အမေရိကန်၊ ဗြိတိန်နှင့် ကမ္ဘာအနှံ့သို့ ချိတ်ဆက်ကာ ဘဏ်Accountများအား ခိုးယူခဲ့ခြင်းဖြစ်သည်။ နယူးယော့ခ် တရားရုံးတွင် အမှုရင်ဆိုင်ရမည့် ခရစ္စတီနာသည် သူမ၏ ကျွမ်းကျင်မှုမှ ရရှိသော အမြတ်အစွန်းကို ဂိုဏ်းထံသို့ လွှဲပေးပြီး ရာခိုင်နှုန်းဖြင့် ငွေကြေးရရှိသည်ဟု ယုံကြည်ရသည်။ သူမသည် ယခုအခါ အမေရိကန်သို့ ထိုးဖောက်ဝင်ရောက်ကာ သူလျှိုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အသက်(၂၈)နှစ်အရွယ် ရုရှားသူ အန်နာချပ်မန်းကဲ့သို့ နာမည်ကြီးနေပြီဖြစ်သည်။ အန်နာအား အမေရိကန်က ဇူလိုင်လအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်နှင်ဒဏ် ပေးခဲ့သည်။ ဆိုင်ဘာ ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး မက်ဟန်တန်မှ အစိုးရရှေ့နေ ပရိဘာဟာရာက “ဒီဂျစ်တယ်ခေတ်မှာ ကောင်းကျိုးတွေ အများကြီး ရလာတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုတွေလည်း ကြီးလာတယ်။ ဥပမာ၊ ဘဏ်တစ်ခုကို မျက်နှာဖုံးဝတ်၊ သေနတ်ပြပြီး ဓားပြတိုက်တာတွေထက် နည်းပညာနဲ့ ဓားပြတိုက်လာတာတွေက ပိုဆိုးတယ်”ဟု သုံးသပ်သွားသည်။ ခရစ္စတီနာသည် ဘဏ်ဖောက်ထွင်းမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုများနှင့် စွဲချက်တင်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မ၀ံမရဲခဲ့ပါ

မ၀ံမရဲခဲ့ပါ

ချစ်ခြင်းမေတ္တာ ရာဇ၀င်မှာတွင်ခဲ့ကြတယ်


ရှေးစာဆိုတွေရဲ့ အရေးအသားတွေဒါ
တကယ်တမ်းတော့ ရာဇ၀င်ထဲမှာပ
ယုံတမ်းတစ်ခုလို့သာ မှတ်သားထားလိုက်မိတယ်

..
ဆိမ့်စမ်းရေးတွေနဲ့အတူ မျှောသွားပါတော့လား

ဆက်စပ်နေသော ကော်ကပ်ထားတဲ့ သံယောဇဉ်
မသက်ဆိုင်ခြင်တော့ပါ ရင်ထဲကမြည်ဟိန်းသံ
ထွက်ပေါ်မသွားအောင် ဟန်ရေးပြပြီးတော့ နေလိုက်တော့မယ်

စိတ်ဓာတ်



ရောက်လာပါတယ် တစ်ယောက်

ပြန်ထွက်သွား ပြန်တယ်
ရောက်သွားပါတယ် တစ်ယောက်ဆီ
အသိသလို ရှောင်ထွက်သွားပြန်တယ်
အော် မဟုတ်မှလွဲ ငါ..... လူဟုတ်ပါရဲ့လား
လူအတိုင်းအ၀ိုင်းအတွင်း မနေ့နိုင်တော့ပါလား
ငါ့ကို မတွေ့ချင်သူ များလွန်းတဲ့ဒီလောက
ထွက်ခွာသွားရတော့မည်လော
အင်တာနက်အား တွေ့ရှိခဲ့သည်
အပြင်းပြေ အဖော်ရပီပေါ့လေ ထင်လိုက်ပါတယ်
အထင်အမြင်မလွဲခဲ့ပါ တကယ်မှန်ပါသည်
ဆိုက်တွေပေါ်သို့ ရှောက်ခဲ့ပါသည်
သို့သော် ငါ့အား ဘေးဖယ်ထားတာ
များများပေါ့
ငါလူတွေနှင့်အတူ လှုပ်ရှားသွားလာဖို့
မဖြစ်နိုင်တော့ပါ
စိတ်ဓာတ်မကျရလေအောင်
တောထဲတွင်နေမည်စဉ်းစား မိသည်
တောခေါ်င်း၏ ရန်မကင်းနိုင်ပါ
မော်စကိုသို့ရှောက်သွားနိုင်သည်
လူတွေနဲသော ညသန်းခေါင်ယံ
နက်ပေါ်တက်၍ မှော်ဝင်မြို့သို့သာ......

