Gmail Recover လုပ်ထားပါ
ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ အဲ့ဒါကြောင့်အရင်ဆုံးကာကွယ်နည်းကို ပြေပြပါမယ် အခြားမေးတွေ အကောင့်တွေမှာလည်း Recover ဆိုတာရှိကြပါတယ် သူ့နည်းနဲ့သူပေါ့ Gmail Recover လုပ်နည်းသုံးနည်းကိုပြောပြပါမယ် အဲ့ဒါတွေက တကယ်တမ်းတော့ အကောင့်စလုပ်ကတည်းကလုပ်ထားရမှာပါ ဒါပေမယ့် အကောင့်ရှိပီးသားသူတွေအတွက် အရင်ရေးပေးပါမယ် ဘာကြောင့်လည်းဆိုတော့ အကောင့်အသစ်လုပ်ရန်အလွန်ခတ်ခဲသွားပီဖြစ်သောကြောင့်ဖြစ်သည်
Gmail Recover လုပ်နည်း
အခြား Gmail အကောင့်နှင့် Recover လုပ်တာဖြစ်ပါတယ် ဒါပေမယ့် အကောင့်နှစ်ခုရှိတဲ့သူများအတွက်ပိုအဆင်ပြေပါတယ် ဘာကြောင့်လည်းဆိုတော့ လူ့စိတ်ကမျောက်စိတ်လိုပဲလေ သူများအကောင့်ကို Recover ပေးထားမိရင် ဖြတ်လိုက်ပါ အဲ့ Recover ပေးခံထားရတဲ့အကောင့်ပိုင်ရှင်က သူငယ်ချင်းတို့အကောင့်ကို အချိန်မရွှေး တစ်ရေးနိုးထပီးတော့ Password ကိုပြောင်းပစ်လို့ရပါတယ် အကောင့်နှစ်ခုပိုင်ထားသူများကတော့ အကောင့်အချင်းချင်း Recover ပေးထားလို့ရပါတယ် အဲ့ဒါအဆင်ပြေတာပေါ့ Gmail ကိုအရင်ဖွင့်လိုက်ပါ ပီးရင် Setting >> Accounts and Import >> Google Account Settings ကိုနှိပ်လိုက်ပါ အဲ့ဆို အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါသည်
အရင်ပိုစ့်ကအတိုင်း Recover လုပ်ပီးပါက ပြန်ယူလို့ရပါတယ်
ပြန်ယူမယ်ဆိုရင် အရင်ဆုံး Gmail Signin လုပ်မယ့်နေရာကို
သွားလိုက်ပါ ပိးတော့ Signin ၀င်မယ့်အောက်နားလေးမှာ
Can't access your account? ဆိုတာလေးကိုနှိပ်လိုက်ပါ
အဲ့နားရောက်ရင် Email address ဆိုတာကို တွေ့ရပါလိမ့်မယ်
သူငယ်ချင်းရဲ့ Gmail address ကိုရိုက်ထည့်လိုက်ပါ ပီးရင်
Submit ကိုနှိပ်လိုက်ပါ
စာလုံးလေးပုံတူရိုက်ခိုင်းတာပေါ်လာပါလိမ့်မယ် ရိုက်ပေးလိုက်ပါ
အဲ့အောက်ရောက်ရင် Email to ******@g*****.com
ဆိုတာက သူငယ်ချင်းရဲ့ password အသစ်ကိုပြောင်းလို့ရမယ့်လင့်ကို Recover
ပေးထားတဲ့မေးထဲသို့ပို့ပေးမှာဖြစ်ပါသည် အဲ့ဒါကို
လစ်ပေးပီးတော့ Continue ကိုနှိပ်လိုက်တာနဲ့ Recover mail
ထဲကိုရောက်သွားပါလိမ့်မယ် ဒုတိယတစ်ကြောင်း Answer your
security question ကတော့ Password ကို အရင်ပေးထားတဲ့
Security Quertion နဲ့အသစ်ကိုပြောင်းတာဖြစ်ပါတယ်
ကလစ်လေးပေးပီးတော့ Continue ကိုနှိပ်လိုကတာနှင့်
အဖြေထည့်ပေးရမယ့် Box လေးကျလာပါလိမ့်မယ်
ထည့်ပေးပီးတော့ Continue နှိပ်လိုက်တာနဲ့ Password
အသစ်ကိုပြောင်းလို့ရမှာဖြစ်ပါတယ်
တတိယတစ်ကြောင်း အလွန်အရေးကြီးပါသည် သူရဲ့ လုပ်နိုင်စွမ်းရည်တော်တော်မြင့်ပါသည် အဆုံးအထိတော့ဖတ်လိုက်ပါ လို့မှော်မှော်ပြောပါရစေ I no
longer have access to these ဆိုတာလေးကို
ကလစ်လေးပေးပီးတော့ Conitinue ကိုနှိပ်လိုက်ပါ အောက်မှာပြထားတဲ့ Box လေးတစ်ခုကျလာပါလိမ့်မည်
ဒါဟာနောက်ဆုံးမျှော်လင့်ချက်ပါပဲ
အပေါ်နည်းတွေမအောင်မြင်ခဲ့ဘူး ဆိုရင် ဒီနည်းလေးကတော့
အောင်မြင်မှာပါ မအောင်မြင်တော့ သူငယ်ချင်းမေးလေးကို
လွတ်သာလွတ်လိုက်တော့ပေါ့နော် တစ်ခုရှိပါတယ် Disable
ဖြစ်သွားတဲ့မေး တစ်ချို့ကို သည်နည်းလေးနဲ့ယူလို့ရနိုင်ပါတယ် အကယ်၍ မကျလာခဲ့ဘူးဆိုရင်တော့