နှစ်တစ်ထောင်စိတ်ကူး

တို့တတွေ စိုက်ခဲ့တဲ့သစ်ပင်လေးလည်း ကြီးထွားလာပီ
နှစ်တွေကလည်း ကြာခဲ့ပီ
သစ္စာတရာ ဦးထိပ်ထားခဲ့ကြတဲ့ တို့တတွေ
တိုင်တည်ခဲ့ကြတဲ့ ဤသစ်ပင်လေး
ကြီးထွားလာခဲ့ပီလေ
ချစ်သူ မင်းသား ပြန်မလာနိုင်သေးပါ
ချစ်သူ မင်းသမီးလေး စောင့်မျှော်နေဆဲပါလေ
သိနိုင်ပါ့မလား
ဘုရင်စစ်သည် တွေနှင့်အတူပါသွားခဲ့ပါသောသူ
အပြန်စောင့်မျှော်ရတာ မောလှပေါ့လေ
အားလုံးအပြန် သူပြန်မပါလာခဲ့ပါ

နှစ်တွေလည်းကြာခဲပီလေ ကတည့်တွေကိုတည်ကြသူများ
တစ်ယောက်ထွက်ခွာချိန် တစ်ယောက်မသိ
နှစ်ယောက်လုံးသာ ထွက်ခွာသွားပါတော့လည်း
ချစ်သူမင်သမီး ချစ်သက်သေ သစ်ပင်လေးမှာ
မျှော်နေဆဲပါ လေ
ချစ်သူမင်းသား လေးလည်း ချစ်သက်သေ သစ်ပင်လေးသို့
လှန်းလာဆဲပါ
ကံကအချစ်စမ်းတော့ ချစ်သူမင်းသား အပြန်လမ်းလေး
ပျောက်နေပေါ့ကွယ်
ကိုးရာ ကိုးဆယ့် ကိုးနှစ် ကြာခံပီလေ
နှစ်တစ်ထောင်ပြည့် ချစ်သူမင်းသားလေး လေနှင့်အတူ
ချစ်သက်သေ သက်ပင်ပေါ်သို့ ဆင်းတက်လာပေါ့လေ
ချစ်သူမင်းသမီးလေးရဲ့ မျက်ရည် လေးကိုသုတ်ပေးရင်းပေါ့...

မှော်ဝင်မြို့

မှော်ဝင်မြို့လေး


ကောင်းကင်ထက်မှာ တိမ်တွေနဲ့အတူ ပျံဝဲနေသောမြို့
တွေ့မြင်ရမှာ လေပေါ်ကကြိုးတံတားလေး
ကြုံတွေ့ရမှာ တောင်တန်းစိမ်းလေး
ရှု့မောဖွယ်ရာ ရိုးရာ မီးကစားမှု
နားစဉ်ရမှာ ရင်ထဲအထိတိုးဝင်မယ် ရိုးရာသံဇဉ်လေး
သံဇဉ်လေးတွေနဲ့ ပြည့်လျှံနေသော မြို့လေးတစ်မြို့
သင်အမြဲတမ်း သီချင်းလေးတွေ ကြားနေရစေမယ်
သီချင်းလေးတွေနှင့် သင့်အားနေစဉ်ချော့တိတ်နေမယ့်မြို
သင်ရောက်လာတိုင်း ပြန်ခြင်စိတ်ကို ဖြောက်ပစ်စေမယ့်မြို့
အေးမျှနေသေလေပြေလေးက သင့်အားကြိုနေဆိုပါလိမ့်မယ်

မလာခြင်ပါနဲ့လား

မလာခြင်ပါနဲ့လား


နင့်ရဲ့ကမ္ဘာဟာ နက်ပြည်လိုသာ နေလို့ရမယ်ဆိုရင်
ငါ့ကမ္ဘာကို ငရဲပြည်သို့ပို့လိုက်ပါမယ်
နင်ပျံသန်းခြင်းအတွက် တောင်ပံလေးတွေ လိုနေမယ်ဆိုရင်
နင့်အတွက် ငါဟာဖန်ဆင်းရှင် တစ်ယောက်ဖြစ်စေမယ်
ဒါတွေဟာ စိတ်ကူးတွေသာ ဖြစ်နေတော့
ချစ်ခြင်းအားဖြင့် ရေမြေအဆုံးထိတိုင်အောင် လက်လွှတ်ခြင်းသာ
အထီးကျန်ဆန်သော ဘ၀ကိုသာ ပြန်သွားလိုက်ပါမယ်လေ
ပင်လယ်ကြီးထဲမှာ မျှောပါသော ငါ့ဘ၀ထဲကို ရောက်လာခဲ့ပေမယ့်
သဘောင်္လေးတစ်စင်းနားကို ငါနှင့်အတူမျှောစေမယ်
သဘောင်္လေးပေါ်ကိုသာ တက်သွားလိုက်ပါ
ငါရဲ့ဘ၀က ပင်လယ်ကြီးထဲဆက်မျှောနေမယ့်
သစ်တုံးစုတ်လေးတစ်တုံးပါပဲလေ
သံယောဇဉ်လေးတွေ ချန်မထားပဲ
တစ်ချက်လေးသာ ပြုံပြပီးတော့ တက်သွားပါတော့ လားr Post H

စွန့်လွှတ်ခြင်းရဲ့ နှလုံးသား


စွန့်လွှတ်ခြင်းရဲ့ နှလုံးသား

အကယ်၍ ငါတို့ နှစ်ယောက်ရဲ့ ကမ္ဘာလေးဟာ
ကောင်းကင် ဘုံလိုသာဖြစ်ခဲ့မယ်ဆိုရင်
ကမ္ဘာမြေအဆုံးထိ လျှောက်လှန်းဖို့
ဝန်မလေးပါ
အကယ်၍ နင်ရဲ့ ကမ္ဘာလေးဟာ
ကောင်းကင် ဘုံလိုသာနေရမယ်ဆိုရင်
ကောင်းကင် ဘုံကနေ လှန်းတဲ့ လက်ကို
ငါကိုယ်တိုင် ကိုင်ပီးတော့ နင့်ရဲ့ လက်လေးကို
ငါကိုတိုင် ထည့်ပေးပါရစေ
တို့ရဲ့ ချစ်ခြင်းဟာ ပိုင်ဆိုင်ခြင်း မဖြစ်စေခြင်ပါ
ပိုင်ဆိုင်ရမည်ဆိုလည်း လက်မလွှတ်ခြင်ပါ
သို့သော် ငရဲကို ခေါ်သွားရမယ့် အချစ်မျိုး
နဲ့ တော့ မချစ်ပါရစေနဲ့ ချစ်သူ
မမေ့နိုင် မမုန်းနိုင် မထားခဲ့နိုင်
ဆိုပေမယ့် လေ
ဆက်လက်ချစ်သွားမှာပါ ဟိုးအဝေး
တစ်နေရာကပေါ့လေ
အချိန်တွေက ဒါဏ်ရာတွေကို ကုစားလိမ့်မယ်
ဆိုတဲ့ ဆိုရိုး ရှိခဲ့ဖူးတာပဲ ချစ်သူ
ခုဆို သုံးနှစ်ပေါ့လေ ကြာခဲ့ပီ
တစ်ဆစ်ဆစ် နာကြင်နေတဲ့
ရက်စက်သော
ငါ့နှလုံးသား နာကြင်ဆဲပါလား
သစ္စမရှိတဲ့ ငါမျက်ရည်လည်း စဉ်းစားမိလိုက်တိုင်း
ကျနေဆဲပါလားနော်
မမြင်စေခြင်သော မျက်ရည်များ
မိုးတွေနဲ့ အတူရှောက်သွားရင်း
မိုးတွေနဲ့ အတူမှော်မှော် ရဲ့မျက်ရေတွေ
သမုဒ္ဒရာအထိတိုင်အောင်
.......မျှောသွားပါစေတော့လား......