ဒါလေးက အဲ့ပိုစ်ကို သွားမယ့်လင့်လေးပါ နှိပ်လိုက်ပါ
အဲ့ဒါမှမကျလာသေးဘူးဆိုရင် 24 နာရီစောင့်ရမှာဖြစ်ပါသည် အမှန်တစ်ကယ်က ကထမနည်းကို စမ်းပီးရင် 24 နာရီးစောင့်ပီးမှာ ဒုတိယနည်းကို စမ်းပါ ဒုတိယနည်းနဲ့ တတိယနည်းလည်း 24 နာရီခြားပါ မခြားခဲ့ဘူးဆိုရင် ကံဆိုးရင် တော့ မေးလေးက disable ဖြစ်သွားတက်ပါတယ် အဲ့ဆိုရင်တော့ မေးကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်
ပထမဆုံးက ကိုယ်သူငယ်ချင်းရဲ့မေးတစ်ခုခုကို ခနငှားပီးတော့ An
email adress we can use to contact you*
ဆိုတဲ့အကွက်လေးထဲမှာ ထည့်လိုပ်ပါ အဲ့မေးကို သူက Password
ပြောင်းမယ့် လင့်ကိုပို့ပေးမှာဖြစ်ပါသည် ပီးရင် အောက်နားလေးက
I am unable to reset my password ဆိုတာလေးကို
ကလစ်ပေးလိုက်ပါ ပီးရင်အောက်ကိုဆက်ဆင်းသွားပါ Product
information အောက်နားက Do you use Gmail with this
account?* ဆိုတဲ့နေရာမှာ Yes ကိုရွှေးပေးလိုက်ပါ ပီးရင်
အောက်နားမှာ အကွက်လေးတွေထပ်ထွက်လာပါလိမ့်မယ်
အဲ့နားမှာ ကိုပျောက်သွားတဲ့မေးလိပ်စာကိုထည့်လိုက်ပါ ပီးလျှင် အောက်နားမှာ Do you have a verification code? ဆိုတာလေးပေါ့ အဲ့ဒါကအကောင့်လုပ်ကတည်းက recover mail ပေးပီးတော့ လုပ်ထားမှရပါတယ် အဲ့ကုတ်လေးကို သိရင်တော့ ထည့်ပေးလိုက်ပေါ့ မသိရင်လည်း ထားခဲ့လို့ရပါတယ် ပီးလျှင် Email adresses of up to five frequently emailed contacts: ဆိုတဲ့နေရာမှာ ကိုယ့်အကောင့် လုပ်တုန်းက ထိပ်ဆုံ အပ်တဲ့သူ သို့မဟုတ် ထိပ်ဆုံးမေးပို့ တဲ့သူ တစ်ယောက်ရဲ့ အကောင့်ကို ထည့်ပေးရမှာဖြစ်ပါတယ်
ပီးရင် Other account information ဆိုတာလေးကိုဖြေရပါမယ်
Account creation date* အကောင့် လုပ်ခဲ့တဲ့ လနဲ့နှစ်ကို ထည့်ပေးလိုက်ပါ ပီးရင် Last successful login date ဆိုတာက နောက်ဆုံး ဖွင့်ခဲ့တဲ့နေ့ကို ထည့်ပေးရပါမယ် အတိအကျထည့်ပေးရပါမယ် မသိရင်တော့ ထားခဲ့လိုက်ပါ ပီးရင် password အဟောင်းကို last password you remember* အဲ့အကွက်လေးထဲမှာထည့်ပေးလိုက်ပါ ပီးရင် Submit ကိုနှိပ်လိုက်ပါ နည်းနည်းလေးကြာရင်တော့ သင် ထိပ်ဆုံးမှာထည့်ထားတဲ့မေးထဲကို Password အသစ်ပြောင်းမယ် လင့်လေးရောက်လာပါလိမ့်မယ် အဲ့မှာပြောင်းလိုက်ရင် အဆင်ပြေသွားပါပီ ဒီနည်းလေးက ကိုယ့်အကောင့် အခိုးခံရသူတွေအတွက် လုပ်ရတာအဆင်ပြေပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်ပဲသိနိုင်တဲ့အချက်အလက်တွေပဲဖြစ်လို့ပါ ဒါလေးကိုမှတ်ထားလိုက်ပါ တစ်ချို့တွေက အကောင့်ကို ခိုးပီးတော့ recover mail ပြင်လိုက်မယ် sercurity question တွေပြင်လိုက်မယ်ဆိုရင် တော့ မရတော့ဘူး ဆိုပီးစိတ်ဓာတ်တော့မကျလိုက်ပါနဲ့ ဒီတတိယနည်းကို ကောင်းကောင်း သိထားမယ်ဆိုရင် ကြိုက်တဲ့ ဟက်ကာလာ ကြိုက်တဲ့ ခရပ်ကာလာ ဘာမှကိုကြောက်စရာမလိုဘူး ဘာလို့လည်းဆိုတော့ သူတို့က ဒါတွေကိုမမပြင်နိုင်တာ ပြင်နိုင်တဲ့ ခရပ်ကာဆိုရင်တော့တစ်မျိုးပေါ့လေ ဒါပေမယ့် သူတို့ပြင်သည်ထားအုံး လုပ်လို့ရပါသေးတယ် ပြသနာမရှိပါဘူး Gmail Password မေ့ခြင်းနှင့် အခိုးခံရခြင်း အန္တရာယ်မှ လွတ်ကင်းနိုင်ကြပါစေ လို့ ဆုတောင်းရင်း ... အိပ်ပျော်သွားပါပီ ဟိဟိ
No comments:
Post a Comment