မပြော့ညံပါစေနှင့်

မပြော့ညံပါစေနှင့်


ဒီကမ္ဘာကြီးမှာ ငါတို့တတွေ မကျေနပ်စရာတွေ များနေခဲ့တယ်
အခတ်အခဲတစ်ခုတွေ့လိုက်တာနဲ့ ဘာလို့ရှေ့ဆက်မသွား ခြင်တော့တာလည်း
ဘာကြောင့် သင်ကဒီလောက်ပျော့ညံရတာလည်း
သင်ကြည့်လိုက်ပါ လူတွေအကုန်လုံးက ရုန်းကန်နေကြတယ်
ငါတို့တတွေ သိသင့်ပါတယ် တန်ဖိုးထားခြင်းဟာ ပြည့်စုံခြင်းဆိုတာ
ငိုမနေပါနဲ့ သင်သည် နေအလင်းလောက်မပေးနိုင်ပေမယ့်
ပိုးစုန်းကျူးလေးရဲ့ အလင်းလေးကိုတော့ မရှုံးပါစေနဲ့
စိတ်ကူးယဉ်အိပ်မက် တွေသာပျက်စီး သွားခဲ့လျှင်
လက်လွတ်လိုက်ပါ တခြားတစ်ခုကို
ပြောင်းပီးတော့ လေ့လာကြည့်လိုက်ပါ
နင်ပြောခဲ့ဖူးတာ အိမ်က
နင့်ရဲ့ နန်းတော့ဆိုတာပေါ့ ပြန်ပိးတော့သာသတိရလိုက်ပါ

ကတိသစ္စာ

ကတိသစ္စာ
ရာသီတွေ အလီလီ ပြောင်းနေခဲပီ
မြူနှင်းတွေကြား မိုင်တိုင်တိုင်
မိုးရေတွေကြား ခိုးငိုခဲ့
နေပူကြဲကြဲ မနားတမ်းလှုပ်ရှားနေတဲ့ငါ
ကတိတွေရယ် သစ္စာစကားလေးတွေရယ်
နားထဲမှာ အဆင် စွဲကပ်ရွတ်ဖတ်လို့
စောင့်တည်ခဲ့တဲ့ ငါ့ကတည့်တွေ
ပင်ကူအိမ်တောင် တက်နေသယောင်
အိုဟောင်းနေခဲ့ပီလေ

ခြောင်နှစ်ကြာပြန်စုံမယ်ဆိုတဲ့
နင့်ရဲ့ ကတိသစ္စာ
နှစ်ခြောက်ဆယ်တောင် ကြာခဲ့ပီလေ
နှစ်ခြောက်ရာထိတိုင် ဆက်စောင့်နေမယ့်
ငါ့ရဲ့ ခိုင်မြဲတဲ့ကတိ သစ္စာတွေ
ဟောင်းနွမ်းမသွားစေရအောင်
ဖုံမုန့်တွေ သုတ်နေမြဲပါလေ

အော်ဆယ်ကမ္ဘာခြားနေတဲ့ ငါ့တို့ဘ၀တွေ
ဘယ်ချိန်များနီးစက် နိုင်မှာလည်းနော်
မှော်မှော် နှစ်ခြောက်ရာတိုင်အောင်
စောင့်မျှော်နေမြဲပါနော် ချစ်သူ
နီးစက်ရအောင် လည်းကြိုးစားနေဆဲပဲလေ
တစ်နေ့ တော့.................


ရာသီတွေ အလီလီ ပြောင်းနေခဲပီ
မြူနှင်းတွေကြား မိုင်တိုင်တိုင်
မိုးရေတွေကြား ခိုးငိုခဲ့
နေပူကြဲကြဲ မနားတမ်းလှုပ်ရှားနေတဲ့ငါ
ကတိတွေရယ် သစ္စာစကားလေးတွေရယ်
နားထဲမှာ အဆင် စွဲကပ်ရွတ်ဖတ်လို့
စောင့်တည်ခဲ့တဲ့ ငါ့ကတည့်တွေ
ပင်ကူအိမ်တောင် တက်နေသယောင်
အိုဟောင်းနေခဲ့ပီလေ

ခြောင်နှစ်ကြာပြန်စုံမယ်ဆိုတဲ့
နင့်ရဲ့ ကတိသစ္စာ
နှစ်ခြောက်ဆယ်တောင် ကြာခဲ့ပီလေ
နှစ်ခြောက်ရာထိတိုင် ဆက်စောင့်နေမယ့်
ငါ့ရဲ့ ခိုင်မြဲတဲ့ကတိ သစ္စာတွေ
ဟောင်းနွမ်းမသွားစေရအောင်
ဖုံမုန့်တွေ သုတ်နေမြဲပါလေ

အော်ဆယ်ကမ္ဘာခြားနေတဲ့ ငါ့တို့ဘ၀တွေ
ဘယ်ချိန်များနီးစက် နိုင်မှာလည်းနော်
မှော်မှော် နှစ်ခြောက်ရာတိုင်အောင်
စောင့်မျှော်နေမြဲပါနော် ချစ်သူ
နီးစက်ရအောင် လည်းကြိုးစားနေဆဲပဲလေ
တစ်နေ့ တော့.................

မံမီများ

ရောမခေတ် BC ခေတ်တုန်းကပေါ့ မံမီ (Mummies) တွေကို လူတိုင်းတော့သိကြမှာပါ သူတို့ရဲ့ ဆေးပညာတွေဟာတော်တော် လေးကို မြင့်တယ်လို့ ပြောလို့ရပါတယ် သူတို့တွေဟာ သေသွားတဲ့ အခါမှာ သူတို့ရဲ့ ခန္ဒာကိုယ်ကို မပျက်ဆီးအောင်ထိမ်းသိန်း သောအလေ့အထရှိပါတယ် မံမီတွေက မရှားပါဘူး ဘာကြောင့်လည်းဆိုတော့ မံမီ ပေါင်းခြောက်ဆယ်ကျောက်ကို အမေရိကန် အမျိုးသားပြတိုက်မှာ ပြသထားပါတယ် ကဲမံမီတွေရဲ့ လှို့ဝှက်ချက်ကဘာလည်း သိခြင်ကြလား ပြောပေးလိုက်မယ်နော် ပထမဆုံး သူတို့တွေဟာ သေသွားသူ ရဲ့ ခန္ဓာကိုယ်ထဲက တစ်ချို့ ပျက်ဆီးတက်တဲ့ အရာတွေကို ထုပ်လိုက်တယ် အူတို့ ဦးနှောက်တို့ မျက်လုံးတို့ပေါ့ နှလုံးတစ်ခုကို ပဲချန်ထားတယ်လို့ သိရပါတယ် ပီးတော့ အဲ့ ကလီစာတွေကို Canopic Jars လို့ခေါ်တဲ့ အိုးလို့ပဲပြောရမှာပေါ့နော် အဲ့ထဲမှာ ဆေးရည်စိန်ပီးတော့ သိမ်းပါတယ် အဲ့ Canopic Jars ကအောက်ကပုံတွေပါ


ပီးတော့ သူတို့ ရဲ့ခန္ဓာကိုယ်ကို အကြားကြီး မပုတ်မသိုးအောင် အရင်ဆုံး ဆေးရည်စိမ်လိုက်ပါတယ် အကြာကြီးဆိမ်ထားပါတယ် တစ်လလောက်ပေါ့ ပီးမှ ပတ်တီးကို တစ်ကိုယ်လုံး တင်းတင်းကျက်ကျက် ဆီးလိုက်ပီးတော့ အခေါင်းထဲကို ထည့်လိုက်တာပေါ့ အကုန်ပီးဆီးပြီဆိုမှ မြုတ်တယ်လေ Tomb လို့ခေါ်တဲ့ သချိုင်း မှာ သူမာန်လူတွေကို ထားပါတယ် Pyramid ပိရမစ်မှာတော့ မင်းမျိုးမင်းနွယ်တွေရယ် ဘုရင်တွေကို ပဲထားပါတယ် ဒါပေမယ့် သူတို့ရဲ့ ဆေးရည်ဖော်စက်နည်းကို ခုထိ လေ့လာဆဲပါပဲ မှော်မှော်တော့မဟုတ်ပါဘူး သိပ္ပံပညာရှင်တွေပါ မှော်မှော် စာမေးပွဲဖြေရတော့မှာဖြစ်လို့ နောက်ပိုစ့်တွေကို တင်နိုင်မျာမဟုတ်သေးပါဘူး အခုတင်လိုက်တဲ့ပိုစ့်လေးကလည်း မှော်မှော် သင်ရတဲ့ စာထဲမှာပါလာတာပါ